ဆံပင်တွေဘာကြောင့်ကျွတ်တာလဲ…




ဆံကေသာဆိုတာ လူတစ်ယောက် သူဘယ်သူဆိုတာပြောပြနိုင်လိုက်တဲ့အထိ အဖိုးတန်ပါတယ်။ ဆံကေသာကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသွားစေနိုင်သလို သူ့ကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းပါးသွားစေနိုင်ပါတယ်။ ဆံပင်တွေရေချိုးရင်ကျွတ်တယ်။ ခေါင်းဖြီးရင်ကျွတ်တယ်။ ဒါက အနည်း အကျဉ်းလောက်သာဖြစ်တဲ့အတွက် အရေးကြီးကိစ္စတစ်ခု မဟုတ်ဘူးလို့ထင်စရာရှိပါတယ်။ ဒါပေမဲ့ နံနက် အိပ်ရာအထ ခေါင်းအုံးမှာ ဆံပင်တွေအများကြီးကျွတ်နေတာမျိုးကို မြင်ရတော့ ကြောက်စရာကောင်းလာပါပြီ။

သာမန်အားဖြင့် ယောက်ျား မိန်းမဘယ်သူမဆို တစ်နေ့ကိုဆံပင်ကျွတ်ကြပါတယ်။ ဆံသားအနုအသစ်လေး တွေလည်းပြန်ပေါက်ကြပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာတော့ ဆံပင်ကျွတ်တာက ပိုပြီးပြင်းထန်တဲ့ လက္ခဏာ တစ်ခုကိုပြသနေပါပြီ။


မျိုးရိုးလိုက်ဆံပင်ကျွတ်ခြင်း
အဖေ၊ အမေ၊ မိသားစုဝင်တွေ အလိုက်ဆံပင်ကျွတ်ခြင်းပါ။ ဒီမျိုးရိုးကြောင့် ဆံပင်ကျွတ်တာကအသက် ၂၀ပတ်ဝန်းကျင်လောက်မှာ စတင်ပါတယ်။ အကောင်းဆုံးကတော့ ဆံပင်တွေသာမန်ထက်ပိုပြီးကျွတ်တယ်လို့ ခံစားရတဲ့အခါ ဆရာဝန်နဲ့ ပြသတာအကောင်းဆုံးပါ။

ဆေးဝါးများသုံးစွဲလွန်းခြင်း
သန္ဓေတားဆေးနဲ့စတီးချွိုက်တို့က ဆံပင်ကျွတ်စေတဲ့အကြောင်းတွေထဲက တစ်ခုပါ။ ဆီးချိုအတွက် ဆေးဝါးတွေ၊ ၀က်ခြံအတွက်ဆေးဝါးတွေ၊ သွေးအားကျစေတဲ့ဆေးဝါးတွေ သုံးစွဲတာကလည်း ဆံပင်ကျွတ် စေပါတယ်။

ဗီတာမင်အေများပြားလွန်းခြင်း
ဗီတာမင်အေ လွန်ကဲစွာသုံးစွဲခြင်းကလည်း ဆံပင်ကျွတ်စေတဲ့ အကြောင်းအရင်းတစ်ခုပါ။ တူနာငါး တွေမှာပါဝင်တဲ့ မာကျူရီက မာကျူရီအဆိပ်ဖြစ်သလို ဗီတာမင်တွေများပြားလာတဲ့အခါ ဆံပင်ကျွတ်ခြင်း ဖြစ်လာပါတော့တယ်။

ပတ်ဝန်းကျင်
အခုချိန်မှာ ပတ်ဝန်းကျင်က ယခင်ကထက်ဆိုးရွားနေပါပြီ။ ရာသီဥတုတွေပြောင်းလဲနေသလို လေထု၊ ရေထုတွေကလည်း ညစ်ညမ်းနေပါပြီ။ ပတ်ဝန်းကျင်ပြောင်းလဲမှုက ကိုယ့်အပေါ် တိုက်ရိုက်ထိတွေ့မှုရှိဘူးလို့ ထင်ကောင်းထင်ချင်နိုင်ပါတယ်။ ဒါပေမဲ့မမြင်ရတဲ့ လေထု၊ ရေထုအပြောင်းအလဲတွေက ဆံပင်ကျွတ်ခြင်း ကိုဦးတည်တဲ့ ဟိုမုန်းမညီမျှခြင်းတွေကို ဖြစ်လာစေပါတယ်။


ဇရာ

ဇရာက ဆံပင်ကျွတ်ခြင်းသာမက တခြားသောကျန်းမာရေး ပြဿနာတွေကိုယူဆောင်လာပါပြီ။ ခန္ဓာကိုယ်မှာ အဆီတွေစုပုံလာမယ်။ မျက်နှာမှာအရေးအကြောင်း တွေထလာမယ်။ ခန္ဓာကိုယ်လှုပ်ရှားမှုတွေ လေးလံလာမယ်။ အရင်ကလောက် သွက်လက်မှုမရှိတော့ဘူး။ ဒါတွေက ဇရာရဲ့လက္ခဏာတွေပါ။

ရောဂါကြောင့်ဆံပင်ကျွတ်ခြင်း
ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အရိုးအဆစ်များကိုက်ခဲခြင်း၊ အရေပြားအနီကွက်များထခြင်း ကြောင့်လည်းဆံပင်ကျွတ်နိုင်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့်ဖြစ်တဲ့ ဆံပင်ကျွတ်ခြင်းက ပြင်းထန် နိုင်သလို ပျော့လည်းပျော့နိုင်ပါတယ်။

ဆံကေသာပုံသွင်းခြင်း

ဆံပင်အကောက်အဖြောင့် ပုံပြောင်းများသူတွေ၊ ဆံကေသာပုံ သွင်းဂျယ်လ်၊ စပရေးသုံးလွန်းသူ တွေလည်း ဆံပင်ကျွတ်နိုင်ပါတယ်။ ဒီပစ္စည်းတွေထဲက တချို့ပါဝင်ပစ္စည်းတွေက ဆံကေသာနဲ့ နူးညံ့တဲ့ ဦးရေပြားအတွက် အလွန်အန္တရာယ်များပါတယ်။

သွေးအားနည်းခြင်း
သွေးအားနည်းခြင်းကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။ အမျိုးသမီများရာသီလာချိန်မှာ သွေးအား နည်းကြပြီး ဆံပင်ကျွတ်လေ့ရှိပါတယ်။ အဲဒါကြောင့် အမျိုးသား၊ အမျိုးသမီး အသက်အရွယ်မရွေး သွေးနီဥကိုကောင်းကောင်း ဖြည့်ဆည်းပေးနိုင်တဲ့ အစားအစာမျိုးစားပေးသင့်ပါတယ်။

အစားအသောက်မမှန်ခြင်း
စားသောက်မှုပုံစံမမှန်တာကလည်း ဆံပင်ကျွတ်ခြင်းကို ဖြစ်စေတဲ့ပြဿနာတစ်ခုပါ။ ကျန်းမာသန် စွမ်းတဲ့ ဆံကေသာအတွက် ပရိုတိန်းကအဓိကလိုအပ်ပါတယ်။ ပရိုတိန်းချို့တဲ့ခြင်းက ဆံကေသာကို ကျိဲးပဲ့ ပျက်စီးလွယ်ပါတယ်။

ဘာနဲ့ဖြေရှင်းကြမလဲ…
ကြက်သွန်နီအရည် 

ကြက်သွန်နီအရည်မှာ ဆာလ်ဖာမြင့်မားစွာပါဝင်ပြီး သွေးလည်ပတ်မှုတွေကို ကောင်းမွန်စေပါတယ်။ ဆံကေသာနဲ့ ဦးရေပြားသွေးလည်ပတ်မှု ကောင်းစေပြီး ရောင်ရမ်းနာကျင်မှုတွေကို ကုသပေးပါတယ်။

အုန်းနို့

အုန်းနို့မှာ ဗီတာမင်အီးနဲ့ အဆီဓာတ်မြင့်မားစွာပါဝင်ပြီး ဆံကေသာကို အစိုဓာတ်ဖြည့်ပေးပါတယ်။ ပိုတက်စီယမ်ကြွယ်ဝစွာပါဝင်ပြီး ဆံသားကြီးထွားမှုကို ထောက်ကူပေးသလို ဘက်တီးရီးယားတွေကို သေစေနိုင် စွမ်းရှိပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်မှာ ဆံကေသာဖွံ့ဖြိုးမှုကိုထောက်ကူပေးတဲ့ သဘာဝပစ္စည်းတွေများစွာပါဝင်ကြ ပါတယ်။ ရှားစောင်းလက်ပတ်ကို ပုံမှန်သုံးစွဲသွားမယ်ဆိုရင် ဦးရေပြား ယားယံခြင်းကိုသက်သာစေပြီး ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။

ဒိန်ချဉ်
ဒိန်ချဉ်၊ ပျားရည်၊ သံပုရာရည်တို့ကို ဦးရေပြားနဲ့ဆံကေသာမှာ တွဲဖက်လိမ်းပေးမယ်ဆိုရင် ဆံပင် ကျွတ်ခြင်းကို ကာကွယ်ပေးပါလိမ့်မယ်။
ဝဿန်



--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment