မျက်နှာပုံစံအလိုက် ဆံပင်ပုံစံဒီလိုခွဲကြမယ်…








ဖက်ရှင်အကြောင်းပြောမယ်ဆိုရင် ချန်လှပ်ခဲ့လို့မရတာတစ်ခုရှိပါတယ်။ လူအများစုက အ၀တ်အစား၊ အသုံးအဆောင်တွေကို စမတ်ကျကျကိုင်မှဖက်ရှင်ကျတယ်ထင်နေကြပါတယ်။ တကယ်တော့ ခန္ဓာကိုယ်က အ၀တ်အစားအသုံးအဆောင်တွေနဲ့ ခြယ်သထားတဲ့မိတ်ကပ်ကို ပိုပြီးစတိုင်ကျသွားစေမယ့် အရာတစ်ခုရှိ ပါတယ်။ အဲဒါကတော့ ဆံကေသာပါဘဲ။ ဆံကေသာပုံစံခွဲနည်းကလည်း လူတစ်ယောက်ရဲ့မျက်နှာ အနေအထား အ၀တ်အစာပုံသဏ္ဍာန်တွေကို လုံးဝပြောင်းလဲသွားစေနိုင်ပါတယ်။ အဲဒီတော့ ဖက်ရှင်ကျကျ လှစေဖို့ဆံပင်ဘယ်လိုခွဲကြမလဲ။

မျက်နှာအနေအထားသတိပြု
ကိုယ့်မျက်နှာနဲ့လိုက်ဖက်တဲ့ ဆံပင်ပုံရစေဖို့အတွက် ကိုယ့်မျက်နှာအနေအထားကိုသိဖို့လိုပါတယ်။ ဆံပင်အအလှပုံစံတွေပြထားတဲ့စာအုပ်တွေအများကြီးရှိပေမယ့် လူနဲ့လိုက်ဖက်ချင်မှလိုက်ဖက်မှာပါ။ ပထမဆုံးအနေနဲ့ မှန်ထဲမှာကိုယ့်မျက်နှာက အ၀ိုင်းလား၊ ဘဲဥပုံစံလား၊ အသည်းပုံလိုချွန်ဆင်းသွားတာလား၊ တြိဂံပုံလားဆိုတာသေချာလေ့လာပါ။ 

အမျိုးမျိုးခွဲကြည့်ပါ
ကိုယ့်မျက်နှာအနေအထားကို သိသွားပြီးတဲ့အခါမှာတော့ ကိုယ်နဲ့လိုက်ဖက်တဲ့ပုံစံတွေရှာဖွေဖို့ပါဘဲ။ တစ်ခုတည်းရှာတာထက် တက်နိုင်သလောက်များများရှာပါ။ ပြီးမှတစ်မျိုးပြီးတစ်မျိုးဆံပင်ခွဲကြည့်ပါ။ 

ဘဲဥပုံစံမျက်နှာပိုင်ရှင်
ဒီမျက်နှာပိုင်ရှင်မျိုးကတော့ ကံကောင်းအကောင်းဆုံးမျက်နှာပိုင်ရှင်တွေလို့ပြောလို့ရပါတယ်။ ဒီမျက်နှာ ပိုင်ရှင်တွေအတွက် ကိုယ့်မျက်နှာနဲ့လိုက်ဖက်တဲ့ ဆံပင်ခွဲပုံခွဲနည်းတွေကအများကြီးပါ။ ဘေးကနေခွဲနိုင်သလို အလယ်ကနေလည်း ဆံပင်ကိုခွဲနိုင်ပါတယ်။ ဒီထက်ထူးခြားချင်ရင်တော့ Zig Zag ပုံစံမျိုး ခွဲကြည်နိုင် ပါတယ်။ 

အသည်းပုံစံမျက်နှာပိုင်ရှင်
အသည်းပုံမျက်နှာပိုင်ရှင်တွေကတော့ ပါးရိုးကားသွားပြီးမေးစေ့သွယ်သွားတဲ့မျက်နှာပုံစံတွေဖြစ်ပါတယ်။ ဒီလိုမျက်နှာပိုင်ရှင်တွေအနေနဲ့ ဆံပင်ရှည်သူတွေက ဆံပင်အလယ်ခွဲပုံစံနဲ့လိုက်ဖက်ပြီး ဆံပင်တိုတဲ့သူတွေ ကတော့ ဘေးခွဲပုံစံနဲ့ပိုပြီးလိုက်ဖက်ပါတယ်။ 

တြိဂံပုံမျက်နှာပိုင်ရှင်
တြိဂံပုံမျက်နှာပိုင်ရှင်တွေကတော့ မေးရိုးပါးရိုးတွေကားသွားပြီး နဖူးကျဉ်းမြောင်းသွားတဲ့ ပုံစံတွေဖြစ်ကြ ပါတယ်။ ဒီလိုမျက်နှာပိုင်ရှင်တွေအတွက်ကတော့ ဆံပင်ခပ်ဖွဖွပုံစံလေးနဲ့ ဘေးကနေခွဲထားတာ ပိုကြည့်ကောင်းပါတယ်။ တကယ်လို့ မျက်နှာအမျိုးအစားမညီသူတွေအနေနဲ့ ကိုယ့်မျက်နှာ အားနည်းချက် ရှိတဲ့ဘက်ကိုပိုပြီးဖုံးဖိထားနိုင်ပါတယ်။ 

လေးထောင့်မျက်နှာပိုင်ရှင်
နှာဖူးနဲ့မေးရိုးတို့က ထောင်ကျကျပုံစံမျိုးဖြစ်ပါတယ်။ ဒီလိုမျက်နှာပိုင်ရှင်တွေက လေးထောင့်ကျလွန်းလေ ပိုပြီးမာကျောလေပါဘဲ။ အဲဒါကြောင့် မျက်နှာထောင့်တွေကို ပျော့ပြောင်းသွားစေမယ့် ပုံစံရွေးချယ်တတ်ဖို့ လိုပါတယ်။ အလိုက်ဖက်ဆုံးပုံစံကတော့ ဆံပင်ဘေးခွဲပုံစံပါ။ ဘေးခွဲဆိုပေမယ့် အရမ်းကြီးခွဲမထားဘဲ ခပ်ပြေပြေပုံစံလေးနဲ့နှာဖူးက ဆံစလေးတွေကျနေပုံကပိုပြီး ကြည့်လို့ကောင်းပါတယ်။ 

ဆံပင်အလယ်ခွဲ
ဆံပင်အလယ်ခွဲပုံစံက မျက်နှာကိုရှိရင်းစွဲထက်ပိုပြီးရှည်သွားစေပါတယ်။ အဲဒါကြောင့် မျက်နှာခပ်သေးသေး ပုံစံတွေအတွက် ဆံပင်အလယ်ခွဲပုံစံက ပိုပြီးသင့်လျော်ပါတယ်။ ဆံပင်တိုပြီးမျက်နှာသေး သူတွေအနေနဲ့ ကတော့ ဘေးခွဲပုံစံက မျက်နှာကိုခပ်ပါးပါးလေးနဲ့လှစေပါလိမ့်မယ်။ 

ဘယ်အချိန်မှာ Zig Zag ပုံခွဲမလဲ
Zig Zag ပုံစံကတော့ ဆံကေသာပါးသူတွေအတွက်ပိုပြီးသင့်လျော်ပါတယ်။ Zig Zag ပုံစံခွဲတဲ့အတွက် ဆံကေသာက ခပ်ဖွဖွလေးနဲ့ထူနေသယောင်ထင်ရပါတယ်။

Crystal
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment