စမတ်ဖုန်းထဲကကိုယ့်ရဲ့တစ်ကိုယ်ရေအချက်အလက်တွေဟာ
ကိုယ့်အတွက်အလွန်အရေးကြီးသလို ကိုယ်တစ်ယောက်တည်းသာအသုံးပြုနိုင်မယ့် သီးသန့်အချက် အလက်တွေဖြစ်နေ ဖို့လိုလာ ခဲ့ပြီဖြစ်ပါတယ်…
စမတ်ဖုန်းတွေဟာ
အခုအချိန်မှာ လူအများစုအတွက် တစ်ကိုယ်ရေအချက်အလက်တွေကို အလွယ်တကူ အသုံးပြုသိမ်းဆည်း
နိုင်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်လာခဲ့ပါတယ်။ အထူးသဖြင့် စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်မယ်။
Message တွေပို့မယ်။ လူမှုကွန်ရက်တွေ Web စာမျက်နှာတွေအသုံးပြုမယ် အစရှိ သည်ဖြင့် ကိုယ်အသုံးပြုခဲ့သမျှ
အရာတွေအားလုံးကို တိတိကျကျ မှတ်သားသိမ်းဆည်းပေးနိုင်တဲ့အတွက် လူမှုပတ်ဝန်းကျင်မှာ မရှိမဖြစ်နေ့စဉ်အသုံးပြုလာကြတဲ့
နည်းပညာတစ်ပစ္စည်း တစ်ခုအဖြစ် တဖြည်းဖြည်းရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
ဒါကြောင့်
စမတ်ဖုန်းထဲက ကိုယ့်ရဲ့တစ်ကိုယ်ရေအချက်အလက်တွေဟာ ကိုယ့်အတွက်အလွန် အရေးကြီး သလို ကိုယ်တစ်ယောက်တည်းသာအသုံးပြုနိုင်မယ့်
သီးသန့်အချက် အလက်တွေဖြစ်နေဖို့ လိုလာခဲ့ပြီဖြစ် ပါတယ်။ Android စမတ်ဖုန်းတွေအတွက် လုံခြုံရေးစနစ်ဟာ
အခုအခါမှာ OS အဆင့်မြင့်လာတာနဲ့အမျှ တဖြည်းဖြည်းပိုပြီး ကောင်းမွန်လာခဲ့ကြပါ တယ်။ အထူးသဖြင့်
စမတ်ဖုန်းထုတ်လုပ်သူတွေဟာ ကိုယ့်ရဲ့ဖုန်းကို ကိုယ်ကလွဲပြီး တခြားသူတွေအလွယ်တကူ အသုံးမပြုနိုင်အောင်
Lock ချထားနိုင်ဖို့အတွက် Builtin အနေနဲ့ Pattern, PIN, Password စတဲ့စနစ်တစ်ခုလုံးကို
ကာကွယ်ထားနိုင်မယ့် လုံခြုံရေးစနစ်ကို ထည့်သွင်းပေးထားပြီးဖြစ်ပါတယ်။
ဒါပေမဲ့ ဒီစနစ်ဟာ
ဖုန်း Screen Off ဖြစ်တာနဲ့ ဖုန်းကို Lock ပြုလုပ်လိုက်ပြီး ပေးထားတဲ့ Pattern,
PIN, Password အတိုင်း မှန်ကန်စွာ ပြန်လည်ထည့်သွင်းနိုင်မှ ဖုန်းကိုဆက်လက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
နေ့စဉ်ဖုန်းအသုံးပြုမှုများပြားတဲ့သူတွေဆိုရင်တော့ ဒီလိုအမြဲတမ်းပြန်လည်ထည့်သွင်းနေရတာဟာ
ဖုန်းအတွက်လုံခြုံပေမယ့် ညည်းငွေ့စရာတစ်ခုသဖွယ် ဖြစ်လာပါလိမ့်မယ်။ ဒီအခါမှာဖုန်းတစ်ခုလုံးကို
Lock ပြုလုပ်စရာမလိုဘဲ ထည့်သွင်းထားတဲ့ Apps တွေအကုန်လုံးကို တစ်ခုချင်းစီလိုအပ်သလို
Lock ပြုလုပ်နိုင်ခဲ့ရင် အလုပ်ရှုပ်သက်သာကာ ပိုပြီးအဆင်ပြေစေမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်နိုင်ဖို့အတွက်
သီးသန့် Apps တစ်ခုဖြစ်တဲ့ Lockdown Pro ဆိုတဲ့ Apps ကို အသုံးပြုနိုင်ပါတယ်။
ဒီ Apps
ဟာ ဖုန်းထဲမှာရှိသမျှ Apps တွေအကုန်လုံးကို တစ်ခုချင်းစီ Lock ပြုလုပ်နိုင်ပြီး ထူးခြားချက်အနေနဲ့
Password ပေးထားတဲ့နေရာမှာ ပိုမိုရှုပ်ထွေးခက်ခဲတဲ့ Calculator အနေနဲ့ပေးထားနိုင်စေမှာဖြစ်ပါတယ်။
ဒါ့အပြင် Smart Lock လို့ခေါ်တဲ့ တည်နေရာ၊ အသုံးပြုတဲ့ Wifi Spot ၊ ချိတ်ဆက်လေ့ရှိတဲ့
Bluetooth တွေနဲ့လည်း ကြိုတင်သတ်မှတ်ထားကာ အလိုအလျှောက် Unlock ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Lockdown
Pro ကို အသုံးပြုဖို့ဖွင့်လိုက်တာနဲ့ Password မေ့သွားတဲ့အခါ ပြန်လည်ရယူနိုင်မယ့် email
တစ်ခုပေးထားရမှာဖြစ်ပါတယ်။ ပြီးတာနဲ့ Lockdown App ကို စပြီးအသုံးပြုနိုင်ပါပြီ။ Apps
ရဲ့ အပေါ်ဘက်ပိုင်းမှာတော့ Basic Apps တွေကို ပုံမှန်အားဖြင့်တွေ့မြင်ရမှာဖြစ်ပြီး ကျန်တဲ့
Apps တွေကိုတော့ အောက်ဘက်က Normal App ရဲ့ အောက်မှာတွေ့မြင်ရမှာဖြစ်ပါတယ်။
Apps တစ်ခုချင်းစီရဲ့
ဘေးနားမှာရှိတဲ့ Button လေးကိုနှိပ်ပြီးရွှေ့ကာ Lock လုပ်ချင်တဲ့ Apps ကိုရွေးချယ်ပေးနိုင်ပါတယ်။
Lock ပြုလုပ်ထားတဲ့အချိန်မှာ Lock ပြုလုပ်ထားမှန်း မသိသာစေချင်ရင် Fake Cover ဆိုတဲ့လုပ်ဆောင်ချက်နဲ့
ဖုံးအုပ်ထားနိုင်ပါတယ်။ Lockdown Pro ရဲ့ ဘယ်ဘက်အပေါ်ထောင့်နားက Menu Button လေးကိုနှိပ်လိုက်ပါ။
ပေါ်လာတဲ့ Menu ကနေတစ်ဆင့်ပေါ်လာတဲ့နေရာမှာ Fake Cover ကို ၀င်ရောက်ပြီးဖွင့်ထားပေးပါ။
ပြီးရင် ကိုယ် Lock ပြုလုပ်လိုက်တဲ့ Apps ရဲ့ on/ off Button လေးကို ခဏလေးဖိထားလိုက်ပါ။
ဒါဆိုရင် Apps ရဲ့ဘေးမှာ Fake ဆိုတဲ့စာတန်းလေးပေါ်လာမှာဖြစ်ပါတယ်။
ပြီးရင် Private
Gallery ဆိုတဲ့နေရာမှာ ကိုယ့်ဖုန်းထဲကရှိတဲ့ပုံတွေကိုပုံမှန် Apps တွေ၊ File
Manager တွေကနေမမြင်အောင် Hide ပြုလုပ်ထားနိုင်ဖို့ သတ်မှတ်ပေးထားနိုင်ပါတယ်။ ဒီလို
Hide ပြုလုပ်လိုက်တဲ့အခါ Lockdown ကို အသုံးမပြုချင်တော့လို့ ပြန်ပြီးထုတ်ပစ်ချင်တဲ့အခါ
မထုတ်ပစ်ခင် Un-Hide ပြန်လုပ်ထားမှ ပုံတွေကိုပြန်မြင်ရမှာဖြစ်ပါတယ်။ အဲဒီအောက်နားမှာရှိတဲ့
Smart Lock ကတော့ ကိုယ့်နဲ့ချိတ်ဆက် အသုံးပြုနေကျ Bluetooth Device, Wifi Sport,
Location တစ်ခုခုရောက်တာနဲ့ Lock ပြုလုပ်ထားသမျှတွေ အလိုအလျောက်ပွင့်သွားအောင် ကြိုတင်သတ်မှတ်ထားနိုင်မှာဖြစ်ပါတယ်။
အောက်ဘက်မှာရှိတဲ့ Password ဆိုတဲ့ Menu ထဲမှာတော့ ကိုယ်အသုံးပြုချင်တဲ့ Password
Modeကို ပြန်လည်ရွေးချယ်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ အသစ်ပါဝင်လာတဲ့ Calculator
Mode ကိုရွေးချယ်ပြီး ကိုယ်တစ်ခါမှအသုံးမပြုဖူးသေးတဲ့ Password Patterm အသစ်တစ်ခုကိုဖန်တီးအသုံးပြုနိုင်ပါတယ်။
မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment