အဆင့်သတ်မှတ်ချက်
- ၂.၅/၅
သရုပ်ဆောင်များ
ဆစ်ဟတ်မယ်လ်ဟိုထရာ၊
ဂျက်ကွီလင်းဖာနန်ဒက်ဇ်၊ ဒါရှန်ကူးမား
ဒါရိုက်တာ
နီဒီမိုရူ၊
ကရစ်ရှ်မာ
ဘာကောင်းလဲ
ဆစ်ဟတ်မယ်လ်ဟိုထရာနဲ့
ရင်သပ်ရှုမောဖွယ်ကောင်းတဲ့အက်ရှင်ခန်းများ
ဘာဆိုးလဲ
ဇာတ်ညွှန်းအကျိုးအကြောင်းမဆီလျော်ခြင်း၊
ဒုတိယပိုင်းမှာ ဇာတ်လမ်းကရှုပ်ထွေးလွန်းခြင်းနဲ့ စကားပြောမကျေညက်ခြင်း
စောင့်ကြည့်သင့်သလား
ဆစ်ဟတ်မယ်လ်ဟိုထရာရဲ့
ပရိသတ်စစ်စစ်ဆိုရင်တော့ မလွတ်တမ်းစောင့်ကြည့်သင့်ပါတယ်။
ဇာတ်လမ်းအကျဉ်း
ဒီဇာတ်ကားက
လုံးဝအနုသမား ဂါရက်ဗ်(ဆစ်ဟတ်မယ်လ်ဟိုထရာ)နဲ့ အကြမ်းသမား ရီချီ (ဆစ်ဟတ် မယ်လ်ဟိုထရာ)တို့ကို
နှိုင်းယှဉ်ရိုက်ပြထားတာနဲ့ စတင်ပုံဖော်ထားပြီး ဂါရက်ဗ်က နာမည်ကြီးဆော့ဖ်ဝဲ ကုမ္ပဏီရဲ့
ဈေးကွက်မြှင့်တင်ရေးဌာနမှာအလုပ်လုပ်နေတာဖြစ်သလို ရီချီကလည်း အတ္တသိပ်ကြီးတဲ့ ဗိုလ်မှူးကြီး
Man Fridayရဲ့ ဦးဆောင်မှုအောက်က Unit X အဖွဲ့ဝင်တစ်ဦးအဖြစ် မြေအောက်လောက မှာလှုပ်ရှားနေသူပါ။
အဲဒီကာနယ်ကြီးက သူ့အကျိုးအမြတ်အတွက်ဆိုရင် သူ့လူယုံတော်တွေကိုတောင် စတေးဖို့ နှစ်ကြိမ်မတွေးတတ်တဲ့လူစားမျိုးဖြစ်ပြီး
လက်မရွံ့တစ်ဦးအဖြစ်လည်းကျော်ကြားပါတယ်။
ဂါရက်ဗ်ကတော့ အနာဂတ်မှာ အိမ်ကြီးရခိုင်ကြီးနဲ့နေနိုင်ဖို့အိပ်မက်မက်နေတာဖြစ်ပြီး
အထူးသဖြင့် သူ့ကလေးတွေပျော်ရွှင်စွာဆော့ကစားနိုင်ဖို့ ဆန္ဒပြင်းပြနေပါတယ်။ သူဟာ ကောလိပ်ကျောင်းနေဘက်
ကာညာ (ဂျက်ကွီလင်းဖာနန်ဒက်ဇ်)ကို ချစ်မြတ်နိုးနေပေမယ့် ဖွင့်ပြောဖို့တော့ ကြောက်လန့်နေခဲ့ပါတယ်။
တခြားတစ်ဘက်မှာတော့ ထစ်ကနဲဆိုပစ်ချင်ခတ်ချင် လက်ယားနေတဲ့ရီချီဟာ ကာနယ်ကြီး အတွက်နှစ်ပေါင်းများစွာအလုပ်လုပ်ပေးခဲ့ပြီးနောက်
တစ်ချိန်လုံးအကြမ်းဖက်မှုတွေနဲ့ပြည့်နှက်နေ တဲ့ဘ၀ကြီးကနေရုန်းထွက်ပြီး ငြိမ်းချမ်းတဲ့ဘ၀တစ်ခုတည်ဆောက်ဖို့
ဆုံးဖြတ်လိုက်ပါတယ်။
Unit X အဖွဲ့ကနေထွက်တော့မယ်လို့ ကာနယ်ကြီးကိုရီချီအသိပေးချိန်မှာ
ခွင့်ပြုဖို့ အစောပိုင်းက အင်တင်တင်ဖြစ် ခဲ့တဲ့ကာနယ်က ထွက်ခွာခွင့်ပြုလိုက်ပေမယ့် မထွက်ခင်နောက်ဆုံးစမ်းသပ်မှုတစ်ခုလုပ်ဖို့
ညွှန်ကြားခဲ့ပါတယ်။ ကာနယ်ကလည်း အချိန်မဆိုင်းဘဲ သူ့လူတွေကို ရီချီမအောင်မြင်အောင်အမျိုးမျိုးနှောင့်ယှက်ဖို့စေခိုင်းခဲ့ပါတယ်။
ဘ၀ပေးအခြေအနေလုံးဝမတူတဲ့ဂါရက်ဗ်နဲ့ ရီချီတို့ တစ်ယောက်နဲ့တစ်ယောက်သိသွားကြမှာလား၊ ဂါရက်ဗ်
သူ့ရည်မှန်းချက်တွေပြည့်မြောက်သွားမှာလား ရီချီကတေရောကာနယ်ကြီးရဲ့စမ်းသပ်မှုတွေကို ကျော်ဖြတ်နိုင်မလား
ဒါတွေကတော့ ဇာတ်သိမ်းပိုင်းမှာဆက်လက်ရှုစားရမှာပါ။
ဇာတ်ညွှန်းကို လေ့လာခြင်း
ဘောလိဝုဒ်မှာ
စရိုက်နှစ်မျိုးနဲ့ နှစ်ကိုယ်ခွဲသရုပ်ဆောင်မှုတွေက အထူးအဆန်းမဟုတ်တော့ပေမယ့် A
Gentleman ဇာတ်ကားကတော့ အဲဒီကားမျိုးတွေနဲ့ အနည်းငယ်ကွဲပြားခြားနားပါတယ်။ နောက်ပိုင်းမှာ
အကြမ်းအတမ်းအက်ရှင်တွေအတွက် နည်းပညာအသုံးပြုမှုပိုကောင်းလာပြီး နှစ်ကိုယ်ကွဲဇာတ်ကောင်တွေက
ထုံးစံအတိုင်း အတော်လေးကွာခြားပါတယ်။
ကြယ်ပွင့်တွေရဲ့ စွမ်းဆောင်ရည်
ဒီဇာတ်ကားက
ယောက်ျားပီသပြီးစွဲမက်ဖွယ်ကောင်းတဲ့ မယ်လ်ဟိုထရာအပေါ် အလွန်အမင်းမှီခိုထားပြီး သူကလည်း
ဇာတ်ကောင်နှစ်နေရာမှာ အပိုအလိုမရှိသရုပ်ဆောင်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် အကြည့်တွေကအစ
တစ်ယောက်နဲ့တစ်ယောက် အတော်လေးကွာခြားပြီး အ၀တ်အစားတွေရော အသေးစိတ်စီစဉ်ခဲ့ပုံရပါတယ်။
ဒါပေမဲ့ ဖာနန်ဒက်ဇ်ကတော့ ဒီဇာတ်ကားထဲမှာလုပ်ကွက်သိပ်မရခဲ့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့တုတ်ထောက်ခုန်အကက ဒီဇာတ်ကားရဲ့လူပြောများတဲ့အကြောင်းအရာအဖြစ် လူသိများနေပြီးသူ့အနေနဲ့သူ့ရဲ့ကျွမ်းကျင်မှုတွေနဲ့အတူ
အကောင်းဆုံးသရုပ်ဆောင်နိုင်ဖို့ကြိုးစားခဲ့ပေမယ့် တချို့အခန်းတွေမှာတော့ လိုအပ်ချက်တွေရှိခဲ့ပါတယ်။
ဇွဲထူးမြတ်လွင်
#Movie Guide
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment