Facebook ကို ဘယ်လိုကိုင်တွယ်မလဲ…










၂၀၀၆ ခုနှစ်မှာ တက္ကသိုလ်ကျောင်းဝန်းတစ်ခုတည်းအတွက် ရည်ရွယ်ပြီးဖွင့်ခဲ့တဲ့ Facebook ဟာ အခုဆိုရင် ကိုးနှစ်အတွင်း ကြီးမားတဲ့အောင်မြင်မှုနဲ့အတူ ပြောင်းလဲမှုတွေကိုလည်း ပြုလုပ်နေပြီဖြစ်ပါတယ်။ မာခ်ဇူကာဘတ်နဲ့ သူ့ရဲ့အင်ဂျင်နီယာတွေက Web နဲ့ Mobile  App ကို အမြဲတိုးတက်အောင်မြင် အောင်ကြံစည်ပြုလုပ်နေတဲ့အတွက် သုံးစွဲသူတွေအနေနဲ့ မသိလိုက်ဘဲ လွတ်သွားတဲ့ Feature တွေလည်းရှိမှာပါ။ ဒါကြောင့် ပိုပြီးကျင်လည်စွာ သုံးစွဲတတ်လာနိုင်ဖို့ အတွက် အကူအညီပေးမယ့် Tips တွေကိုဖော်ပြပေးလိုက်ပါတယ်။

အရေးကြီးတဲ့သူငယ်ချင်းတွေကိုဦးစားပေးသတ်မှတ်ပါ
News Feed ကို စိတ်ကြိုက်ပြုပြင်ခန့်ခွဲတာဟာ Facebook အတွက် အသစ်အဆန်း Feature မဟုတ်ပါဘူး။ ဒါပေမဲ့ မကြာခဏ အသေးစိတ်ပြုပြင်ပေးလေ့ရှိပါတယ်။ ကွန်ပျူတာမှာပဲဖြစ်ဖြစ် Mobile မှာပဲဖြစ်ဖြစ် New Feed Perferences ကိုရွေးချယ်လိုက်ရင် Screen တစ်ခုပေါ်လာမှာဖြစ်ပြီး သင်လက်လွှတ်မခံချင်တဲ့ ပုဂ္ဂိုလ်သို့မဟုတ် အချစ်ဆုံးသူငယ်ချင်းရဲ့ Update တွေကို ဦးစားပေးဖော်ပြအောင်ပြုလုပ်ရွေးချယ်နိုင်တယ်။ ကိုယ်မကြိုက်တဲ့သူတွေကိုလည်း Unfollow လုပ်ထားနိုင်ပါတယ်။ 

New Feed မှတဆင့် နိုတီယူပါ
RSS အသုံးပြုရတာကြိုက်နှစ်သက်တဲ့သူတွေကတော့ သင့်ရဲ့အကြိုက်ဆုံးဝက်ဘ်ဆိုက်တွေကနေ Up To Date Content တွေကို အမြဲလိုက်မှီနေအောင် Facebook ကနေလုပ်ထားနိုင်ပါတယ်။ ဒါ့အပြင် နိုတီကိုလည်းယူထားနိုင်တယ်။ Noti Settting ကို အရင်ပြုပြင်ထားပြီးတဲ့နောက် Facebook ၀က်ဘ်ဆိုက်ရဲ့ Noti Panel အောက်ဘက်မှာ See All ကိုရွေးချယ်ထားနိုင်ပါ တယ်။ 

သံသယဖြစ်စရာ  Activity တွေကိုစစ်ဆေးပါ
သင့်အကောင့်နဲ့ပတ်သက်တဲ့ Activity တွေကို စစ်ဆေးဖို့ရိုးရှင်းတဲ့နည်းလမ်းတစ်ခုကို ကမ်းလှမ်းထားတယ်။ Setting ထဲက Security Page မှာမြင်နိုင်ပါတယ်။ Edit Link ကို ကလစ်နှိပ်ပြီး Where You’re Logged In ကိုဝင်ကြည့်ပြီး ကိုယ်မသိတဲ့နေရာကနေ ကိုယ့်အကောင့်ထဲဝင်ထားလားလို့ စစ်ဆေးနိုင်ပါတယ်။ ကွန်ပျူတာ၊ လက်ပ်တော့နဲ့ စမတ်ဖုန်း မည်သည့် Device ကိုမဆို ပြသသွားမှာပါ။ 

Two-Step Verification အသုံးပြုပါ
အကောင်းဆုံး Security စနစ်အတွက် Two-Step Verfication ကို အသုံးပြုတာ အသင့်တော်ဆုံးပါပဲ။ Facebook သာမက အခြားအလားတူအသုံးပြုတဲ့ဝက်ဘ်ဆိုက်တွေမှာလည်း သူ့ရဲ့လုံခြုံမှုကိုတွေ့ရှိနိုင်မှာပါ။ ဒါဟာတစ်စုံတစ်ယောက်က သင့်ရဲ့အကောင့်ထဲကိုဝင်ရောက်ဖို့ကြိုးစားတော့မယ်ဆိုရင် Username နဲ့ Password ကို ဖော်ထုတ်နိုင်ရုံလောက်နဲ့ မလုံလောက်တော့ဘူးဆိုတဲ့အဓိပ္ပာယ်ပါ။ Facebook ရဲ့ Two-Step ကိုခွင့်ပြုပေးဖို့ဆိုရင် Desktop Mode မှာ Setting> Security ထဲကိုသွားပြီး Loin Approvals ထဲမှာ ရွေးချယ်နိုင်ပါတယ်။ 

အတိတ်ကအမှားများကို ပြင်ဆင်ခြင်း
Facebook ၀က်ဘ်ဆိုက်ဗားရှင်းရဲ့ Activity Log ထဲကိုဝင်လိုက်ရင် ဒီဆိုရှယ် Network ပေါ်မှာ ကိုယ်ပြုမူခဲ့သမျှကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အဆိုပါနေရာမှာပဲ သင့်ရဲ့ Likes များကိုကြည့်ရှုနိုင်သလို Comment နဲ့ ပို့စ်တွေကိုလည်း ပြန်လည်ခန့်ခွဲနိုင်တယ်။ ကိုယ်မကြိုက်တဲ့အရာတွေကိုလည်း အလွယ်တကူပဲ Delete လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် ယခင်က Public လုပ်ခဲ့တာတွေကိုလည်း Privacy ပြန်ပြောင်းလဲနိုင်တယ်။ ဒါ့ကြောင့် အတိတ်ကကိုယ့်ရဲ့သုံးစွဲပုံကိုနောင်တရမယ်ဆိုရင် ဘယ်သူမှမသိအောင် အလွယ်လေးပြုပြင်နိုင်ပါတယ်။ အခုအခါမှာတော့ See Your Memories Today ဆိုတဲ့ Feature အသစ်နဲ့ အရင်နှစ်တွေက ဒီနေ့ဒီရက်မှာ ဘာတွေပြုမူခဲ့တယ်ဆိုတာကိုပါ ပြန်ကြည့်ရှုနိုင်ပါပြီ။ ဒီ Feature ကို နေ့စဉ်နိုတီယူထားလို့တောင်ရပါတယ်။

သင့်ကို Tag နေတာတွေကိုရပ်တန့်နိုင်ခြင်း
တစ်ခါတလေ ကိုယ့်ရဲ့အကောင့်ထဲကလူတစ်ချို့ကမိမိကိုမကြာခဏ Tag လုပ်ပြီး ပို့စ်တွေတင်လို့ အနှောင့်အယှက်ဖြစ်ရတာမျိုး၊ Wall ပေါ်မှာရှုပ်နေတာမျိုးတွေကြုံဖူးမှာပါ။ ဒါဆိုရင် Setting ထဲကိုဝင်ပြီး Timeline and Tagging ကို ကလစ်လိုက်ပါ။ ပြီးရင် Review Post Feature ကို Activate လိုက်ပါ။ ဒါဆိုရင် သင့်သူငယ်ချင်းတွေရဲ့ ပို့စ်တွေမှာ Tag ခံထားရရင် သင့်ရဲ့ခွင့်ပြုချက်ကို အရင်တောင်းတော့မှာဖြစ်ပါတယ်။

မိုဘိုင်းပေါ်မှာ နိုတီဖျောက်ထားနိုင်တယ်
သင့်ရဲ့ဖုန်းက စက္ကန့်ပိုင်းကိုတစ်ခါလောက်ပွင့်လာပြီး နိုတီပေးနေတာကိုမကြိုက်ဘူးဆိုရင် မိုဘိုင်းနဲ့ပတ်သက်တဲ့ နိုတီကိုအလွယ်တကူစီမံခန့်ခွဲနိုင်ပါတယ်။ Android ပဲဖြစ်ဖြစ် iOS ပဲဖြစ်ဖြစ် Setting > Notification ကိုသွားပြီး ဘယ်လို Activity မျိုးကိုပဲ နိုတီပြရမယ်လို့ ဆုံးဖြတ်ထားနိုင်ပါတယ်။ အလိုရှိရင် အားလုံးကိုလည်းတစ်ခါတည်းပိတ်ထားနိုင်တယ်။

ကိုယ့်ရဲ့ပို့စ်တွေကိုမြင်နိုင်စွမ်းကန့်သတ်ပါ
Facebook ပေါ်မှာ တစ်ခုခုတင်တဲ့အချိန်တိုင်းပို့စ်ရဲ့ညာဘက်အပေါ်မှာ မြှားလေးကိုနှိပ်လိုက်ရင် Drop-down box ထဲမှာ Audience Selector ကို မြင်တွေ့ရမှာဖြစ်ပြီး လူတိုင်း ကိုယ့်ရဲ့သူငယ်ချင်းများသာစသဖြင့် ဒီပို့ကိုမြင်နိုင်မယ့်လူတွေကို ကန့်သတ်ထားနိုင်ပါတယ်။ Contact စာရင်းထဲကသူတွေကကို Customize ပြုလုပ်ထားနိုင်ခြင်းလည်းရှိတဲ့အတွက် မြင်နိုင်မယ့်သူတွေကိုရွေးချယ်ထားနိုင်သေးတယ်။

Artice တွေကိုနောက်မှဖတ်ဖို့ save ထားနိုင်တယ်။
သင့်သူငယ်ချင်းတွေတစ်နေ့လုံး Share ထားတဲ့ Link တွေကို အမြဲတမ်းလိုက်ကြည့်နေနိုင်မှာမဟုတ်ဘူး။ ကြိုက်တဲ့ပို့စ်ရဲ့ Drop-Down Menu လေးကို အသုံးပြုပြီး နောက်မှပြန်ဖတ်ဖို့ save ထားနိုင်တယ်။ ဒီ Feature ကိုတော့ မိုဘိုင်းမှာရော ကွန်ပျူတာမှာပါရရှိနိုင်တယ်။ Bookmark လုပ်ထားတာတွေကို Navigation Panel ထဲက Saved Link မှာ အချိန်ရတဲ့အခါ ပြန်ဝင်ရှာပြီဖတ်ရှုနိုင်ပါတယ်။ 

သင်ကွယ်လွန်တဲ့အခါ သင့်အကောင့်
သေခြင်းတရားကနေ ဘယ်သူမှမလွတ်မြောက်နိုင်ပါဘူး။ တကယ်လို့ သင်ကွယ်လွန်ရင် ကိုယ့်ရဲ့အကောင့်ကို ယုံကြည်စိတ်ချသူတွေရဲ့လက်ထဲ အမှတ်တရထားခဲ့ချင်တဲ့အခါ “Legacy Contract” ကို အသုံးပြုနိုင်တယ်။ Settings > Security ဆက်ရှင်ထဲကနေသွားရမှာဖြစ်ပြီး ဆက်ခံမယ့်သူဟာ သင့်ရဲ့ဓာတ်ပုံ၊ Message တွေကို ၀င်ဖတ်နိုင်မှာမဟုတ်ပေမယ့် သင့်အစား Timeline Update ပြုလုပ်နိုင်ပါတယ်။

တကယ်လို့ ဘ၀ပြောင်းသွားတာနဲ့ အကောင့်ကိုပါ Delete လုပ်ခဲ့ချင်ရင်လည်း ရွေးချယ်ပြီး Facebook က ကိုယ့်ရဲ့သူငယ်ချင်းတွေ မိသားစုတွေအလားတူ Report လုပ်ပေးရင် ကိုယ့်ရဲ့အကောင့်ကို “Momorialized” အဖြစ်ပြောင်းလဲပေးသွားမှာပါ။
မင်းသုနောင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape
Share on Google Plus

0 comments:

Post a Comment