လူတိုင်းနေ့စဉ်ခေါင်းဖီးကြတယ်။
သွားတိုက်ကြတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်အရေပြားကိုတိုက်ပေးဖို့တော့ မေ့နေကြတယ်။ Dry
Brushing ဆိုတာ ရေမချိုးခင် ဘီးအနုလေးနဲ့ ခန္ဓာကိုယ်အနှံ့ပွတ်တိုက်တာမျိုးကို ဆိုလိုတာပါ။
ခန္ဓာကိုယ်အရေပြားကနေ နှလုံးဆီ၊ ခြေထောက်ဆီကိုတိုက်တာပါ။
သွေးဖြူဆဲလ်လေးတွေအားကောင်းစေတယ်…
သွေးဖြူဆဲလ်လေးတွေက
ခန္ဓာကိုယ်ခုခံအားစနစ်အတွက် အရေးကြီးတဲ့ဏ္ဍကနေပါဝင်နေတာပါ။ဘီးခြောက်လေးနဲ့ခန္ဓာကိုယ်ကိုတိုက်ပေးတဲ့အခါ
သွေးလည်ပတ်မှုကောင်းပြီး သွေးဖြူဆဲလ်လေးတွေကို လှုံ့ဆော်ပေးပါတယ်။
ကြေးချွတ်ပေးတယ်…
ဘီးခြောက်လေးကခန္ဓာကိုယ်အရေပြားဆဲလ်အသေလေးတွေကိုပါ
တစ်ခါတည်းပွတ်တိုက်ပေးရင်း ကြေးချွတ်တဲ့အာနိသင်ကိုပါ ရသွားစေပါတယ်။
အဆီခဲတွေခြေဖျက်ပေးတယ်…
ခန္ဓာကိုယ်အရေပြားကို
အလှပျက်စေတဲ့ အဆီခဲလေးတွေကိုဖယ်ရှားပစ်ဖို့ Dry Brushing က တာဝန်ယူပေးပါလိမ့်မယ်။
စိတ်ဖိစီးမှုသက်သာစေတယ်…
ဖိစီးပြီးညှိုးနွမ်းနေတဲ့စိတ်ကိုသက်သာစေဖို့အကောင်းဆုံးကတော့
dru brushing ပါ။ စိတ်ကိုကြည်လင်ပေါ့ပါးသွားစေပါလိမ့်မယ်။
အသားအရေတောက်ပလာစေတယ်
ခြောက်သွေ့နေတဲ့အရေပြားအဆီအိတ်လေးတွေကို
dty brushing ကလှုံ့ဆော်ပေးပြီး အရေပြားကိုကြည်လင်တောက်ပသွားစေပါတယ်။
ငွေအကုန်အကျသက်သာစေတယ်…
Dry
Brushing ကြောင့် ဈေးကြီးတဲ့ body lotion တွေ၊ shower gel တွေ မလိုတော့ပါဘူး။ အရေပြားကိုလှပစိုပြေစေပါလိမ့်မယ်။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment