နဖူးရဲ့ အရေးအကြောင်းတွေကို ဘယ်လိုဖျောက်ပစ်ကြမလဲ









နဖူးဆိုတာလူတစ်ယောက်ရဲ့ဇရာကို အရင်ဆုံးပြပေးတဲ့နေရာလို့ဆိုနိုင်ပါတယ်။ ဇရာရဲ့လက္ခဏာ အရေးအကြောင်းတွေပေါ့။ အဓိကအားဖြင့်တော့ စိတ်ဖိစီးမှု၊ ပင်ပန်းမှုတွေကြောင့် ပေါ်လာတာပါ။ ဇရာက သဘာဝအတိုင်းဖြစ်လာတဲ့ လက္ခဏာဖြစ်ပေမယ့် လူတိုင်းက ဒီဖြစ်စဉ်ကိုနှေးကွေး စေချင်ကြပါတယ်။ နဖူး ပေါ်က အရေးအကြောင်းတွေကို ဖျောက်ပစ်ချင်ကြပါတယ်။ အဲဒီတော့ ဇရာရဲ့လက္ခဏာတစ်ခု ဖြစ်တဲ့ နဖူးပေါ် က အရေးအကြောင်းတွေကို ဘယ်လိုဖျောက်ပစ်ကြမလဲ။

နေရောင်ကာမျက်မှန်သုံးပါ
နဖူးပေါ်ကအရေးအကြောင်းတွေကို ဖျောက်ပစ်ဖို့ ပထမဆုံးနည်းလမ်းက နေရောင်ကာမျက်မှန်ကို အသုံးပြုဖို့ပါပဲ။ နဖူးပေါ်က အရေးအကြောင်းတွေကို ဖြစ်ပေါ်လာစေတဲ့ ပြဿနာတစ်ခုကတော့ နေထိုးတဲ့အခါ လူအများစုက နဖူး၊ နှာခေါင်း၊ အရေပြားကို ရှုံ့လိုက်တတ်ကြပါတယ်။ အဲဒါကြောင့် အချိန်ကြာလာတဲ့အခါ အရေးအကြောင်းတွေ ထလာရခြင်းဖြစ်ပါတယ်။

နေရောင်ဒဏ်ကာကွယ်ပါ
မျက်လုံးကိုနေရောင်ဒဏ် ကာကွယ်ရုံတင်မကပါဘူး။ အသားအရေကိုလည်း နေရောင်ဒဏ် ကာကွယ် ပေးဖို့လိုပါတယ်။ နေရောင်ခြည်က အရေးအကြောင်းများကိုပိုဖြစ်စေပြီး အမည်းစက်များဖြစ်စေကာ အရွယ် မတိုင်ခင်အိုမင်းရင့်ရော်စေပါတယ်။

နှိပ်နယ်ပေးပါ
နဖူးကအရေးအကြောင်းတွေ ပျောက်ကင်းဖို့ နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ မျက်နှာ ကိုပုံမှန်နှိပ်နယ်ပေးဖို့ပါဘဲ။ တချို့အရေးအကြောင်းတွေက မျက်နှာအရေပြားတစ်ရှုးတွေမှာ သွေးလည်ပတ်မှု မကောင်းလို့ဖြစ်ပေါ်လာရခြင်းဖြစ်ပါတယ်။ အဲဒါကြောင့် မျက်နှာနဲ့လည်ပင်းအရေပြားကို သံလွင်ဆီ၊ အုန်းဆီတို့ လိုမျိုး သဘာဝအဆီတွေနဲ့ ပုံမှန်နှိပ်နယ်ပေးဖို့လိုပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

မျက်နှာကို ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာကလည်း နဖူးပေါ်က အရေးအကြောင်းတွေကို ဖယ်ရှားပေးဖို့ နည်းလမ်းကောင်းတစ်ခုပါ။ ခန္ဓာကိုယ်ကအချိုးညီညီလှပဖို့ လေ့ကျင့်ခန်းပုံမှန်လုပ်ပြီး ထိန်းသိမ်းပေးရသလို မျက်နှာပြင်ကိုလည်း လေ့ကျင့်ခန်းလုပ်ပြီး ထိန်းသိမ်းပေးဖို့လိုပါတယ်။

ဆေးလိပ်သောက်ခြင်းရှောင်ပါ
ဆေးလိပ်သောက်ခြင်းနဲ့ ဆေးလိပ်ငွေ့ရှုခြင်းကလည်း အရေပြားကျုံ့နိုင်ဆန့်နိုင်အားကို အကောက် အကူဖြစ်စေတဲ့ ကိုလာဂျင်ထုတ်လုပ်မှုကို ပျက်စီးစေပြီးလျှင်မြန်စွာ အိုမင်းရင့်ရော်စေပါတယ်။

သဘာဝအဆီအသုံးပြုပါ
အုန်းဆီ၊ သံလွင်ဆီ၊ ထောပတ်သီးအဆီတို့က အသားအရေကို အစိုဓာတ်ဖြည့်ပေးပြီး သဘာဝအတိုင်း ချောမွေ့လှပစေပါတယ်။ နဖူးနဲ့မျက်နှာပေါ်က အရေးအကြောင်းတွေ ပျောက်ကင်းစေဖို့အတွက် အသားအရေ ပိုမိုကောင်းမွန်လာစေဖို့အတွက် ညအိပ်ယာမ၀င်ခင် အဲဒီအဆီတွေကို လိမ်းပြီးနှိပ်နယ်ပေးနိုင်ပါတယ်။

ကြက်ဥအကာသုံးပါ

ကြက်ဥအကာကို မျက်နှာပြင်ပေါ်က အရေပြားအကြောင်းတွေအပေါ် တိုက်ရိုက်သုံးပေးတာကလည်း လျော့တွဲကျနေတဲ့အရေပြားကို တင်းရင်းစေပြီး မျက်နှာအရေပြားကို ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုရင် အသားအရေကို တဖန်ပြန်လည်နုပျိုလာစေပါတယ်။

ပြည့်ဝစွာအိပ်စက်ပါ
ပြည့်ဝစွာအိပ်စက်အနားယူခြင်းကလည်း အရေးအကြောင်းများ ပျောက်ကင်းသက်သာစေဖို့ နည်းလမ်း ကောင်းတစ်ခုဖြစ်ပါတယ်။ တစ်နေ့ကို ၇-၉ နာရီအတွင်း ပုံမှန်အိပ်စက် အနားယူပေးခြင်းက ကျန်းမာရေး ညီညွတ်စေသလို အသားအရေလှပဖို့လည်း အထောက်အကူဖြစ်စေပါလိမ့်မယ်။
ဝဿန်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape




Share on Google Plus

0 comments:

Post a Comment