ဖက်ရှင်လည်းကျ ကျန်းလည်းကျန်းမာစေမယ့် ကျောက်မျက်ရတနာ…







လက်ဝတ်ရတနာဆိုတာအလှပစ္စည်းတွေပြီးရင် မိန်းမသားတစ်ယောက်တန်ဖိုးအထားရဆုံး အဆင် တန်ဆာတွေပါပဲ။ လက်ဝတ်တန်ဆာတွေက အမျိုးသမီးတစ်ယောက်ရဲ့လှပမှုကို ပိုပြီးထင်ရှားစေတယ်၊ ပိုပြီးဂုဏ်တင့်စေတယ်။ အမျိုးသမီးတစ်ယောက် ဘယ်သူဘယ်ဝါဆိုတာ အဓိပ္ပာယ်သတ်မှတ်ပေးတယ်။ ဖက်ရှင်နဲ့ပတ်သက်လာရင် လက်ဝတ်ရတနာတွေကလည်း အမျိုးသမီးတစ်ဦးကို ပိုပြီး ကြွရွသွားစေပါတယ်။ ဒါတင်ပဲလား …။ ဖက်ရှင်အတွက်တင်မကပါဘူး။ လှပတင့်တယ်ခြင်းနဲ့အတူ ကျန်းမာလန်းဖြာခြင်းတွေပါ ယူဆောင်လာနိုင်ပါတယ်။

ကြေးနီလက်ပတ်
ကြေးနီက အဆစ်အမြစ်ယောင်ရမ်းခြင်းတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ သိပ္ပံနည်းကျ ရှင်းပြနိုင်ခြင်း မရှိသေးပေမယ့် ကြေးနီလက်ပတ်က ခန္ဓာကိုယ်တွင်းက ရောင်ရမ်းစေနိုင်စွမ်းတွေကို စုပ်ယူနိုင်ပါတယ်။ အဲဒါကြောင့် အဆစ်အမြစ်ကိုက်ခဲဝေဒနာရှင်များအနေနဲ့ ဖက်ရှင်လည်းကျချင် ကျန်းမာရေးအတွက် လည်းအထောက်အကူပြုချင်ရင်တော့ ကြေးနီလက်ပတ်လေးသာ ဆောင်ထားလိုက်ပါ။

ငွေ
ငွေကလည်း ဆေးပညာအရ အစွမ်းထက်တဲ့ဆေးဘက်ဝင်လက်ဝတ်တန်ဆာလို့ ပြောရပါလိမ့်မယ်။ ငွေက သွေးကြောမျှင်လေးတွေရဲ့ကျုံ့နိုင်ဆန့်နိုင်စွမ်းကိုကောင်းမွန်စေပြီး အရိုးများရောင်ရမ်းခြင်း၊ သွေးဖိအား များခြင်းတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

ဂေါ်မုတ်
ခရစ္စတယ်ကျောက်ကလေးတွေကရတဲ့ ကျန်းမာရေးအကျိုးကျေးဇူးက သိပ္ပံနည်းကျအတည်မပြုနိုင်ဘဲ အနည်းငယ်လျှို့ဝှက်ဆန်းကျယ်နေပါတယ်။ ဥပမာအနေနဲ့ ဂေါ်မုတ်က လူတစ်ယောက်ရဲ့ စွမ်းအားကို တိုးပွားစေပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေမွေးဖွားပေးလာနိုင်ပါတယ်။ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းတဲ့မိန်းကလေးတွေအနေနဲ့ ဖက်ရှင်ကျကျလျှောက်လှမ်းချင်ရင်တော့ ဂေါ်မုတ်ကအကောင်းဆုံးပါပဲ။

ကျောက်ခရမ်းပွင့်
ကျောက်ခရမ်းပွင့်ကတော့ စိုးရိမ်ပူပန်တတ်တဲ့ဝေဒနာရှင်တွေအတွက် ဆင်မြန်းသင့်တဲ့လက်ဝတ်ရတနာပါ။ ကျောက်ခရမ်းပွင့်က စိတ်ကိုငြိမ်းချမ်းစေပြီးကြည်လင်စေပါတယ်။ ဖက်ရှင်ကျချင်တဲ့အမျိုးသမီးတွေအနေနဲ့ ကျောက်ခရမ်းပွင့်ကိုဆင်မြန်းမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေတိုးပွားပြီး တီထွင်ဖန်တီးနိုင် စွမ်းတွေမြင့်မားလာပါလိမ့်မယ်။

ပယင်း
ပယင်းမှာ နာကျင်မှုကိုသက်သာစေနိုင်စွမ်းရှိတာ လွန်ခဲ့တဲ့နှစ်ရာပေါင်းများစွာကတည်းက ယုံကြည်ထားပြီး သားဖြစ်ကြပါတယ်။ အဲဒါကြောင့် ဦးခေါင်း၊ လည်ပင်း၊  လည်ချောင်နာတတ်တဲ့အမျိုးသမီးတွေအနေနဲ့ ဖက်ရှင်ကျဖို့ဝတ်ဆင်ရင် ရောဂါတွေကိုကုသပေးပြီးသားဖြစ်စေဖို့ ၀တ်ဆင်နိုင်ပါတယ်။

အကွာမရင်းကျောက် (Aquamarine)
ဒီကျောက်မျက်ရတနာကိုတော့ ပင်လယ်ပြင်မှာရွက်လွှင့်သွားတဲ့သဘောင်္သားတွေဝတ်ဆင်ကြပြီး ဒီကျောက် က အကောင်းမြင်စိတ်နဲ့ ပျော်ရွှင်မှုတွေယူဆောင်လာပေးတယ်လို့ ယုံကြည်ကြပါတယ်။ မကြာခဏ စိတ်ညစ်တတ်တဲ့မိန်းကလေးတွေအနေနဲ့ Aquamarine ကျောက်ကိုဝတ်ဆင်ပြီး စိတ်တွေပြန်လည်ကြည် လင်လာစေနိုင်ပါတယ်။ 

ပုလဲ
ပုလဲမှုန့်ကို အသားအရေထိန်းပစ္စည်းတွေမှာ ထည့်သွင်းသုံးစွဲကြပြီး အသားအရေကို သန့်ရှင်းတောက် ပစေနိုင်တယ်လို့ ယုံကြည်ထားကြပါတယ်။ ပုလဲရဲ့ကျန်းမာရေးအကျိုးကျေးဇူးအနေနဲ့ ပုလဲကကျန်းမာစေပြီး ပျော်ရွှင်မှုယူဆောင်လာစေပါတယ်။ ပုလဲဝတ်ဆင်ထားတဲ့မိန်းကလေးတစ်ယောက်က ဘယ်အချိန်ကြည့်ကြည့် တင့်တယ်နေပါတယ်။

ရွှေ
ရွှေဆိုတာကတော့ ခေတ်အဆက်ဆက် စိတ်ဓာတ်ခွန်အား ၀ိဥာဉ်တွေနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေရှိခဲ့ပြီးသားပါ။ ရွှေက ၀တ်ဆင်သူကို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့်ရှိသွားစေသလို ဇရာကိုတားဆီးပေးနိုင်စွမ်းရှိကြောင်း ယုံကြည်ထားကြပါတယ်။

Crystal
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 


Share on Google Plus

0 comments:

Post a Comment