နှုတ်ခမ်းဆိုးဆေးရွေးချယ်မယ်ဆိုရင် …








ရွေးချယ်စရာများပြားလှတဲ့ အလှကုန်လောကထဲမှာ နှုတ်ခမ်းဆိုဆေးလေးတွေက တစ်ခုအပါအ၀င်ပါ။ နှုတ်ခမ်းဆိုးဆေးလေးတွေက အရောင်စုံတဲ့အတွက် ကိုယ့်မျက်နှာ နှုတ်ခမ်းနဲ့လိုက်ဖက်တဲ့အရောင်ရွေး ချယ်ရတာအနည်းငယ် ခေါင်းစားစရာကောင်းလှပါတယ်။ အဲဒီတော့ ကိုယ့်မျက်နှာအနေအထား၊ နှုတ်ခမ်းနဲ့ လိုက်ဖက်မယ့် နှုတ်ခမ်းဆိုးဆေးလေးတွေ ဘယ်လိုရွေးချယ်ကြမလဲ။

အရောင်တစ်ရောင်ထက်ပိုလိုလိမ့်မယ်။
မိန်းကလေးတိုင်းကိုယ်နှစ်သက်ရာ နှုတ်ခမ်းဆိုးဆေးအရောင်ရှိကြမြဲပါ။ နံနက်ခင်းအလုပ်သွားချိန် အရောင်၊ ညနေခင်းပွဲတက်အရောင်၊ ပေါ့ပေါ့ပါးပါးထသွားထလာအရောင် ဆိုပြီးတော့ ခွဲခြားထားကြမှာကျိန်း သေပါတယ်။ အဲဒီတော့အရောင်တစ်ရောင်တည်းကိုချည်း စွဲစွဲမြဲမြဲသုံးနေမှာလား။ ကိုယ်နဲ့လိုက်ဖက်တဲ့ အရောင် တစ်မျိုးတည်းကိုပဲ ရိုးအီသွားအောင် သုံးနေမှာလား။

အနက်ရောင်အသားအရေ ပိုင်ရှင်တွေအတွက်
အနက်ရောင်အသားအရေ ပိုင်ရှင်တွေအနေနဲ့ကတော့ တောက်ပရွန်းစိုတဲ့အနီရောင်က အကောင်းဆုံး ရွေးချယ်မှုပါ။ မျက်နှာကိုနွေးထွေးတဲ့ အသွင်အပြင်လေးဖန်တီးချင်ရင်တော့ ကြေးနီရောင်လိုမျိုးက အသင့်တော် ဆုံးပါ။ ဒါမှမဟုတ် ၀ိုင်နီရောင်၊ ပတ္တမြားရောင်လိုမျိုးရွေးချယ်နိုင်ပါတယ်။ သတိထားရမှာက အတတ်နိုင်ဆုံး လိမ္မော်ရောင်ကိုရှောင်ပါ။

ပုံမှန်အသားအရေပိုင်ရှင်အတွက်
ပုံမှန်အသားအရေ ပိုင်ရှင်တွေအနေနဲ့ကတော့ နှုတ်ခမ်းဆိုးဆေး အရောင်ခပ်ဖျော့ဖျော့သုံးစွဲပါ။ တောက်ပတဲ့အရောင်တွေကမျက်နှာ အသားအရေရဲ့ဆန့်ကျင်ဘက်ဖြစ်ပြီး မျက်နှာကိုကြည့်ရဆိုးစေပါလိမ့် မယ်။ သာမန်အသားအရေပိုင်ရှင်တွေအနေနဲ့ ပန်းရောင်၊ အညိုရောင်အနုကို ရွေးချယ်သုံးစွဲပါ။

နေ့ဘက်အချိန်မှာ
နေ့ခင်းနေ့လယ်မှာ နှုတ်ခမ်းဆိုးဆေးအရောင် ရွေးချယ်တဲ့အခါ သတိထားရမှာကတော့ အလွန်ရင့်တဲ့ အရောင်တွေမရွေးချယ်ဖို့ပါပဲ။ ဒီအရောင်တွေကမျက်နှာကို ပိုပြီးအိုမင်းရင့်ရော်သွားစေပါတယ်။ အဲဒါကြောင့် ပန်းရောင်၊ လိမ္မော်ရောင်၊ အသားရောင်တို့လို အရောင်မျိုးရွေးချယ်သုံးစွဲပါ။

ညဘက်အချိန်မှာ
ညဘက်အချိန်တွေမှာတော့ တောက်ပရွန်းစိုတဲ့အရောင်မျိုးတွေ ရွေးချယ်ပေးပါ။ ဒီအရောင်တွေက မျက်နှာကိုပေါ်လွင်ထင်ရှားပြီး ဆွဲဆောင်မှုရှိစေပါတယ်။ ဒီအရောင်မျိုးသုံးတဲ့အခါ မျက်ဝန်းကိုခပ်ပါးပါး လေးသာခြယ်သပါ။

ပါးလွှာတဲ့တ်နှုတ်ခမ်းသားအတွက်
ပါးလွှာတဲ့နှုတ်ခမ်းသားပိုင်ရှင်တွေ အနေနဲ့ကတော့ တောက်ပလွန်းတဲ့အရာင်တွေ၊ နက်မှောင်လွန်းတဲ့ ရောင်တွေကို အတတ်နိုင်ဆုံးရှောင်ပါ။ ပန်းနုရောင်၊အသားရောင် တို့လိုနှုတ်ခမ်းသားအလှ ပေါ်လွင်နေစေမယ့် အရောင်မျိုးရွေးချယ်သုံးပါ။

အ၀တ်အစားသတိထား
မျက်နှာအနေအထား၊ နှုတ်ခမ်း ပုံသဏ္ဍန်နဲ့တင်မပြီးသေးပါဘူး။ ကိုယ့်ရဲ့အ၀တ်အစားရွေးချယ်မှုက လည်း တိကျပါတယ်။ မျက်နှာအနေအထား၊ အ၀တ်အစားတို့ကိုချိန်ညှိပြီးမှ နှုတ်ခမ်းဆိုးဆေးအရောင်ကို ရွေးချယ်ပါ။

မ၀ယ်ခင်စမ်းသပ်
အရေးကြီးဆုံးက နှုတ်ခမ်းဆိုးဆေး မ၀ယ်ခင်မှာ အရောင်စမ်းကြည့်ဖို့ပါဘဲ။ တစ်ချို့ဟာ နှုတ်ခမ်း ဆိုးဆေးအရောင်တွေက ပြထားတာနဲ့မတူဘဲ ကွဲလွဲနေတတ်ပါတယ်။
ဝဿန်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape




Share on Google Plus

0 comments:

Post a Comment