ပျော်ရွှင်မှုကိုဘယ်လိုထိန်းထားကြမလဲ












ဘ၀မှာ ဘာအလိုချင်ဆုံးလဲမေးတဲ့အခါ “ပျော်ရွှင်ချင်တယ်”ဆိုတာ လူတိုင်းအဖြေအများဆုံးပါ။ ဒါပေမဲ့ ပျော်ရွှင်မှုဆိုတာလိုချင်တိုင်းလည်းမရတတ်ပါဘူး။ ပြီးတော့ ပျော်ရွှင်မှုတိုင်းကလည်း ကြာရှည်မခံပါဘူး။ အဲဒီတော့ ပျော်ရွှင်မှုကိုဘယ်လိုထိန်းသိမ်းကြမလဲ။

စိတ်မဆိုးနဲ့
တော်တော်များများကပြောကြတယ်။ တစ်ယောက်နဲ့တစ်ယောက် ပဋိပက္ခဖြစ်နေချိန် စိတ်ဆိုးဒေါသထွက်ပစ်လိုက်တာက ခွန်အားတစ်ခုပဲတဲ့။ တကယ်တော့ လုံးဝမှားပါတယ်။ စိတ်ကိုဖိစီးစေပြီးရတဲ့ခွန်အားက ပျော်ရွှင်မှုကိုသာပျောက်ဆုံးစေတာပါ။

ပုံမှန်အတိုင်းစတင်
အိပ်ရာထဲကနောက်ကျပြီးထ အသည်းအသန်လုပ်နေရတဲ့အလုပ်တွေက လူကိုပျော်ရွှင်စေမှာမဟုတ်ပါဘူး။ မနက်စာစားချိန်မရဘူး။ ကော်ဖီလေးတစ်ခွက်တောင်သောက်ချိန်မရဘူး။ အဲဒီတော့ စိတ်ကညစ်နွမ်းလာမယ်။ ဘယ်မှာလဲပျော်ရွှင်မှုဆိုတာ။ အဲဒါကြောင့် ပျော်ရွှင်ဖို့အတွက် ပုံမှန်အချိန်အိပ်ရာထတတ်တဲ့အကျင့်မွေးမြူပါ။

ဟန်ဆောင်
မပျော်ရွှင်ဘူး။ အဲဒီတော့ ဟန်ဆောင်လိုက်ပါ။ ခံစားချက်နောက် အပြုအမူလိုက်ပါတယ်။ ပျော်ရွှင်ချင်ယောင်ဆောင်ရင်း တကယ်ပျော်ရွှင်လာပါလိမ့်မယ်။

စိတ်ငြိမ်ငြိမ်ထား
မဖြစ်သေးတဲ့ကိစ္စတွေအတွက် ကြိုတင်တွေးတောပူပန်မနေပါနဲ့။ ဥပမာ နေ့လည်မှလုပ်မယ့်ကိစ္စတွေကို မနက်ကတည်းက ကြိုတင်တွေးပြီးပူပန်နေတာမျိုး၊ နောက်တစ်နေ့ကိစ္စတွေကို ဒီနေ့ကတည်းက ကြိုတင်ပူပန်နေတာမျိုးတွေလျော့ချပါ။

များများအိပ
အိပ်ချိန်များလေ ပိုပြီးထုတ်လုပ်နိုင်စွမ်းမြင့်လေ။ အဲဒီတော့ ပိုပြီးပျော်ရွှင်ရလေပါပဲ။ များများအိပ်စက်တယ်ဆိုပေမယ့် အလွန်အကျွံမအိပ်ဖို့တော့လိုပါတယ်။

ကြင်နာပါ
တခြားလူတွေအပေါ် ကြင်ကြင်နာနာဆက်ဆံပေးတာက ကိုယ့်ကိုပြန်ပြီးပျော်ရွှင်မှုကူးစက်စေပါတယ်။

ဆူဆူပူပူမလုပ်နဲ့
ကိုယ့်ပတ်ဝန်းကျင်က ချစ်ခင်ရသူတွေကို ဘယ်တော့မှဆူဆူပူပူမလုပ်ပါနဲ့။ သူရောကိုယ်ပါ စိတ်ပင်ပန်းပြီး ပဋိပက္ခများရပါလိမ့်မယ်။

ရန်နိုင်
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment