ပြင်လိုက်မှသစ်သွားမယ့် ပြင်သစ်သူလေးတွေလို ဖြစ်ချင်ရင် …









ပြင်သစ်ဆိုတာနာမည်ကြီးဖက်ရှင်စတိုင်တွေနဲ့ နာမည်ကြီး Skin Care တွေ၊ Cosmetic တွေ ထုတ်လုပ်တဲ့နိုင်ငံ တွေထဲက တစ်ခုအပါအ၀င်ပါ။ ပြင်သစ်မော်ဒယ်တွေကိုကြည့်လိုက်ရင်လည်း အံ့သြစရာကောင်းလောက်အောင် မနာလိုစရာကောင်းလောက်အောင် လှပကြတာကိုမြင်ဖူးကြပြီးသားဖြစ်မှာပါ။ အားလုံးတော့ပြီးပြည့်စုံအောင်လှနေ တာမျိုးမဟုတ်ဘူးပေါ့။ ဒါပေမဲ့ အမျိုးသမီးတွေအနေနဲ့ အတုယူသင့်တဲ့ အလှအပရေးရာနည်းလမ်းလေး တွေရှိပါတယ်။

ရေဓာတ်ပြည့်ဝပါစေ
ပထမဆုံးပြင်သစ်အမျိုးသမီးတွေရဲ့ စိုပြေတဲ့အသားအရေ လျို့ဝှက်ချက်ကတော့ ရေဓာတ်ဖြည့်ပေးဖို့ ပါပဲ။ ခန္ဓာကိုယ်တွင်းကနေ ရေဓာတ်ဖြည့်ပေးတာက ဆံကေသာ၊ အသားအရေလှပစေတာ သိပြီးသားပါ။ ဒါပေမဲ့ လုံလောက်တဲ့ရေပမာဏသောက်သုံးပါရဲ့လား။

အလှအပဆိုတာရိုးရာ
ပြင်သစ်အမျိုးသမီးတွေကို ငယ်စဉ်ကတည်းက အလှအပအတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး အတွက် အမေတွေ၊ အဖွားတွေက သင်ပေးခဲ့တယ်။ အဲဒီတော့ တစ်ကိုယ်ရေသန့်ရှင်းရေးနဲ့ အလှအပကနေ့စဉ် လုပ်ဆောင်မှုတစ်ခုအနေနဲ့ အကျင့်ကောင်းဖြစ်နေတာ အထူးအဆန်းမဟုတ်တော့ပါဘူး။

နည်းလေကောင်းလေ
ပြင်သစ်အမျိုးသမီးတွေလိမ်းတဲ့အခါ ကျင့်သုံးတဲ့နည်းလမ်းကတော့ ''နည်းလေကောင်းလေ'' ပါပဲ။ ပြင်သစ်အမျိုးသမီးတွေက သဘာဝကျကျပြင်ဆင်မှုဆိုတာကို သဘောကျသူတွေပါ။ မျက်တောင်ကော့ဆေးနဲ့ နှုတ်ခမ်းဆိုးဆေးကောင်းကောင်းက သူတို့အတွက်မရှိမဖြစ်ပါပဲ။

အိပ်ယာထဲဝင်တဲ့အခါ
ဘယ်လောက်ပဲမိတ်ကပ်ပါးပါး လိမ်းသည်ဖြစ်စေ သူတို့တွေက အိပ်ရာမ၀င်ခင် မိတ်ကပ်ပျက် အောင် ဖျက်ပြီးမှ အိပ်ရာဝင်လေ့ရှိပါတယ်။ မျက်နှာကို မကြာခဏသစ်လေ့မရှိသလို ဆပ်ပြာမသုံးဘဲ ရေနဲ့မျက်နှာ သစ်တာက အသားအရေခြောက်သွေ့တယ်ဆိုတာ လက်ခံထားကြပါတယ်။

တစ်ပါတ်နှစ်ကြိမ်
ဆံပင်အခြောက်ခံနည်းပြောသလို ခေါင်းလျှော်တာကိုလည်း စနစ်တကျလျှော်ကြပါတယ်။ ဆံသားနဲ့ ဦးရေပြားကိုစိုပြေစေတဲ့ သဘာဝအဆီတွေ မခမ်းသွားစေဖို့ တစ်ပါတ်ကို (၂)ကြိမ်သာခေါင်း လျှော်ကြပါတယ်။

အားကစားရုံမသွားပါ
တခြားယဉ်ကျေးမှုတွေနဲ့မတူတာက ပြင်သစ်လူမျိုးတွေက ကျန်းမာကျစ်လျစ်တဲ့ ကိုယ်ခန္ဓာအသည်း အသန်လိုချင်နေကြတာ မဟုတ်ပါဘူး။ အားကစားရုံသွားရတာကိုတောင် စိတ်ရှုပ်စရာတစ်ခုအနေနဲ့ သတ်မှတ် ထားကြသူတွေပါ။ အဲဒီလိုပြောလို့ အားကစားမလိုက်စားဘူးလို့ မထင်လိုက်ပါနဲ့။ တစ်နေရာက တစ်နေရာ ခြေလျင်သွားတာက သူတို့အတွက် အားကစားတစ်ခုလိုဖြစ်နေကြပါတယ်။

သဘာဝမျက်နှာပေါင်းတင် ခရင်မ်
သဘာဝပစ္စည်းတွေနဲ့ မျက်နှာပေါင်းတင်ကြတာလည်း ပြင်သစ်လူမျိုးတွေရဲ့ အသားအရေလှပမှု လျှို့ဝှက်ချက်တစ်ခုပါ။ ပျားရည်၊ သစ်သီး၊ ကြက်ဥအနှစ်၊ သံလွင်ဆီ၊ ရှာလကာရည်တွေက သူတို့ဆံသားနဲ့ အရေပြားအတွက် သုံးနေကြတဲ့ပစ္စည်းတွေပါပဲ။

အရေးကြီးဆုံးက

ပြင်သစ်လူမျိုးတွေအတွက်ကတော့ ရေမွှေးကအရေးကြီးဆုံးပါပဲ။ မိတ်ကပ်ထက် ရေမွှေးဆွတ်လိုက်ရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသွားတယ်ဆိုပြီး သူတို့ယူဆထားကြပါတယ်။

ဝဿန်

---------------------------------------------
ကျန်းမာလန်းဖြာစေဖို့ ကျန်းသုခ Health Guide ကို ဖတ်ကြပါစို့။



Share on Google Plus

0 comments:

Post a Comment