နှုတ်ခမ်းဆိုးဆေးတာရှည်ခံပြီး လှလှလေးဖြစ်ရလေအောင်








မဂ္ဂဇင်းဂျာနယ်စာမျက်နှာပေါ်က မော်ဒယ်လေးတွေကိုတွေ့တဲ့အခါ သူတို့လိမ်းထားတဲ့နှုတ်ခမ်းဆိုးဆေး လေးတွေက တောက်ပပြီးချောမွေ့ ပြောင်လက်အပြစ်ကင်းစင်နေတာ တွေ့ရပါလိမ့်မယ်။ နှုတ်ခမ်းဆိုးဆေး နဲ့အတူ အပြစ်ကင်းစင်တဲ့မိတ်ကပ်ပညာပေါ့။ အဲဒီအခါ သူတို့ကိုအားကျပြီး သူတို့ကြော်ငြာတဲ့နှုတ်ခမ်း ဆိုးဆေးဝယ်ဆိုးကြတယ်။ ဒါပေမဲ့ ကိုယ်ထင်ထားသလိုဖြစ်မလာဘူး။ အဲဒီတော့နှုတ်ခမ်းဆိုးဆေးတာရှည် ခံပြီးလှလှလေးဖြစ်အောင်ဘယ်လိုဆိုးကြမလဲ …

ကြေးချွတ်
နှုတ်ခမ်းကိုပုံမှန်ကြေးချွတ်ပေးခြင်းက နှုတ်ခမ်းသားကိုနူးညံ့စိုပြေစေပြီး ချောမွေ့စေပါတယ်။ နှုတ်ခမ်း ကြေးချွတ်ဖို့အတွက် ကြေးချွတ်ဆေးလေးကို သွားပွတ်တံလေးနဲ့ပွတ်ပြီး ကြေးချွတ်ပေးနိုင်ပါတယ်။ နှုတ်ခမ်းကို ပုံမှန်ကြေးချွတ်ပေးခြင်းက နှုတ်ခမ်းသားကို ချောမွေ့သွားစေပြီး နှုတ်ခမ်းဆိုးဆေးကိုတာရှည်ခံစေပါတယ်။

သန့်ရှင်းပါစေ
တာရှည်ခံတဲ့နှုတ်ခမ်းဆိုးဆေးလေး ပိုင်ဆိုင်ဖို့အတွက် နှုတ်ခမ်းဆိုးဆေးမသုံးခင်မှာ နှုတ်ခမ်းကိုသန့် ရှင်းနေပါစေ။ နှုတ်ခမ်းသားပေါ်က ဆီတွေ၊ မျက်နှာပြင်ပေါ်ကအဆီတွေက နှုတ်ခမ်းဆိုးဆေးကိုတာရှည် မခံဘဲပျက်ပြယ်သွားစေပါတယ်။ အဲဒါကြောင့် နှုတ်ခမ်းဆိုးဆေးမသုံးခင်မှာ နှုတ်ခမ်းကိုခြောက်သွေ့သန့်ရှင်း အောင်ထားပါ။

ရေဓာတ်ပြည့်ဝနေပါစေ
နှုတ်ခမ်းသားပေါင်းဆေး ပုံမှန်သုံးပေးခြင်းက နှုတ်ခမ်းသားကိုချောမွေ့စေပြီး နှုတ်ခမ်းသားအဖတ်တွေ ကွာတာကိုသက်သာစေပါတယ်။ နှုတ်ခမ်းဆိုးဆေးမသုံးခင်မှာ နှုတ်ခမ်းသားပေါင်းဆေးသုံးပေးပါ။ ပေါင်းဆေးက နှုတ်ခမ်းသားကို ရေဓာတ်ပြည့်ဝနေစေပြီး စိုပြေတင်းရင်းစေပါလိမ့်မယ်။

Primer သုံးပါ
ပိုပြီးတာရှည်ခံတောက်ပတဲ့ နှုတ်ခမ်းဆိုးဆေးလေး ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ နှုတ်ခမ်းဆိုးဆေး အောက်ခံကိုသုံးပေးပါ။ ဒီအခြေခံနည်းလမ်းလေးက နှုတ်ခမ်းဆိုးဆေးကိုပိုပြီး ခိုင်မြဲနေစေပါလိမ့်မယ်။ အံ့သြစရာကောင်းတာက နှုတ်ခမ်းအတွက်သီးသန့်ထုတ်ထားတဲ့ အောက်ခံကရှားပါးပါတယ်။ ဒါပေမဲ့ သုံးစွဲတဲ့ နှုတ်ခမ်းဆိုးဆေးအောက်ခံကလည်း နှုတ်ခမ်းသားအတွက် အဖိုးတန်နေပါလိမ့်မယ်။

အကောင်းဆုံးကိုရွေးချယ်
ဈေးပေါလွန်းတဲ့ နှုတ်ခမ်းဆိုးဆေးက အလျင်အမြန်ပျက်သွားပါလိမ့်မယ်။ အဲဒါကြောင့်ဈေးကွက်ထဲမှာ တန်းဝင်တဲ့ နှုတ်ခမ်းဆိုးဆေးလိုမျိုးသာရွေးချယ်ပါ။ နှုတ်ခမ်းဆိုးဆေးဆိုတာလည်း မိတ်ကပ်ပစ္စည်း တစ်မျိုးပါပဲ။ အဲဒါကြောင့် ကိုယ့်မျက်နှာအတွက် တန်ဖိုးရှိတဲ့မိတ်ကပ်ရွေးချယ်သလို နှုတ်ခမ်းဆိုးဆေးကိုလည်း အရည် အသွေးကောင်းတာမျိုးရွေးချယ်ပါ။

မှန်ကန်တဲ့အရောင်
နှုတ်ခမ်းဆိုးဆေးအရောင်ရွေးချယ်မှုကလည်း ကိုယ့်နှုတ်ခမ်းပေါ်မှာ ဘယ်လောက်တာရှည်ခံတယ်ဆို တာပြောပြပါလိမ့်မယ်။ သာမန်အားဖြင့် နှုတ်ခမ်းဆိုးဆေးအရောင်ဖျော့တွေက တာရှည်မခံဘဲအလွယ် တကူပျက်သွားပါလိမ့်မယ်။ နှုတ်ခမ်းဆိုးဆေးအရောင်ရင့်တွေမှာတော့ ရောင်ခြယ်တွေပိုမိုပါဝင်တဲ့အတွက် နှုတ်ခမ်းသားမှာ တာရှည်စွဲမြဲနေစေပြီး စားသောက်တာတောင်မှ ပျက်သွားဖို့ခဲယဉ်းနေစေပါလိမ့်မယ်။

နှုတ်ခမ်းသားအပြင်ဘက်မပျံ့သွားစေဖို့
နှုတ်ခမ်းဆိုးဆေးတွေ နှုတ်ခမ်းသားအပြင်ဘက်မပျံ့သွားစေဖို့အတွက် မျက်ခုံးမွေးဆွဲ Gel ဒါမှမဟုတ် Base Mascera ကိုနှုတ်ခမ်းလိုင်းတွေပေါ်မှာဆွဲပေးပါ။ ဒါမှနှုတ်ခမ်းလေးကိုကြွကြွလေးနဲ့ပိုပြီး ပေါ်လွင်လှပသွား စေပါလိမ့်မယ်။

နှစ်ထပ်ဆိုး
နှုတ်ခမ်းဆိုးဆေးသုံးတဲ့အခါမှာ ပထမတစ်ထပ်ဆိုးပြီး တစ်ရှုးစကလေးနဲ့ ခပ်ဖွဖွလေးသုတ်ပေးပါ။ ပြီးမှ ဒုတိယတစ်ထပ်ကိုဆိုးပေးပါ။ ဒါက ပိုပြီးအချိန်ကုန်သယောင်ရှိပါတယ်။ ဒါပေမဲ့ သုံးပြီးသွားတဲ့အခါမှာ တစ်ထပ်တည်းဆိုးထားတာနဲ့ မတူဘဲကွဲပြားခြားနားပါလိမ့်မယ်။

ပေါင်ဒါသုံး
နောက်ဆုံးအဆင့်အနေနဲ့ နှုတ်ခမ်းဆိုးဆေးတာရှည်ခံအောင် အဆုံးသတ်ဖို့အတွက် နှုတ်ခမ်းဆိုးဆေး အပေါ်မှာ Translucent Powder လေးခပ်ပါးပါးသုံးပေးလိုက်ပါ။ နှုတ်ခမ်းသားကိုပိုပြီး ထင်ရှားပေါ်လွင်သွား စေပါလိမ့်မယ်။

Gloss မသုံးနဲ့
Lip gloss တွေမှာ အဆီတွေပါဝင်တဲ့အတွက် နှုတ်ခမ်းဆိုးဆေးအရောင်တွေရဲ့ တင်းအားကိုလျော့ သွားစေပါတယ်။ အဲဒါကြောင့် နှုတ်ခမ်းဆိုးဆေးလေး တာရှည်ခံစေချင်တယ်ဆိုရင်တောူ့ငစ Lip gloss ကိုသာရှောင်လိုက်ပါ။
ဝဿန်


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape


Share on Google Plus

0 comments:

Post a Comment