ကမ္ဘာ့ဈေးအကြီးဆုံး Cosmetic တွေဆိုတာ









မိန်းကလေးတိုင်းမိတ်ကပ်ကို မြတ်နိုးကြပါတယ်။ တစ်နေ့တစ်မျိုး မရိုးရအောင်တံဆိပ်မျိုးစုံပေါများ လာတဲ့အချိန်မှာ ယနေ့အချိန်အထိ နာမည်တစ်လုံးနဲ့တည်တည်တံ့တံ့ ရပ်တည်နေတဲ့ Brand တွေရှိပါတယ်။ ဒီပစ္စည်းတွေကတော့ ကမ္ဘာကတောင် ဈေးအကြီးဆုံးအဖြစ်၊ လူတန်းစားတစ်ရပ်အတွက်သာ သီးသန့် ထုတ်လုပ်ထားတာအဖြစ် အသိအမှတ်ပြုကြတဲ့ပစ္စည်းတွေပါ။
Chanel
ကိုကိုရှန်နယ်တည်ထောင်ခဲ့တဲ့ Chanel အမှတ်တံဆိပ် Cosmetic က လက်ရှိအချိန်အထိအရည် အသွေးမြင့်ကုန်ကြမ်းပစ္စည်းတွေကိုသုံးပြီး ဈေးကွက်ထဲရပ်တည်နေတဲ့ အမှတ်တံဆိပ်တစ်ခုပါ။ ကိုကိုရှန် နယ်က သူ့ရဲ့ Chanel No.5 ရေမွှေးကအကောင်းဆုံးဆိုတဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ဖန်တီးထားတာ ဖြစ်တယ်လို့ဆိုပါတယ်။
Oriflame
Oriflame ကို ဆွီဒင်နိုင်ငံသား ဂျိုးနာစ်နဲ့ရောဘတ်ညီအစ်ကိုနှစ်ယောက်က လွန်ခဲ့တဲ့နှစ်ပေါင်း (၄၀)လောက်က တည်ထောင်ခဲ့ပါတယ်။ မိတ်ကပ်ပစ္စည်းတွေထဲမှာ ဈေးအကြီးဆုံးအရည်အသွေးအကောင်း ဆုံးပစ္စည်းတစ်ခုအနေနဲ့ နေရာယူထားပါတယ်။ သူတို့ကသိပ္ပံပညာရှင်ပေါင်း ၁၀၀ ကျော်နဲ့ နေ့စဉ်အရည် အသွေးကိုအကဲဖြတ်နေပြီး ပိုမိုတိုးတက်အောင် ပြောင်းလဲမှုတွေလုပ်ဆောင်နေပါတယ်ဆိုပြီးပြော ထားပါ တယ်။
Smashbox
Smashbox ကတော့ အနုပညာရှင်တွေအကြားနာမည်ကြီး Brand တစ်ခုပါ။ ကြမ်းတမ်းလှတဲ့ နေရောင်၊ မီးအလင်းရောင်တွေအောက်မှာ အသားအရေကို ပြစ်မျိုးမှဲ့မတင် ချောမွေ့သွားစေတဲ့အတွက် မိတ်ကပ်ပညာရှင်တို့ရဲ့ လက်စွဲလည်းဖြစ်ပါတယ်။ ဒိန်းနဲ့ဒေးဗစ် ညီအစ်ကိုနှစ်ယောက်က တည်ထောင်ခဲ့ပြီး အခုဆိုရင်တော့ Smashbox က Estee Laudr ကုမ္ပဏီလက်အောက်မှာ နာမည်တစ်လုံးနဲ့ ရပ်တည် နေပါတယ်။
Artistry
Artistry ကတော့ ကိုရီးယား၊ အီတလီ၊ ဂျပန်၊ ဖင်လန်၊ သြစတြေးလျနိုင်ငံတွေမှာ နာမည်ကြီး အလှကုန်ပါ။ သူကလည်း နာမည်ကြီးမိတ်ကပ်ပညာရှင်တွေရဲ့ လက်စွဲတစ်ခုဖြစ်ပြီး မိတ်ကပ် အမျိုး အစားပေါင်း (၄၀၀)ကျော် ထုတ်လုပ်ရောင်းချပါတယ်။
Elizabeth Arden
Elizabeth Arden က ၁၉၁၀ ၀န်းကျင်လောက်မှာ ပေါ်ပေါက်လာခဲ့ပြီး Red Door လို့လည်း လူသိများပါတယ်။ Elizabeth Arden ပစ္စည်းတွေကြောင့် ပိုင်ရှင်ဖြစ်သူက ကမ္ဘာ့အချမ်းသာ ဆုံးလူများစာရင်းဝင်ခဲ့ပြီး အခုဆိုမိတ်ကပ်နဲ့ Cosmetic မျိုးစုံရောင်းချပါတယ်။ တခြား Brand တွေလိုပဲ မျက်နှာအသားအရေကို ချောမွေ့သွားအောင် စွမ်းဆောင်ပေးနိုင်တဲ့အတွက် မိတ်ကပ်ပညာရှင်တွေ၊ နာမည်ကြီး အနုပညာရှင်တွေရဲ့ လက်စွဲဖြစ်လို့နေပါတယ်။
Est’s Lauder
Est’ee Lauder အမှတ်တံဆိပ်ကိုတော့ ဂျိုးဆက်စ်လော်ဒါနဲ့ သူ့ဇနီးအက်စစတီးလော်ဒါက ၁၉၄၆ မှာ တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ Est’ee ကတော့ ၁၉၇၆ မှာ အမျိုသားတွေအတွက် အသားအရေ ထိန်းပစ္စည်းတွေကိုပထမဦးဆုံး စတင်တည်ထွင်ခဲ့ခြင်းပါပဲ။
MAC
MAC Cosmetics ကို မိတ်ကပ်ပညာရှင်တွေ အတွက်သာရည်ရွယ်ပြီး ထုတ်လုပ်ထားတာဖြစ်ပေ မယ့် အခုဆို တစ်ကမ္ဘာလုံးနီးပါးက သုံးစွဲနေကြပါပြီ။ ကိုဆန်နဲ့ ဖရန့်အန်ဂျလိုက ၁၉၈၄ မှ စတင်တည်ထောင်ခဲ့ ပြီး ၁၉၉၁ ခုနှစ်က New York မှာ ပထမဆုံးဆိုင်ဖွင့်ခဲ့ပါတယ်။ အခုဆိုရင်တော့ MAC က Est’ee လက်အောက်မှာရှိနေပြီး မိတ်ကပ်ပညာရှင်တွေရဲ့လက်စွဲတစ်ခုဖြစ်နေဆဲပါ။
Nu Skin
Nu Skin ကလည်း Network Marketing နဲ့ ကမ္ဘာ့ဈေးကွက်ကိုထိုးဖောက်လာတဲ့ အမှတ် တံဆိပ်တစ်ခုပါ။ Nu Skin ရဲ့ Anti-aging ပစ္စည်းတွေက နာမည်အကြီးဆုံးဖြစ်ပြီး အခုဆိုကမ္ဘာအနှံ့ ရောင်းချရတဲ့ဝင်ငွေက ၂၂၂ သန်းကျော်ရှိနေပါပြီ။

ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment