မိတ်ကပ်ပါးပါးလေးနဲ့လှချင်တယ်ဆိုရင် …










မိတ်ကပ်ဆိုတာ ဘယ်လိုကိုင်တွယ်လိမ်းရမယ်ဆိုတာ သေချာသိရင် လူတစ်ယောက်ကိုလုံးဝပြောင်း လဲသွားနိုင်တဲ့ မှော်ပညာတစ်ခုလိုပါပဲ။ ဒီအချက်ကိုသက်သေပြစရာမလိုပါဘူး။ မိတ်ကပ်လိမ်းထားတဲ့ Celebrity တွေ သူတို့မိတ်ကပ်မလိမ်းခင်က ပုံကိုသာယှဉ်တွဲကြည့်ပါ။ ဒါအထင်ရှားဆုံးသာဓကပါဘဲ။ မျက်နှာကြီးတဲ့သူတွေ သေးသွားစေသလို သေးငယ်သူတွေလည်း ထင်ရှားပြီးကြီးသွားစေပါတယ်။ ကိုရီးယား ကားတွေခေတ်စား ချိန်မှာတော့ မိတ်ကပ်ပါးပါးလေးလိမ်းချင်မှာပေါ့။ ဒါပေမဲ့ဘယ်လိုလိမ်းရမလဲ … ပါးပါးလေးဆိုတာ မိတ်ကပ်နည်းနည်းလေးပဲသုံးတာကို ပြောတာလား။ ဘာကိုပြောတာလဲ။ အဲဒီတော့ မျက်နှာလေးပါးလျသွားစေဖို့အတွက် မိတ်ကပါလိမ်းပုံလိမ်းနည်းလေး လေ့လာကြည့်ရအောင်။

ပုံဖော်မယ်

ပုံဖော်တာကအချိန်ကြာတဲ့အတွက် နေ့တိုင်းဘယ်သူမှ မလုပ်ချင်ကြမှာမဟုတ်ပါဘူး။ ဒါပေမဲ့ကြိုး စားကြည့်ပါ။ လက်ယဉ်သွားမယ်ဆိုရင် ပုံဖော်တာက မိတ်ကပ်လိမ်းတဲ့အခါ အထိရောက်ဆုံးနည်းလမ်း တစ်ခုဆိုတာသိလာပါလိမ့်မယ်။ ပုံဖော်တယ်ဆိုတာမျက်နှာအလင်း အမှောင်ချိန်ညှိပေးတာပါ။ ကိုယ် အသားပေးချင်တဲ့နေရာတွေကို အမှောင်များများသုံးပြီး ကိုယ်ဖုံးကွယ်ချင်တဲ့နေရာတွေကို အလင်းနဲ့ဖုံးဖိတဲ့ နည်းလမ်းတစ်ခုပါ။

မျက်ခုံးခြယ်
မျက်နှာခပ်ပါးပါးလေးနဲ့ လှသွားစေဖို့နောက်ထပ်အဆင့်တစ်ခုကတော့ မျက်ခုံးကိုခပ်ထူထူလေးခြယ် ပေးဖို့ပါ။ ပါးလွှာပြီးနှုတ်ထားတဲ့ မျက်ခုံးကမျက်နှာကိုပိုပြီး လုံးဝန်းသွားစေပါတယ်။ အဲဒါကြောင့်မျက်နှာကို ခပ်ပြေပြေလေးနဲ့ ပါးပါးလေးဖြစ်စေချင်တယ်ဆိုရင်တော့ မျက်ခုံးကိုခပ်ထူထူလေးဖြစ်အောင် ခြယ်သပေး လိုက်ပါ။

မျက်ဝန်းကိုအသားပေး

မျက်ဝန်းကိုအနည်းငယ်လုံးဝန်းသွားပြီး ကြီးသွားသယောင်ဖြစ်စေတာက မျက်နှာပြင်ကမိတ်ကပ်ကို ပါးလွှာသွားသယောင်ထင်ရစေပါတယ်။ အဲဒါကြောင့် မျက်ဝန်းအတွင်းဘက်ခြမ်းကိုအရောင်နုသုံးပြီး ခြယ်ပေးပါ။ မျက်ဝန်းအလှပိုပြီးပေါ်လွင်သွားစေဖို့ မျက်တောင်ကော့ဆေးသုံးပေးပါ။ ကြောင်ပုံသဏ္ဍာန်မျက်ဝန်းလေး ကလည်းမျက်နှာကို ပါးပါးလေးနဲ့ လှသွားစေပါလိမ့်မယ်။

ပါးရိုး၊ မေးရိုးအသားပေး ခြယ်သ
မျက်နှာပြင်က မိတ်ကပ်ကိုပါးလျသွားစေမယ့် နောက်ထပ်နည်းလမ်းတစ်ခုကတော့ မေးရိုး၊ ပါးရိုးပေါ် တွေကိုပေါ်လွင်အောင် ခြယ်သပေးဖို့ပါ။ တောက်ပတဲ့ပေါင်ဒါမှုန့်ပါးပါးလေးကို မေးရိုးတစ်လျှောက်ခြယ်သပေး လိုက်မယ်ဆိုရင်မျက်နှာပြင်လေးကိုပိုပြီး ပါးလျသွားသယောင်ထင်ရစေပါတယ်။

Highlighter သုံးပေး

မျက်နှာပြင်ကမိတ်ကပ်ကို ပါးလျသွားစေဖို့ လွယ်ကူလျင်မြန်ဆုံးနည်းလမ်းကတော့ မျက်ခုံးနဲ့နှာတံရိုး ကိုပေါ်လွင်သွားအောင် Highlighter သုံးပေးဖို့ပါ။ ဒီလိုလုပ်ပေးတဲ့အတွက် မျက်ခုံးနဲနှာခေါင်းကိုသာ သတိထားမိစေပြီး မိတ်ကပ်ကိုပါးသွားသယောင်ထင်ရစေပါတယ်။

Bronzer သုံး
မိတ်ကပ်ပါးပါးလေးဖြစ်သွာစေဖို့ မေးစေ့ကိုသတိထားကြည့်ပါ။ မေးစေ့ကနဂိုထက်ကိုပိုပြီးထင်ရှား ပေါ်လွင်နေသလား။ တကယ်လို့ ထင်ရှားနေတယ်ဆိုရင်တော့ မေးစေ့ကို Bronzer လေးခပ်ပါးပါးသုံးပေး လိုက်ပါ။

နှာခေါင်းကိုသွယ်လျသွားပါစေ
Highlighter နဲ့ပေါင်ဒါအနည်းငယ်သုံးပြီး နှာခေါင်းကိုလိုတာထက်ပိုပြီး သေးသွယ်သွားသယောင် ထင်ရအောင်လိမ်းပေးပါ။ နှာခေါင်းလေးသေးသွားတာက မျက်နှာပြင်ကိုပိုပြီး ပါးလွှာသွားသယောင်ထင်ရ စေပါတယ်။

နှုတ်ခမ်းကိုသဘာဝအတိုင်းထားပါ

တောက်ပပြီးထင်ရှားတဲ့နှုတ်ခမ်းက မျက်နှာကိုပိုပြီးကြီးသွားသယောင် ထင်ရစေပါတယ်။ အဲဒါကြောင့် နှုတ်ခမ်းကို သဘာဝအတိုင်းသာထားပေးပါ။ Gloss ဒါမှမဟုတ် နှုတ်ခမ်းသားပေါင်းဆေးလေးသာသုံးပြီး နှုတ်ခမ်းကိုသဘာဝကျနေပါစေ။ အဲဒါမှ သေသေချာချာခြယ်သထားတဲ့ မျက်ဝန်းကိုသတိထားမိ စေပြီး မျက်နှာပြင်က မိတ်ကပ်ကို ပါးသွားသယောင်ထင်ရစေပါတယ်။

Matte ပေါင်ဒါသုံး
ပေါင်ဒါရွေးချယ်တဲ့အခါမှာလည်း ကိုယ်ရဲ့ပင်ကိုယ်အသားအရောင်ထက် တစ်ဆင့်ပိုညိုတဲ့ အရောင်ကို ရွေးချယ်ဖို့လိုပါတယ်။ နှာခေါင်း၊ မေးရိုးတစ်လျောက် ပေါင်ဒါကိုခပ်ပါးပါးလေးသာသုံးပေးပါ။

ဝဿန်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape




Share on Google Plus

0 comments:

Post a Comment