ဆံပင်နဲ့ပတ်သက်တဲ့အသုံး ပစ္စည်းထဲက အန္တရာယ်ရှိတဲ့ အရာတွေကဘာတွေဖြစ်မလဲ








ဆံကေသာဆိုတာယောက်ျား ဖြစ်စေ၊ မိန်းမဖြစ်စေ အားလုံးအတွက် အရေးကြီးပါတယ်။ အဲဒါကြောင့်ပဲ မျက်နှာနဲ့လိုက်ဖက်အောင်ဆံကေသာကို ပုံဖော်ကြပါတယ်။ ဒီဆံကေသာကိုလှပစေဖို့အတွက် ဆံကေသာ ထိန်းပစ္စည်းတွေသုံးစွဲကြတယ်။ ဆံကေသာကို ထိန်းသိမ်းတာတော့မှန်ပါရဲ့။ ဆံကေသာသုံးပစ္စည်းတွေထဲက ပါဝင် ပစ္စည်းတွေရဲ့အန္တရာယ်ကိုသတိ ထားမိပါရဲ့လား။ သတိမထားမိဘူးဆိုရင် အခုအချိန်ကနေစပြီး ဘယ် ပစ္စည်းတွေသုံးမိရင် ဘာတွေဖြစ်တတ်တယ်ဆိုတာ လေ့လာကြည့်ကြရအောင်။

ကိုလ်လာ (Coal Tar)
Cola Tar ဆိုတာ ကင်ဆာဖြစ်စေတဲ့ ပစ္စည်းပါ။ သူက အဆုတ်ကင်ဆာဖြစ်စေပါတယ်။ EU ကနေပြီး Coal Tar ရဲ့ အန္တရာယ်ရှိပုံကို ကြေညာထားပြီး သုံးစွဲခွင့်တားမြစ်ထားပါတယ်။ Coal Tar ကို ဗောက်ပျောက် စေပါတယ်ဆိုတဲ့ ခေါင်းလျော်ရည်တွေ၊ အရည်ပြားစိုစွတ်စေတဲ့ပစ္စည်းတွေမှာ အများဆုံးသုံးကြပါတယ်။ ကုမ္ပဏီတွေက ဒီပါဝင်ပစ္စည်းကို ဓာတုပစ္စည်းတွေမှာ Coal Tar ဆိုပြီး ရေးလေ့မရှိပေမယ့် ''အရောင်+နံပါတ်'' ဆိုပြီး ဖော်ပြလေ့ရှိကြပါတယ်။

ခဲ(Lead)
ခဲကတော့ ကင်ဆာဖြစ်စေတဲ့ နောက်ထပ်ပါဝင်ပစ္စည်းတစ်မျိုးပါ။ ဒါပေမဲ့လည်း တချို့ကုမ္ပဏီတွေက အသုံးပြုနေဆဲပါ။ ခဲကိုဆံပင်ဆိုးဆေး၊ နှုတ်ခမ်းဆိုးဆေးတွေမှာ အများဆုံးသုံးကြပါတယ်။ ညစ်ညမ်းစေတဲ့ အရာဖြစ်တဲ့အတွက် ပါဝင်ပစ္စည်းများစာရင်းမှာတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ဆိုဒီယမ်လောရိုင်းဆာဖေ့တ် (ှSodium Lauryl Sulfate)
ဒီပါဝင်ပစ္စည်းကတော့ အန္တရာယ်ရှိစေတဲ့ပစ္စည်းတွေထဲမှာ အသုံးများဆုံး၊ နာမည်အကြီးဆုံးပစ္စည်း ဖြစ်ပါတယ်။ Sodium Louryl Sulfate က Lourenth Sulfate, Ammonium Lourel Sulfate ဆိုပြီး လည်းလာပါတယ်။ ဒီပါဝင်ပစ္စည်းကို စက်ရုံအလုပ်ရုံတွေရဲ့ သန့်ရှင်ရေးသုံးပစ္စည်းတွေမှာ အများဆုံးအသုံး ပြုသလို ကမ္ဘာ့ထိပ်တန်းခေါင်းလျော်ရည်တွေမှာလည်း အသုံးပြုကြပါတယ်။

အိုက်ဆိုပရိုပိုင် (Isopropyl)
Isopropyl ဆိုတဲ့ပစ္စည်းက ဆီတွေကိုပျော်ဝင်သွားစေနိုင်တဲ့ ပစ္စည်းပါ။ ဦးရေပြားကအဆီတွေကို ခမ်းခြောက်သွားစေပြီး ဆံသားကိုကျိုးပြတ်စေပါတယ်။ Isoproply ကို ဆံကေသာပုံသွင်း ဂျယ်လ်၊ ဆံကေသာ ဖျန်းဆေးတွေမှာ သုံးပါတယ်။ ထိုပစ္စည်းက အသက်ရှုလမ်းကြောင်းထဲသို့ ၀င်ရောက်ပြီး ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ နှာရည်ယိုခြင်း၊ စိတ်ကျဝေဒနာတွေအထိဖြစ်လာစေနိုင်ပါတယ်။

ပရိုပိုင်လင်း ဂလိုက်ကော(Propylene Glycol)

ဦးရေပြားယားယံစေတဲ့ အကြောင်းရင်းက ကျန်းမာရေး ချို့ယွင်းချက်ကြောင့်ဖြစ်သလို Propylene glycol ကြောင့်လည်းဖြစ်နိုင်ပါတယ်။The United States Environmental Protection Agency ကနေပြီးတော့ Propylene Glycol ကို ထိခိုက်စေနိုင်တဲ့ ထိပ်တန်းဆံကေသာပါဝင် ပစ္စည်း ၁၀မျိုးထဲက တစ်ခုအနေနဲ့တောင် သတ်မှတ်ထားပါတယ်။

Propylene Glycol ကိုခေါင်းလျော်ရည်၊ ဆံပင်ပျော့ဆေး၊ ဆံကေသာပုံသွင်း၊ ဂျယ်လ်၊ ဆံပင်ဆိုး ဆေးတွေမှာအများဆုံးအသုံးပြုပါတယ်။ ဒီပစ္စည်းက ကျန်းမာတဲ့ ဆံကေသာဖွဲ့စည်းပုံကို နှောင့်ယှက်ပေးပြီး ဦးရေပြားဆဲလ်လေးတွေရဲ့ လုပ်ဆောင်ချက်ကိုနှောင့်ယှက်စေပါတယ်။

ပါရာဘင်း (Paraben)
Paraben ကိုလည်း ခေါင်းလျော်ရည်၊ အစိုဓာတ်ထိန်းခရင်မ်တွေမှာ တာရှည်ခံဆေးအနေနဲ့သုံး ပါတယ်။ တကယ်တော့ဒီပစ္စည်းက ခန္ဓာကိုယ်တွင်း ဟိုမုန်းလုပ်ဆောင်ချက်တွေကို နှောက်ယှက်ပြီး ရင်သား ကင်ဆာကိုဖြစ်စေနိုင်ပါတယ်။

ပါဖြူး (Perfume)
Perfume ကို ဆံကေသာ ထိန်းသိမ်းပစ္စည်းတိုင်းနီးပါးမှာ သုံးပါတယ်။ ဒီအခေါ်အဝေါ်က အန္တရာယ် ရှိတဲ့ ဓာတုပစ္စည်းတိုင်းကို ခေါ်ပါတယ်။ ဆံကေသာထိန်း ပစ္စည်းတိုင်းမှာပါဝင်တဲ့ Perfume က နှာရည်ယိုခြင်း၊ ခေါင်းကိုက်ခြင်း၊ ဓာတ်မတည့်ခြင်းတွေကိုဖြစ်စေပါတယ်။
ဝဿန်

---------------------------------------------
ကျန်းမာလန်းဖြာစေဖို့ ကျန်းသုခ Health Guide ကို ဖတ်ကြပါစို့။




ၹၹၹၹၹၹ









Share on Google Plus

0 comments:

Post a Comment