လေဆိပ်တွေအဝေးပြေးကားဂိတ်တွေဟာ
တိုးတက်ပြောင်းလဲလာတဲ့လူနေမှုနဲ့အညီ ဖက်ရှင်မြင် ကွင်းတွေဖြစ်လာပါတယ်။ ယခင်ကတော့
ခရီးသွားတဲ့အခါ စွယ်တာလေးတစ်ထည်၊ ဂျင်းဘောင်းဘီရှည်၊ ဖိနပ်ပါးလေးတစ်ရံ၊ ခရီးဆောင်အိတ်လေးနဲ့ဆိုပြီးနေပြီပေါ့။
ဒါပေမဲ့ အခုချိန်မှာ အဲဒီမြင်ကွင်းတွေက အတိတ်မှာကျန်နေခဲ့သလောက်ရှိနေပါပြီ။ မဂ္ဂဇင်း၊
ဂျာနယ်၊ ရုပ်သံမီဒီယာတွေကျယ်ပြန့်လာတဲ့ ဒီလိုအချိန်မှာ သာမန်လူအားလုံးမြင်တဲ့ ခရီးသွားဖက်ရှင်တွေက
အနုပညာရှင်တွေလို လေဆိပ်မှာဒေါက်ဖိနပ် အမြင့်ကြီးစီးထား၊ မျက်မှန်ကြီးတပ်ထားတဲ့ပုံစံမျိုးပေါ့။
သာမန်ခရီးသွားတွေအတွက်
သင့်တော်မှုရှိပါ့မလား။ ခရီးသွားတဲ့အခါဖက်ရှင်ကျကျဘယ်လိုဝတ်ကြမလဲဆိုတာလေ့လာကြည့်ရအောင်
…
ဖိနပ်
ဖိနပ်ရွေးချယ်မှုက
ခရီးတစ်ခုစထွက်တဲ့အခါအရေးကြီးဆုံးပါ။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အလေးချိန်ကို
ခုနကပြောခဲ့သလို မင်းသမီးတွေရဲ့ လေဆိပ်ကဒေါက်ဖိနပ်အမြင့်ကြီးတွေနဲ့ဖက်ရှင်မျိုးပေါ့။
စတိုင်ကျနေ တာတော့မှန်ပါရဲ့။ သူတို့က သူတို့ရဲ့ခရီးဆောင်အိတ်တွေ၊ အသုံးအဆောင်ပစ္စည်းတွေကို
သယ်ပေးမယ့် လူရှိတာကိုး။ ကိုယ်တိုင်ထုပ်ပိုးသယ်သွားရမယ့်သူတွေအတွက်တော့ ဒီလိုဖိနပ်မျိုးတွေ က
စိတ်ကိုမသက် မသာဖြစ်စေမယ့်အပြင် သွားလာရခက်ခဲစေပါလိမ့်မယ်။ အဲဒါကြောင့် အတတ်နိုင်ဆုံးဖိနပ်ပါးလေးတွေ သာရွေးချယ်ဝတ်ဆင်ပါ။
ဖိနပ်ပါးလေးတွေက စီးရတာပေါ့ပါးစေတဲ့အပြင် ခန္ဓာကိုယ်ဟန်ချက်ကိုလည်း ညီညီညွတ်ညွတ်ထိန်းပေးပါလိမ့်မယ်။
ဂျာကင်
ရာသီဥတုက
ပူနေပါစေ၊ အေးနေပါစေ ခန္ဓာကိုယ်နွေးထွေးစေတဲ့ ဂျာကင်တစ်ထည်လောက်တော့ အိတ်ထဲမှာအမြဲဆောင်ထားပါ။
ရာသီဥတုကဘယ်လိုပြောင်းလဲလာမယ်ဆိုတာ ကိုယ်မှမသိနိုင်ဘဲကိုး။ ကားစီးတဲ့အခါ၊ လေယာဉ်စီးတဲ့အခါမျိုးမှာ
ဂျာကင်အင်္ကျီတစ်ထည်လောက်အိတ်ထဲမှာဆောင်ထားတာ ဖက်ရှင်ကျဖို့အပြင် ဖျားနာတာမျိုးကြောင့်
ကျန်းမာရေးအနှောင့်အယှက်ဖြစ်မှာမျိုးလည်း စိတ်မပူရတော့ဘူးပေါ့။
ယောက်ျားလေးဝတ်ဂျင်းဘောင်းဘီ
ခရီးသွားတဲ့အခါမှာတော့
ကိုယ်ဝတ်နေကျအားကစားဘောင်းဘီလိုမျိုးတွေ ခေတ္တဖယ်ထားလိုက်ပါ။ ဒါမျိုးတွေက အသားမှာကပ်နေပြီး
အချိန်ကြာလှုပ်ရှားတဲ့အခါ စိတ်မသက်မသာဖြစ်လာပါလိမ့်မယ်။ ဂျင်းဘောင်းဘီအကျပ်တွေခဏမေ့ထားလိုက်ပါ။
လွတ်လွတ်လပ်လပ်မလှုပ်ရှားနိုင်ဘဲ စိတ်မသက်မသာဖြစ်စေပါလိမ့်မယ်။ အဲဒီတော့ Boyfriend
Jaeans လို့ခေါ်လေ့ရှိကြတဲ့ ယောက်ျားလေးဝတ်ဂျင်းဘောင်းဘီလိုမျိုးဝတ်ကြည့်ပါ။ ပေါ့ပေါ့ပါးပါးနဲ့
လှုပ်ရှားသွားလာရလွယ်ကူစေပြီး
စိတ်သက်သောင့်သက်သာဖြစ်စေပါတယ်။ ဒါတင်မကပါဘူး။ ဒီဂျင်းသားက ၀တ်ဆင်တဲ့အခါပေါ့ပါးနွေးထွေးစေပါတယ်။
ခရီးဆောင်အိတ်
ခရီးဆောင်အိတ်ကိုလည်း
Hand Caarry သယ်တဲ့အခါ တစ်အိတ်ထက်ပိုပြီးမသယ်ဖို့သတိပြုပါ။ ဒါက လေယာဉ်နဲ့ပဲခရီးသွားသွား၊
ကားနဲ့ပဲခရီးသွားသွား လိုက်ကိုလိုက်နာသင့်တဲ့ စည်းကမ်းတစ်ခုဖြစ် ပါတယ်။ Hand Carry တစ်အိတ်ထက်ပိုပြီးသယ်တဲ့အတွက်
တစ်ဘက်လူကိုအနှောင့်အယှက်ဖြစ်စေသလို ကိုယ်တိုင်လည်းမနိုင်ဝန်ထမ်းနေသလိုဖြစ်ပြီး ကို့ယို့ကားယားဖြစ်စေပါတယ်။
မိတ်ကပ်ပြင်တဲ့အခါ
မိတ်ကပ်ပြင်ဆင်မှုကလည်း
ဖက်ရှင်ကျစေတဲ့အစိတ်အပိုင်းတစ်ခုပါ။ ခရီးသွားနေစဉ်မှာ
မိတ်ကပ်၊
Eyeliner, Eyeshadow အပြည့်အစုံကြီး စနစ်တကျလိမ်းနေစရာမလိုပါဘူး။ လေယာဉ်ထဲမှာ၊ ကားထဲမှာရှိတဲ့အသားကိုခြောက်သွေ့စေတဲ့လေထုက
မိတ်ကပ်၊ Eyeliner တွေကို အရောင်ပျက်သွားစေပြီး မျက်နှာကိုကြည့်ရဆိုးသွားစေပါလိမ့်မယ်။
ကားပေါ်၊ လေယာဉ်ပေါ်ကအဆင်းမှာ
ညိုမည်းနေတဲ့
ပန်ဒါမျက်လုံး၊ ပေပွနေတဲ့မိတ်ကပ်၊ နှုတ်းခမ်းဆိုးဆေးနဲ့ ထွက်လာချင်မှာမဟုတ်ပါဘူး။
အဲဒီတော့
နှုတ်ခမ်းခြောက်တာကာကွယ်ဖို့ Lip Balm သုံးတာမျိုး၊ လက်သည်းခြေသည်းလေးတွေမခြောက်စေဖို့
Hand Cream သုံးတာမျိုး မျက်နှာအသားအရေအတွက် Facial Mist သုံးတာမျိုးလောက်သာလုပ်ပေးပါ။
Crystal
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment