Cometic တွေ Skin Cares တွေထဲမှာတစ်ချို့သော ပါဝင်ပစ္စည်းတွေဟာ အရေပြားနဲ့ ကျန်းမာရေးအတွက် ပြဿနာရှိတယ်ဆိုတာ ကြားဖူးကောင်းကြားဖူးလိမ့်မယ်။ ဥပမာ အသားဖြူဖို့အတွက် Lead oxide သုံးတာမျိုးပေါ့။ ဒီထက်ပိုပြီး ကိုယ်တောင်အံ့သြသွားလောက်တဲ့ ပါဝင်ပစ္စည်းတွေရှိတယ်ဆိုရင် ယုံပါ့မလား။ အဲဒီတော့ ကိုယ်လက်ရှိသုံးနေတဲ့ နှုတ်ခမ်းဆိုဆေး၊ အလှဆီ၊ မျက်နှာ လိမ်းပေါင်းဒါဘူးတွေက ပါဝင်ပစ္စည်းတွေကို တစ်ချက်လောက်လေ့လာကြည့်ပါ။ အခုပြောပြမယ့်ပစ္စည်းတွေပါလား၊ မပါဘူးလားဆိုတာကိုပေါ့။
ဆီး
တကယ်တော့ cosmetics တွေထဲမှာ ဆီးအစစ်ကိုထည့်သုံးထားတာမဟုတ်ပါဘူး။ ဆီးထဲမှာပါဝင် တဲ့ဓာတ်ပေါင်းတစ်ခုပါ။ ယူရီးယားကို အစိုဓာတ်ထိမ်းခရင်မ်၊ ချွေးနံ့ပျောက်ဆေးနဲ့ ခေါင်းလျှော်ရည် တွေထဲမှာ အသုံးပြုပါတယ်။ ဒီယူရီးယားကိုအသုံးပြုရတဲ့ အကြောင်းရင်းကတော့ သူကရေဓာတ်ကို အချိန်ကြာမြင့်စွာ ထိန်းသိမ်းပေးထားနိုင်ပါတယ်။ စိတ်မပူပါနဲ့။ အသားအရေအတွက် စိတ်ချရပါတယ်။ လက်ရှိအချိန် အလှကုန် တွေထဲက ယူရီးယားကတော့ စနစ်တကျ ထုတ်လုပ်ထားတာတွေပါ။
ဝေလငါးအန်ဖတ်
ဝေလငါးအန်ဖတ်ကိုတော့ ပြင်သစ်၊ ဆွစ်စလန်တို့က နာမည်ကြီးအလှကုန်တွေမှာ အသုံးများပါတယ်။ လက်ရှိမှာတော့ ဝေလငါးအန်ဖတ်အစား ဓာတုနည်းနဲ့ဖန်တီးထားတဲ့ ပစ္စည်းကိုသုံးနေကြပါတယ်။ ဝေလငါး အန်ဖတ်ကိုတော့ နာမည်ကြီးရေမွှေးတွေထဲမှာ မွှေးရနံ့ရည်ခံဖို့ လွန်ခဲ့တဲ့နှစ်များစွာကတည်း ကအသုံးပြုကြ ပါတယ်။
ကြက်ရိုးတွင်းချဉ်ဆီ
ကြက်ရိုးတွင်းချဉ်ဆီကို မျက်နှာလိမ်းခရင်မ်နဲ့ အစိုဓာတ်ထိန်းခရင်မ်တွေမှာ အများအားဖြင့်အသုံးပြုပါ တယ်။ တကယ်တော့တိရိစ္ဆာန်ထွက်ပစ္စည်း ဘယ်လောက်များများကိုအလှကုန်တွေမှာ သုံးထားတာလဲ သိရင်အံ့သြသွားပါလိမ့်မယ်။ ကြက်ရိုးတွင်းချဉ်ဆီကရောင်ရမ်းခြင်းကို သက်သာစေပြီးဆဲလ်အစစ်များ ပေါက်ဖွားမှုကိုကူညီပေးပါတယ်။
သိုးမွေးဖယောင်း
နောက်ထပ် တိရိစ္ဆာန်ထွက်ပစ္စည်းတစ်ခု Cosmetic တွေမှာသုံးတဲ့ သိုးမွှေးဖယောင်းကတော့ သိုးမွေးကနေထွက်တဲ့အဆီပါ။ အလှကုန်တွေရဲ့ နောက်ကျောက ပါဝင်ပစ္စည်းစာရင်းကိုကြည့်ကြည့်ပါ။ Lanolin ဆိုတာတွေ့ပါလိမ့်မယ်။ အဲဒါသိုးမွေးကထွက်တဲ့ အဆီကိုဖယောင်းအဖြစ်ဖန်တီးထားခြင်းပါ။
ဟင်းချက်ဆီ
ကြက်ကြော်ကနေ ထွက်ရှိလာတဲ့ဟင်းချက်ဆီ ဘယ်လောက်များများကို အလှကုန်တွေမှာအသုံးပြုနေ သလဲဆိုတာသိပါသလား။ ဒီဆီတွေကိုခေါင်းလျှော်ရည်၊ ဆံပင်ပျော့ဆေး အမြောက်အမြားမှာအသုံးပြုကြ ပါတယ်။
ကွမ်းရွက်
အနီရောင်နှုတ်ခမ်းဆိုဆေးလေး တောက်တောက်ပပလှနေတဲ့ အကြောင်းတစ်ခုကတော့ ကွမ်းရွက် အရည်ပါနေလို့ပါ။ နှုတ်ခမ်းဆိုးဆေးအနီ၊ အနီရောင်ဖျော်ရည်မှာပါဝင်တဲ့ Carmine လို့ခေါ်တဲ့ အနီရောင် ဆိုးဆေးက ကွမ်းရွက်ကနေ ထုတ်ယူထားခြင်းဖြစ်ပါတယ်။ ဒီပစ္စည်းကတော့ သဘာဝအတိုင်းဖြစ်ပြီး စိတ်ချရ ပါတယ်။
ငါးမန်းအသဲဆီ
Squalene လို့ခေါ်တဲ့ငါးမန်းအသဲဆီကတော့ ခြောက်သွေ့အသား အရေပိုင်ရှင်တွေအတွက် နတ်ဆေးတစ်ပါးပါဘဲ။ အစိုဓာတ်ကို အပြည့်အ၀ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါပေမဲ့သိပ်မကြာခင်မှာဘဲ တိရိစ္ဆာန် အခွင့်အရေးလှုပ်ရှားမှုတွေကြောင့် ငါးမန်းအသဲမှအဆီအစား ဟင်းသီးဟင်းရွက်တွေကနေ Squalene ကို ပြောင်းလဲထုတ်လုပ်လာပါတယ်။
ခရုအကျိအချွဲ
ခရုကနေထွက်တဲ့ အကျိအချွဲတွေကိုတော့ ဇရာကိုအန်တုပေးမယ့် Lotion တွေ Serum တွေလို မျိုးမှာသုံးစွဲပါတယ်။ Glyeolic Acid နဲ့ Elastin ပါဝင်တဲ့အတွက် အရေးအကြောင်းတွေကိုသိသိသာသာပျောက် ကင်းသွားစေနိုင်ပါတယ်။
ငါးအကြေးခွံ
Pearlescence လို့ခေါ်တဲ့မိတ်ကပ်၊ ပေါင်ဒါတို့ထဲက တောက်ပပြောင်လက်တဲ့အမှုန့်လေးတွေက တော့ ငါးအကြေးခွံကနေ အသုံးပြုထားခြင်းဖြစ်ပါတယ်။ အထူးသဖြင့် ငါးသလောက်အကြေးခွံကို အသုံးပြုထား ခြင်းဖြစ်ပါတယ်။
ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment