ဘယ်ကားမှကိုယ့်သဘောနဲ့ကိုယ်မပြင်ရပါဘူး…










ဘယ်ကားမှကိုယ့်သဘောနဲ့ကိုယ်မပြင်ရပါဘူး… သက်ဆိုင်ရာအလုပ်ရုံကတာဝန်ယူထိမ်းသိမ်းပေးပါတယ်… ကားသုံးစွဲသူအတွက်လည်း ထိန်းသိမ်းမှုကင်းယာဉ်သဘောမျိုးလုပ်ပေးလိုက်ပါတယ်… ဒါကြောင့်မို့ ခုခေတ်ပေါ်ကားဘယ်ကားစီးစီး စနစ်တစ်ကျနဲ့အလုပ်ရုံကောင်းကောင်းမှာသာသွားရောက်စစ်ဆေးပါ… ရေတိုင်ကီရေဖြည့်တာတောင်လွယ်တယ်မထင်နဲ့ Special Service Tool / Device များနဲ့သုံးပြီးဖြည့်မှပိုကောင်းတယ်…

ကမ္ဘာမှာ ကားလောကကိုဦးဆောင်နေသူများမှာ အဖြူကောင် အနီကောင်ဆိုသည့် ဥရောပနဲ့ ဘိလပ်မှ ဆရာများဖြစ်ကြသည်။
လူမျိုးပေါင်းစုံစုဝေးနေသည့် Colourful of Brain ဥာဏ်နီဥာဏ်နက်များကိုပိုင်ဆိုင်ထားသောမူသော အမေရိကန်သည်လည်းထိပ်ပိုင်းမှာရှိနေသည်ကိုလည်းချန်ထားလို့မရပေ။

မြန်မာပြည်က ဂျပန်ပြည်တွင်းသုံးကားအကျလေးများကိုကြိုက်နေကြခြင်းသည် ပေါချောင်ကောင်း ပြင်လို့လွယ်ရောင်းရင်မရှုံးလို့ဖြစ်ပေသည်။ တစ်ကယ်တော့ ဂျပန်ကားများသည် ဥရောပ အမေရိကန် အင်္ဂလန်ကားများကို စုတုပြုထုတ်ထားခြင်းဖြစ်ပေသည်။ ကားအကြောင်းသေချာသိသူဆိုပါက အချို့နိပွန်ကားတွင် အမေရိကန်ဖို့ဒ်ကားစတိုင်ပါလာသည်။ အချို့တွင် ဂျီအမ်စတိုင်ပါလာသည်။ 

နိပွန် သူတို့သည်အစအဆုံးထွင်ဘို့အချိန်မရ နေရမရှိ သူများကောင်းကွက်ကိုယူ ဆိုးကွက်ကိုပယ် လုပ်အားခဈေးပေါတဲ့နေရာမှာသွားထုတ်မယ်ပေါ့။ နှစ်တစ်နှစ်တွင် မာဆေးဒီးစ်ဘင့်ဇင့် ကားမျိုးကို လိုက်တု၏။ နမူနာ နာမည်ကြီးရွှေငါးမတ်တူးနောက်မီးခွက်နဲ့ကားနောက်ပိုင်း နှစ်တစ်နှစ်တွင် ဘီအမ်ဒဗလျူ ဒီဇိုင်းမျိုးဖြစ်လာပြန်သည်။ နမူနာ ဒက်ရှ်ဘုတ်ကွဲတာနာမည်ကြီးတဲ့ မတ်ခ်အိပ်စ်ကားဒီဇိုင်း ဘယ်လိုပဲပြောပြော နိပွန်တို့သည်ကောင်းသထက်ကောင်းအောင်ကြိုးစားကြတဲ့ လုံ့လနဲ့ဝီရီရနဲ့ဇွဲကိုတော့ ဘယ်သူမှမှီအံ့မထင် နိပွန်တို့ကိုယ်တိုင် အင်္ဂလိပ်စာညံ့သော်လည်း ခေတ်ပေါ်နည်းပညာများကိုထဲထဲဝင်ဝင်လေ့လာထားသည်များကိုချီးကျူးရပေမည်။ ဂျပန်လူမျိုးကားစက်ဆရာများကိုယ်တိုင် ဂျပန်မှာသူတို့စိတ်ကြိုက်ဝယ်စီးထားသောကားဓါတ်ပုံများကိုထုတ်ပြသောအခါတွင်လည်း ဂျာမဏီ၊ အီတလီ၊ အင်္ဂလန်ကားများဖြစ်နေသည်ကိုလည်းလေးစားရပြန်သည်။ ကမ္ဘာမှာ နိပွန်တို့သည်တီထွင်မှုကိုဦးစားပေးလေ့မရှိပေ။
ဘာပြုလို့ပြောနိုင်တာလဲဆိုရင် နည်းပညာနယ်ပယ်အသီးသီးကိုတီထွင်မှုနဲ့ပတ်သက်တဲ့ နိုဘယ်ဆုပညာရှင်များတွင် နိပွန်လူမျိုးအတော်နဲခဲ့သည်။ အခြားနိုင်ငံသူနိုင်ငံသားများသာအများအပြားရနေတာကိုတွေ့ရပါသည်။ ဒါကြောင့်မိတ်ဆွေတစ်ယောက်ကို ကျွန်တော်က နိပွန်တွေထွင်တာဆိုလို့ သူ့လက်ကိုဆူးစူးတာကိုထွင်တာပဲမြင်ဘူးတယ်ဆိုပြီးနောက်ခဲ့သေးပါတယ်။ ကောင်းသထက်ကောင်းအောင် ဈေးသက်သာအောင် ဈေးကွက်ကိုမြန်မြန်ရောက်အောင်သာကြိုးစားလေ့ရှိပေသည်။ တီထွင်တယ်ဆိုတာ အချိန်ကုန်တယ်။ လူပမ်းတယ်။ အောင်မြင်ချင်မှအောင်မြင်တတ်တယ်။ ဒါကိုသိထားတဲ့ နိပွန်တို့သည် ပြာပုံကလူးလဲထပြီးသကာလ သူများထွင်ပြီးသားများကိုသာ အမွှမ်းတင်အချောသတ်ဈေးသက်သာပြင်ရလွယ်အောင်သာဦးစားပေးခဲ့ကြသည်ကိုအထင်အရှားတွေ့ရပါသည်။

အရင်ကနဦးက ဂျပန်ပစ္စည်းများသည်အခုကျွန်တော်တို့သုံးနေကြတဲ့ နယ်စပ်လုပ်တရုပ်ပစ္စည်းများလို ပေါချောင်ညံ့များသာဖြစ်ကြပါသည်။ ထိုဘ၀များကိုကျော်ဖြတ်ရင်း အခုဆိုကမ္ဘာမှာပေါချောင်ကောင်းထိပ်တန်းစာရင်းဝင်ဖြစ်သွားကြလေပြီ။ ဒီအကြောင်းလေးတွေကိုတွေးနေရင်းက ဟောခုလာပါပြီ။
ခေတ်ပေါ်ဂျပန်ကားတော်တော်များများမှာ ရေတိုင်ကီဆိုတဲ့ရေဒီရေတာကိုဖုံးတဲ့ ရေတိုင်ကီအဖုံးရှာမရပါ။ ရေလျော့လျှင်ဘယ်လိုသိရမလဲ ရေဖြည့်ချင်ရင်ဘယ်ကိုဖြည့်ရမလဲဟု ခေတ်ပေါ်သထိန်းပေါက်စလေးများ မေးလာကြလို့ ရှိမယ့်နေရာများကိုနမူလေးပြပေးလိုက်ပါတယ်။ သမရိုးကျမြင်​​နေကျ Expansion Tank ဆိုတဲ့ရေပြန်ဘူးကတစ်ဆင့်ပဲထည်ပေးရမှာပါ။
ခုခေတ်ဂျပန်ကျကား၁၀စီးမှာ ၉စီးလောက်ကတော့ မော်ဒယ်အလယ်အလတ်လောက်ရှိကြလို့ သမရိုးကျရေတိုင်ကီအဖုံးပါပါတယ်။ ဘေးမနီးမဝေးမှာလည်းရေပြန်ဗူးလေးပါပါတယ်။ ဓါတ်ဆေးရည်ဆိုတဲ့ Coolant Level အတွင်းရှိနေရတယ်။ လိုအပ်ရင် Never Open When Hot ဆိုတဲ့စာရေးထားတဲ့ရေတိုင်ကီအဖုံးကို အေးနေတဲ့အချိန်မှ သတိနဲ့ဖွင့်ပြီးဖြည့်ရပါတယ်။
ဒါပေမယ့်ဘယ်လိုပဲသတိပေးပေး မလိုအပ်ပဲဖွင့်ကြည့်ကြတော့ အထဲကပရက်ရှာအားပြင်းတဲ့ရေပူတွေကကန်ထွက်လာကြတယ်။ အတိုပြောရရင်လူကိုဘေးဖြစ်စေတယ်။ ဒါကြောင့်မို့ နည်းပညာတိုးတက်လာတာနဲ့အမျှ ဘေးကင်းဖို့ကြံဆောင်လာကြတာလည်းပါတယ်။ ဘယ်ကားမှကိုယ့်သဘောနဲ့ကိုယ်မပြင်ရပါဘူး။ သက်ဆိုင်ရာအလုပ်ရုံကတာဝန်ယူထိမ်းသိမ်းပေးပါတယ်။ ကားသုံးစွဲသူအတွက်လည်း ထိန်းသိမ်းမှုကင်းယာဉ်သဘောမျိုးလုပ်ပေးလိုက်ပါတယ်။ ဒါကြောင့်မို့ ခုခေတ်ပေါ်ကားဘယ်ကားစီးစီး စနစ်တစ်ကျနဲ့အလုပ်ရုံကောင်းကောင်းမှာသာသွားရောက်စစ်ဆေးပါ။ ရေတိုင်ကီရေဖြည့်တာတောင်လွယ်တယ်မထင်နဲ့ Special Service Tool / Device များနဲ့သုံးပြီးဖြည့်မှပိုကောင်းတယ်။ ရေဒီရေတာလိုင်းလေးတွေကသေးသေးပါးပါးလေးနဲ့မို့ အဆင်မပြေရင်လေခိုပြီး ကူးလန့်ကအကုန်မ၀င်တော့လုံလောက်တဲ့အအေးခံရည်မရှိလို့ လမ်းမှာကားကအိုဗါဟိတက်တတ်ပါတယ်။ နောက်ဆုံးအဆုံးသတ်ပြောချင်တာလည်း ခုလိုရေတိုင်ကီကိုလွယ်လွယ်ရှာမတွေ့အောင် ဟိုအောက်မှာထား ဟိုဟာနဲ့ဖုံး ဒီဟာနဲ့ကာပြီး ရေတိုင်ကီအဖုံးတတ်မပေးလိုက်တာလည်း နိပွန်ထွင်တာမဟုတ်ဘူး။ ဥရောပကားများကိုတုထားလိုက်တာပါ။

မယုံရင် တရုပ်ကထုတ်တဲ့ QQ-3 ၀က်ပုလေးတွေကိုသွားကြည့် တရုပ်ကဆို ဥရောပကားကိုလက်ကိုင်ထားထုတ်တာလေ။

ကားမိတ်ဆွေများကိုခင်မင်လျက် 
ကိုသက်
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment