ဂျပန်မလေးတွေလိုလှချင်တယ်ဆိုရင်…










ကိုရီးယားဇာတ်လမ်းတွဲတွေရဲ့ လွှမ်းမိုးမှုများနေတော့ ကိုရီးယားမင်းသမီးလေးတွေရဲ့ အလှအပအ ကြောင်းတွေ၊ မိတ်ကပ်အကြောင်းတွေပိုပြီးတော့ အားပေးကြတယ်။ ပိုပြီးအာရုံစိုက်နိုင်ကြတယ်။ နောက်ထပ် မြန်မာလူမျိုးတွေအနေနဲ့ နမူနာယူစရာ အသားအရေပိုင်ရှင်လေးတွေရှိပါတယ်။ အဲဒါကတော့ ဂျပန်မလေး တွေပါပဲ။ ဂျပန်မလေးတွေကို ကြည့်လိုက်ရင် ဘယ်အရွယ်မဆို သူတို့ရဲ့အသားအရေက စိုပြေတင်းအိပြီး ဆံကေသာကလည်း တောက်ပနေပါတယ်။ မိတ်ကပ်ဆိုတာကတော့ ပြောစရာကိုမလိုတော့ပါဘူး။ ပြင်ထားမှန်း မသိပါးပါးလျလျလေးနဲ့ လှပကြပါတယ်။ သိပ္ပံညာအရ ဂျပန်လူမျိုးတွေက အလှအပမျိုးရိုးဗီဇကို လွန်ခဲ့တဲ့ ရာစုနှစ်များစွာကတည်းက အဖွားကနေ အမေ၊ အမေကနေ သမီး၊ သမီးကနေ အဆင့်ဆင့်လက်ဆင့် ကမ်းလာကြသူတွေဖြစ်ပါတယ်။ အဲဒီတော့ ဂျပန်မလေးတွေလို လှပချင်ပါသလား။ အခုပြောမယ့်အကြောင်း အရာတွေကိုဖတ်ကြည့်ရအောင်။

မျက်နှာပြင်အတွက်အဆီ
မြန်မာလူမျိုးတွေအနေနဲ့ကတော့ တစ်နေ့တစ်နေ့အသားအရေက အဆီပြန်လွန်းတဲ့အတွက် ဒသငူ င်ဿခေနဒ ဆိုတဲ့စာတန်းပါတဲ့ မိတ်ကပ်အလှကုန် အသားအရေထိန်းပစ္စည်းတွေကိုတောင် ရှာဖွေကြပါတယ်။ ဒါပေမဲ့ ဂျပန်မလေးတွေကတော့ မျက်နှာပြင်နဲ့လိုက်ဖက်တဲ့အဆီက အရေပြားကိုလှပစေတယ်။ အသားအရေ ကိုပိုပြီးကောင်းမွန်စေတယ်လို့ ယုံကြည်ကြပါတယ်။ အဲဒါကြောင့် သူတို့ကအသားအရေကို အားဖြည့်ပေးဖို့ အတွက် အဆီကိုသုံးကြပါတယ်။

လက်ဖက်စိမ်း
လက်ဖက်စိမ်းကပိုးမွှားတွေကို သေစေနိုင်စွမ်း၊ ရောင်ရမ်းနာကျင်မှုကို သက်သာစေနိုင်စွမ်းတွေရှိပါ တယ်။ ပြီးတော့ ဂျပန်လူမျိုးတွေကလည်း ရေနွေးကြမ်းကိုသောက်သုံးကြပါတယ်။ ဂျပန်အမျိုးသမီးတွေရဲ့ နှစ်သက်တဲ့ အရာတစ်ခုကတော့ သာမန်လက်ဖက်ရည်ကြမ်းထက်ထူးခြားတဲ့ oil face လို့ခေါ်တဲ့ရေနွေး ကြမ်းပါ။ သူတို့က လက်ဖက်ရည်ကြမ်းကို နုပျိုစိုပြေနိုင်စွမ်းရှိတယ်လို့ ယူဆထားကြပါတယ်။

နေရောင်ခြည်နဲ့ ဝေးဝေးရှောင်

ဂျပန်အမျိုးသမီးတွေက နေရောင်ခြည်ဟာအရေပြားကို အပျက်ဆီးနိုင်ဆုံးဖြစ်တဲ့အတွက် နေရောင် ဒဏ်ကိုအတတ်နိုင်ဆုံးရှောင်ကြပါ။ ဒါပေမဲ့ စိတ်ဝင်စားဖို့ကောင်းတာတစ်ခုက သူတို့ကနေရောင်ကာလိမ်းဆေး သုံးခဲပါတယ်။ အဲဒီအစားနေရောင်ခြည် တိုက်ရိုက်ကျရောက်ခြင်းကို ရှောင်ရှားနိုင်ဖို့အတွက် ဦးထုပ်၊ ထီးတို့ကို အသုံးပြုကြပါတယ်။

ပုံမှန်ကြေးချွတ်
ဂျပန်အမျိုးသမီးတွေ အသားအရေ ထိန်းသိမ်းပုံနည်းလမ်းတစ်ခုကတော့ မျက်နှာကိုပုံမှန်ကြေးချွတ် တာပါဘဲ။ ပုံမှန်ကြေးချွတ်ပေးတာက ချွေးပေါက်လေးတွေထဲကနေ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်ပြီး အသားအရေ ကိုချောမွေ့စေပါတယ်။

နေ့စဉ်ရေချိုး
ရေချိုးတာကတော့ ပြောစရာမလိုပါဘူး။ ဂျပန်အမျိုးသမီးတွေအနေနဲ့ကတော့ ရေချိုးတာကလုပ်ကို လုပ်ရမယ့်အလုပ်တစ်ခုအနေနဲ့ သတ်မှတ်ပြီးလုပ်ကိုင်ကြပါတယ်။ နေ့တစ်နေ့ရဲ့အဆုံးမှာ ရေနွေးကန်ထဲရေ စိမ်ပြီးအဆုံးသတ်တာ ဂျပန်လူမျိုးတို့ရဲ့အကျင့်ပါ။ ရေနွေးကန်ထဲ သဘာဝပန်းပေါင်းစုံ အဆီအနှစ်တွေ လက်ဖက်စိမ်း စိမ်ပြီးရေချိုးတာက အသားအရေကိုနူးညံ့စေပြီး ချွေးပေါက်တွေကိုကျဉ်းစေပါတယ်။ ခန္ဓာကိုယ် အစိုဓာတ်ကိုထိန်းပေးနိုင်ပါတယ်။

မျှတတဲ့အာဟာရ
ဂျပန်လူမျိုးတဲ့အစားအစာက ကမ္ဘာပေါ်မှာအကျန်းမာဆုံးတွေထဲက တစ်ခုဖြစ်ပြီး ဂျပန်လူမျိုးတွေ အသက်ရှည်ရှည်နေရခြင်းကလည်း ဒီအချက်အပါအ၀င်ကြောင့်ဖြစ်ပါတယ်။ ဂျပန်လူမျိုးတို့ရဲ့ပုံမှန်အစား အစာ မှာ လတ်ဆတ်သန့်ရှင်းတဲ့ ဟင်းသီးဟင်းရွက်၊ ငါးနဲ့ဆန်တို့ပါဝင်ပါတယ်။

အသားအရေအတွက်

ဂျပန်အမျိုးသမီးတွေမှာ စည်းကမ်းတစ်ခုရှိပါတယ်။ စားလို့မရတဲ့ ပစ္စည်းတွေကိုအသားအရေအတွက် အသုံးမပြုခြင်းပါဘဲ။ ဒါကလုံးဝအဓိပ္ပါယ်ရှိပါတယ်။ မျက်နှာမှာ ချွေးပေါက်လေးတွေကရှိပါတယ်။ ကိုယ်အသုံးပြု လိုက်တဲ့ပစ္စည်းက ချွေးပေါက်လေးတွေကနေတစ်ဆင့် သွေးကြောလေးတွေထဲအထိစိမ့်ဝင် သွားနိုင်ပြီး အသားအရေကိုသာမက ကျန်းမာရေးကိုပါ အကျိုးသက်ရောက်မှုရှိစေပါတယ်။

မိတ်ကပ်ပါးပါးသုံး

ကိုရီးယားလူမျိုးတွေနဲ့မတူ ထူးခြားချက်ကတော့ ဂျပန်လူမျိုးတွေက အသားအရေထိန်းသိမ်းမှုမှာပိုပြီး အာရုံစိုက်ကြခြင်းပါဘဲ။ မိတ်ကပ်ပစ္စည်းတွေ ရွေးချယ်ရာမှာလည်း Brand ထက် ပါဝင်ပစ္စည်းကို သေချာ လေ့လာပြီးမှအသုံးပြုကြပါတယ်။

အသားထိန်းသိမ်းမှု
ဂျပန်အမျိုးသမီးတွေ နောက်ထပ်ဂရုစိုက်တာကတော့ ဆံကေ သာပါ။ ဆံကေသာထိန်းသိမ်းဖို့အတွက် ရေညှိလိုမျိုးသဘာဝပစ္စည်းပါဝင်တဲ့ ခေါင်းလျှော်ရည်လိုမျိုးသာသုံးကြပါတယ်။ တစ်နေ့တစ်ကြိမ် ပုံမှန်ခေါင်း ဖီးပေးပြီး ဆံကေသာခြောက်သွေ့ခြင်း၊ တွန့်လိမ်ခြင်းမှ ကင်းဝေးဝေးစေဖို့ ဆီပုံမှန်လူးပေးကြပါတယ်။ “

ဝဿန်

---------------------------------------------
ကျန်းမာလန်းဖြာစေဖို့ ကျန်းသုခ Health Guide ကို ဖတ်ကြပါစို့။



Share on Google Plus

0 comments:

Post a Comment