Eyeliner သုံးတဲ့အခါ ဒါတွေသတိထားပါ










မိတ်ကပ်လိမ်းတဲ့အခါ အခက်ခဲဆုံးကိုပြောပါဆိုရင် eyeliner သုံးနေတဲ့အချိန်ပါဘဲ။ လက်တည် ငြိမ်နေဖို့ လိုအပ်သလို စိတ်ရှည်ဖို့လည်းလိုအပ်ပါတယ်။ အဲဒီလိုမှမဟုတ်ရင် ကိုယ့်မျက်နှာပေါ်က eyeliner တွေက နေရာပြည့်ရွေ့သွားရုံသာမကပါဘူး။ မျက်နှာတစ်ပြင်လုံးမိတ်ကပ်ပြင်ဆင်ထားတဲ့ အလှကိုပါပျက်သွား စေပါတယ်။ အဲဒါကြောင့် စိတ်အနှောက်အယှက်ဖြစ်ရသလို အချိန်လည်းကုန်စေပါတယ်။ အဲဒီတော့ နပနူငညနမ ဘယ်လိုသုံးကြမလဲ။

မျက်ဝန်းတစ်ခုလုံးလိုင်းဆွဲပါ
မျက်ဝန်းကျဉ်းသူ သေးငယ်သူတွေကတော့ မျက်ဝန်းတစ်ခုလုံးကို လိုင်းဆွဲစရာမလိုပါဘူး။ မျက်ဝန်း အပေါ်ဘက်လိုင်းလေးကိုခပ်ပါးပါးဆွဲပြီး အောက်မျက်ခမ်းကိုခပ်ပါးပါးဆွဲပေးမယ်ဆိုရင် သဘာဝကျကျလှပစေ ပါလိမ့်မယ်။ မျက်ဝန်းတစ်ခုလုံး eyeliner သုံးလိုက်မယ် ဆိုရင်တော့ မျက်ဝန်းကပိုပြီးကျဉ်းမြောင်းသွား သယောင်ဖြစ်စေပါလိမ့်မယ်။ eyeliner အများကြီးသုံးတာကလည်း မျက်ဝန်းကိုသဘာဝမကျစေပါဘူး။

ခဲတံအတုံးမသုံးနဲ့
မျက်ဝန်း eyeliner သုံးတဲ့အခါ ခဲတံအတုံး ဘယ်တော့မှမသုံးမိပါစေနဲ့။ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ မျက်ဝန်းအလှကို တိကျစွာပုံဖော်ပေးနိုင်မယ့် ခဲတံအချွန်ကိုသုံးပါ။ မျက်ဝန်းရဲ့ အတွင်းကိုခပ်ပါးပါးလေးဆွဲပြီး မျက်ဝန်းအပြင်ဘက်ကို ခပ်ထူထူလေးဆွဲပါ။ eyeliner ဆွဲတဲ့အခါကျန်ခဲ့တဲ့ လိုင်းတွေကိုလည်း ညှိပေးဖို့မ မေ့ပါနဲ့။

eyeliner အမျိုးအစားမှားယွင်းစွာအသုံးပြုခြင်း
eyeliner အားလုံးက အတူတူမဟုတ်ဘူး။ အာနိသင်ကွဲပြားသလို ရလဒ်တွေလည်း ကွဲပြားကြပါတယ်။ eyeliner ခဲတံကအလျှင်လိုနေချိန်လိုမျိုးမှာ အသုံပြုဖို့အလွယ်ကူဆုံး ဖြစ်ပါတယ်။ eyeliner ဂျယ်အမျိုး အစားတွေကတော့ မျက်ဝန်းကိုခပ်စိုစိုလေးလှပစေပြီး ညနေခင်းပွဲတက်တွေအတွက် အကောင်းဆုံးပါ။ ကြောင်ပုံသဏ္ဍာန်မျက်ဝန်းလေး ဖန်တီးချင်တယ်ဆိုရင်တော့ eyeliner အရည်ကအဆင်ပြေပါတယ်။ ဒါပေမဲ့ သုံးရတာနည်းနည်း ခက်ခဲကောင်း ခက်ခဲပါလိမ့်မယ်။

အရောင်မျိုးစုံစမ်းသပ်ပါ

eyeliner က အနက်ရောင်၊ အညိုရောင် (၂) မျိုးတည်းရှိတာမဟုတ်ပါဘူး။ အရောင်မျိုးစုံရနိုင်ပါ တယ်။ ကိုယ့်မျက်ဝန်းလေး တောက်ပစွာပေါ်လွင်နေဖို့အတွက် အရောင်မျိုးစုံစမ်းသပ်သုံးစွဲကြည့်ပါ။ အဖြူရောင် eyeliner ကိုလည်း မမေ့ပါနဲ့။ အဖြူရောင် eyeliner လေးကို မျက်ခမ်းအောက်အစပ်အတွင်းမှာ သုံးမယ်ဆိုရင် မျက်ဝန်းကို လင်းလင်းလေးနဲ့ တောက်ပသွားစေပါလိမ့်မယ်။

မျက်ဝန်းအပြင်ထောင့်ကို eyeliner ရည်သုံးပါ

eyeliner အရည်က အလွန်တိကျနက်မောင်တဲ့အသွင်ကို ဆောင်ပါတယ်။ အဲဒါကြောင့် မျက်ဝန်းအ ပေါ်၊ အောက်ထောင့် (၂)ခုစလုံးကို သုံးမယ်ဆိုရင် မျက်ဝန်းကိုပိုပြီးသေး ငယ်သွားသယောင် ထင်စေပါလိမ့် မယ်။ အဲဒါကြောင့် eyeliner အရည်ကို မျက်ဝန်းအပေါ်ထောင့်နေရာလေးတွေမှာ သာသုံးပေးပါ။

မျက်တောင်ကော့ဆေး ဦးစွာသုံးပါ

တကယ်လို့ eyeliner သုံးပြီးမှ မျက်ဝန်းပေါ်က အရေးအကြောင်းတွေ မညီမညာနဲ့ ကြည့်ရဆိုးသွား စေပါလိမ့်မယ်။ မျက်တောင်ကော့ဆေးသုံးပြီးမှ eyeliner သုံးမယ်ဆိုရင်မျက် တောင်ကော့ဆေးသုံးထားလို့ လစ်လပ်နေတဲ့နေရာတွေကိုပါ eyeliner ကဖြည့်ပေးပါလိမ့်မယ်။

နေရာရွေ့သွားတဲ့အခါ
eyeliner သုံးတဲ့အခါကြုံရတဲ့ ပြဿနာတစ်ခုကတော့ အလွယ်တကူ စွန်းပေလွယ်တာပါပဲ။ အဲဒါ ကြောင့်ပထမဦးဆုံး eyeliner မသုံးခင်မှာ မိတ်ကပ်အောက်ခံသုံးပေးပါ။ ပြီးမှ eyeliner သုံးပါ။ Eyeliner သုံးပြီးတဲ့အခါမှာတော့ ပေါင်ဒါ၊ Eyeshadow အဆင့်သင့်အသုံးပြုနိုင်ပါပြီ။

Eyeliner ခဲတံသုံးတဲ့အခါ
eyeliner ခဲတံတွေကတာရှည်မခံပါဘူး။ ခြောက်သွားတဲ့အခါ တစ်ခါတရံမျက်ဝန်းကိုကြည့်ရဆိုး သွားစေပါလိမ့်မယ်။ အဲဒါကြောင့် eyeliner သုံးတော့မယ်ဆိုရင် ခရင်မ်အမျိုးအစား ခဲတံလိုမျိုးရွေးချယ် တတ်ဖို့က အလွန်အရေးကြီးပါတယ်။
ဝဿန်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment