ကမ္ဘာ့ဈေးအကြီးဆုံးဖက်ရှင် Brand တွေအကြောင်း…







Gucci, Chanel, Dior ဆိုတဲ့ ဖက်ရှင်အမှတ်တံဆိပ်တွေကို လူတိုင်းနီးပါးကြားဖူးကြမှာပါ။ ဖက်ရှင်ဈေးကွက်ထဲမှာ လက်ရှိအချိန်အထိအအောင်မြင်ဆုံး Btand တွေပေါ့။ ဒါပေမဲ့ သူတို့တင်မကပါဘူး။ ချမ်းသာပါတယ်ဆိုတဲ့ လူတွေသုံးစွဲနေတဲ့ တခြားသော Brand တွေလည်းရှိနေပါသေးတယ်။ လူတွေက ချမ်းသာလေ တခြားလူတွေနဲ့ မတူကွဲပြားခြားနားတဲ့အရာတွေကိုရှာလေပါဘဲ။ ကိုယ်တောင်တစ်ခါမှမမြင်ဖူးတဲ့ ကမ္ဘာ့ဈေးအကြီးဆုံးဖက်ရှင်တွေပေါ့။ 

Balmain
Balmain Fashion House ကတော့ ပြင်သစ်မှာရှိပါတယ်။ ဒီနာမည်ကြားရခဲလို့ နာမည်ကြီး Brand လို့တောင်ထင်စရာမရှိပါဘူး။ မယ်ရီဘယ်လ်မိန်းက သူ့အမေ ၁၉၂၀ ၀န်းကျင်မှာတည်ထောင်ခဲ့တဲ့ ဖက်ရှင်ဆိုင်လေးကို  တစ်စထက်တစ်ကြီးမားလာအောင်လုပ်ခဲ့သူပါ။ အဲဒီဆိုင်မှာ ဖက်ရှင်နဲ့ပတ်သက်တဲ့ပစ္စည်းမျိုးစုံရနိုင်ပြီး သူတို့ဆိုင်ရဲ့ဈေးအကြီးဆုံးကတော့ မိကျောင်းသားရေနဲ့ပြုလုပ်ထားတဲ့ အမေရိကန်ဒေါ်လာ ၇၄၀၀၀ တန် ဂျာကင်အင်္ကျီဖြစ်ပါတယ်။ 

Salvatore Ferregamo
အနုပညာရှင်တိုင်း Salvatore Ferregamo ရဲ့ဖိနပ်တစ်စုံအနည်းဆုံးထားရှိတတ်ကြပြီး ကော်ဇောနီလျှောက်လမ်းမှာ ဖယ်ရီဂါဆိုရဲ့ ဖန်တီးမှုတစ်ခုတစ်လေမပါရင် အသက်မ၀င်ဘူးလို့တောင် ဆိုကြပါတယ်။ သူတို့ကမာရီလင်မွန်ကနေ လေဒီဂါဂါအထိ နာမည်ကြီးအနုပညာရှင်ပေါင်းများစွာအတွက် ဖိနပ်တွေဖန်တီးပေးနေကြတာပါ။ သစ်သားဖော့ဘူးဆို့တို့လို သဘာဝပစ္စည်းတွေကနေ ဖိနပ်တွေကိုထုတ်လုပ်ပြီး သဘာဝကျတဲ့လက်မှုပညာဖန်တီးမှုကြောင့် နာမည်ကြီးပါတယ်။ 

Vetements
Vetements ကလည်း ဖက်ရှင်ဈေးကွက်ထဲကို အရှိန်အဟုန်ပြင်းပြင်းနဲ့ဝင်ရောက်လာခဲ့သူပါ။  ရီးဟားနား၊ ကင်ခါဒါရပန်ထိုကတောင် ချီးကျူးဂုဏ်ပြုထားပြီး လက်ရှိအချိန်မှာ ကမ္ဘာအနှံ့ကဖက်ရှင်စင်မြင့်တွေမှာတွေ့နေရပါပြီ။ Vetements သူ့ရဲ့ထူးခြားချက်ကတော့ သူတို့က ဂျင်းသားကိုအသုံးများပြီး လမ်းမပေါ်ကအသွင်သဏ္ဍာန်တွေထင်ဟပ်နေစေပါတယ်။

August Fifteenth
August Fifteenth ကတော့ ဒီဇိုင်နာ မာမုရှီအိုတာ တည်ထောင်ခဲ့တဲ့အမေရိကန်ဖက်ရှင်အမှတ်တံဆိပ်ပါ။ သြဂုတ်လ ၁၅ရက်နေ့ကအဖြစ်အပျက်(၂)ခုကိုဘွဲ့ယူပြီး သူမနာမည်ကိုပေးထားခဲ့ခြင်းဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ် Woodstock ဂီတပွဲရဲ့ ပထမဆုံးရက်နဲ့ ၁၉၄၅ ဒုတိယ ကမ္ဘာစစ်နောက်ဆုံးရက်ကို အစွဲပြုပြီး August Fifteenth လို့ပေးထားခြင်းဖြစ်ပါတယ်။

Roberto Cavalli
Roberto Cavalli ကတော့ မက်ဒေါနား၊ ဘွန်ဂျိုမီ၊ ဂျန်နီဖာလိုဖက်စ်တို့အကြိုက် ဖက်ရှင်ဒီဇိုင်နာပါတဲ့။ သူရဲ့ သူများနဲ့မတူထူးခြားတဲ့ဖန်တီးမှုတွေက ကမ္ဘာ့နာမည်အကြီးဆုံး၊ ဈေးအကြီးဆုံးတွေပါပဲ။  သူက ငှက်မွေး၊ ဂျင်းနဲ့ သားရေတွေကိုဖန်တီးတာများပြီး ကမ္ဘာကဒီဇိုင်းပညာရှင်တွေကတောင် သူ့ကိုအောင်မြင်မှုအရဆုံး ဒီဇိုင်နာပညာရှင်တစ်ယောက်အနေနဲ့ သတ်မှတ်ထားကြပါတယ်။

Fendi
၂၀၀၁ ခုနှစ်က ကမ္ဘာအနှံ့ကို Fendi ဆိုတာ မရောက်ခင်ချမ်းသာကြွယ်ဝသူတွေကလွဲပြီး ဒီနာမည်ကို ကြားဖူးချင်မှကြားဖူးကြမှာပါ။ အခုဆိုရင် တစ်နှစ်ကို အမြတ်ငွေပေါင်း အမေရိကန်ဒေါ်လာ တစ်သန်းကျော်ရရှိပိုင်ဆိုင်နေပြီး လက်ကိုင်အိတ်၊ သိုးမွေးတို့နဲ့ပြုလုပ်ထားတဲ့ ၀တ်စုံတွေကြောင့်နာမည်ကြီးလာပါတယ်။ 

Oscar De La Renta
Oscar De La Renta ကလည်း ကမ္ဘာ့ဖက်ရှင်ဈေးကွက်ထဲမှာ အကြီးမားဆုံးနေရာရထားသူတွေထဲကတစ်ယောက်ပါ။ ၁၉၆၀ ခုနှစ်တွေမှာလည်း Fisrt Lady Jacqueline Kannedy ကို အ၀တ်အစားတွေဆင်မြန်းပေးခွင့်ရခဲ့သူပါ။ ဒီ Brand က လူသိပ်ပြီးမသိကြပေမယ့် အထက်တန်းစားလူတွေအတွက်တော့ ပါးစပ်ဖျားကမချကြတဲ့အမှတ်တံဆိပ်တစ်ခုပါ။ 

Vivienne Westwood
အင်္ဂလိပ်လူမျိုးတို့ရဲ့အကြိုက်ဖက်ရှင်ဒီဇိုင်နာပါ။ ပထမဦးဆုံးနာမည်မကြီးသေးတဲ့ The Sex Pistols ရော့ခ်ဂီတအဖွဲ့အတွက်၊ အ၀တ်အစားတွေစီစဉ်ချုပ်ပေးရင်းနာမည်ကြီးလာသူပါ။ အခုအချိန်မှာ သိပ်ပြီးနာမည်မရတော့ပေမယ့် သူ့ရဲ့အ၀တ်အစားတွေကိုမြင်လိုက်တိုင်း Punk-rock အငွေ့အသက်ကိုခံစားနေရဆဲပါ။   

Crystal
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment