ဖက်ရှင်နဲ့ပတ်သက်ရင် ဒီလိုလေးတွေသိသင့်တယ် …









ဖက်ရှင်စိတ်ဝင်စားတဲ့လူတစ်ယောက်က ဖက်ရှင်အကြောင်း တွေကိုပိုပြီးလေ့လာဖြစ်ပါတယ်။ ဒါပေမဲ့ ပြင်သစ်၊ ဟောင်ကောင်၊ လန်ဒန်တို့က နာမည်ကြီးဒီဇိုင်နာတွေရဲ့လက်ရာတွေ၊ နာမည်ကြီးဒီဇိုင်နာတွေ ရဲ့အကြောင်းတွေပေါ့။ တကယ်တော့လျှောက်လမ်းပေါ်က ဖက်ရှင်တွေထက်ပိုပြီး စိတ်ဝင်စားစရာကောင်း တဲ့အကြောင်းအရာတွေရှိနေပါသေးတယ်။ အဲဒါတွေကို လေ့လာကြည့်ရအောင်…။

ဘီကီနီကိုကန့်ကွက်ခဲ့ကြတယ်
ဘီကီနီက အခုချိန်မှသာမော်ဒယ်တွေအားလုံးလိုလိုဝတ်နေကြပေမယ့် စပြီးတီထွင်ခါစမှာ ကမ္ဘာအနှံ့ ကန့်ကွက်မှုတွေဖြစ်ပေါ်လာပါသေးတယ်။ ခန္ဓာကိုယ်အလှကို အဆုံးစွန်ထိဖော်ပြတဲ့ဘီကီနီကို သြစတြေးလျ၊ စပိန်၊ အီတလီ၊ ဘယ်လ်ဂျီယံ နိုင်ငံတွေကကန့်ကွက်ခဲ့ကြပြီး ဘီကီနီဝတ်တာကို အပြစ်တစ်ခုလို့တောင် မှတ်ယူခဲ့ကြပါတယ်။

အ၀တ်အစားကုန်ကျစရိတ်တွေ
သွင်းကုန်၊ ထုတ်ကုန်၊ လုပ်ငန်းတွေပေါများကြွယ်ဝလာတာကို ကျေးဇူးတင်ရပါလိမ့်မယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက အ၀တ်အထည်တွေရဲ့တန်ဖိုးက ယခုအချိန်ထက် ၉ရာခိုင်နှုန်းခန့် ပိုပြီးများပြားနေ ပါတယ်။ 

Pencil စကတ်ကိုတီထွင်ခဲ့သူက
A ပုံစံစကတ်နဲ့ Pencil စကတ်(၂)မျိုးက ၁၉၅၀ ခုနှစ်တွေရဲ့ နာမည်အကြီးဆုံးဖက်ရှင်တစ်မျိုးပါ။ ဒီစကတ်(၂)မျိုးလုံးကိုတီထွင်ခဲ့သူကတော့ ပြင်သစ်ဒီဇိုင်နာ ခရစ္စတင်းဒီးအိုဖြစ်ပါတယ်။

တရုတ်လူမျိုးတို့ရဲ့ဖက်ရှင်
နှစ်ဆယ်ရာစုနှစ်အထိတိုင်အောင် တရုတ်အမျိုးသမီးက သူတို့မွေးဖွားလာတဲ့သမီးတွေရဲ့ခြေထောက်ကို လှပေသေးသွယ်အောင် နှိပ်ပေးလေ့ရှိခဲ့ကြပါတယ်။ ဒါမေပဲ့ ဒီလိုနှိပ်နယ်တာကကလေးတွေကို လမ်းကောင်းကောင်းမလျှောက်နိုင်တော့တဲ့အတွက် တားမြစ်ခဲ့ပါတယ်။ 

အနက်ရောင်ဝတ်ဆင်မှု
အမျိုးသမီးတွေက အနက်ရောင်ကို အသုဘအခမ်းအနားတွေမှာသာ ၀တ်ဆင်ခဲ့ကြဖူးပါတယ်။ ၀ိတိုရိယဘုရင်မကြီးလက်ထက်က  အမျိုးသားသေဆုံးပြီးတဲ့နောက်သူ့ဇနီးဖြစ်သူက အနက်ရောင်ကို နှစ်နှစ်တိတိဝတ်ဆင်ခဲ့ဖူးကြပါတယ်။ အနက်ရောင်မတိုင်ခင်မှာတော့ အဖြူရောင်က အမင်္ဂလာအရောင်ဖြစ်ခဲ့ဖူးပြီး မင်္ဂလာပွဲတွေမှာသုံးစွဲခြင်းမရှိခဲ့ကြပါဘူး။ 

ဘီကီနီဆိုတဲ့နာမည်
ဘီကီနီကိုတီထွင်ခဲ့တဲ့ လူးဝစ္စရီးယာဒ်က ဘီကီနီက ကမ္ဘာကြီးကိုတုန်လှုပ်သွားစေမယ်ဆိုတာသိခဲ့ပါတယ်။ အဲဒါကြောင့် ဘီကီနီ ဆိုတဲ့နာမည်ကို အမေရိကန်လူမျိုးတွေ ပထမဆုံးအက်တမ်ဗုံးတီထွင်ခဲ့တဲ့ ဘီကီနီအက်တိုကျွန်းနာမည်ကို ယူသုံးခဲ့ခြင်းဖြစ်ပါတယ်။ သူ့အတွေးကလည်း မှန်သင့်သလောက်မှန်ခဲ့ပါတယ်။ 

အ၀တ်အစားများရဲ့အရောင်
ဒီနေ့ခေတ်ကာလမှာ လူသားတွေက ဖက်ရှင်ကျဖို့အရောင်၊ ဒီဇိုင်းမျိုးစုံရွေးချယ်ဝတ်ဆင်နေပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတော့ လူတွေရဲ့အဆင့်အတန်းကို  အရောင်နဲ့သတ်မှတ်ခဲ့ဖူးပါတယ်။ မြင့်မြတ်တဲ့မိသားစုအသိုင်းအ၀ိုင်းက အနီရောင်၊ ကုန်သည်လူတန်းစား၊ အထက်တန်းလွှာလူတန်းစားတွေက အစိမ်းရောင်၊ အောင်ခြေလူတန်းစားတွေက အညိုရောင် အသီးသီးသတ်မှတ်ဝတ်ဆင်ခဲ့ကြပါတယ်။ 

မီနီစကတ်နဲ့ ကိုရီးယားလူမျိုး
မီနီစကတ်တွေ ရေပန်းစားချိန်တုန်းက ကိုရီးယားလူမျိုးတစ်ချို့က လူမြင်ကွင်းမှာခြေထောက်ကိုဖော်ပြရတာ မနှစ်မြို့သူတွေရှိခဲ့ကြပါတယ်။ အဲဒါကြောင့် အစိုးရက အမျိုးသမီးတွေရဲ့ စကတ်အရှည်ကိုတိုင်းတာပေးတဲ့ ရဲတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ကြပါသေးတယ်။ သတ်မှတ်ထားတဲ့ အရှည်အောက်ကျော်လွန်သူတွေက ဒဏ်ကြေးဆောင်ရတာမျိုး၊ အချုပ်ကြခံရတာမျိုးတွေအထိရှိခဲ့ပါတယ်။ 

Crystal
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment