ပါးပါးလေးနဲ့ လှချင်တယ်ဆိုရင်







'မိတ်ကပ်လိမ်းထားတာ ပါးပါးလေးနဲ့လှလိုက်တာ' ဆိုရင် မိန်းကလေးတိုင်း ကြိုက်ကြပါတယ်။ 'မိတ် ကပ် ထူလပျစ်နဲ့'ဆိုရင် ဘယ်သူမှ မကြိုက်ကြပါဘူး။ မိတ်ကပ်ဆိုတာ မိန်းကလေးတစ်ယောက်ရဲ့ ရုပ်အသွင်ကို ပြောင်းလဲသွားစေနိုင်တဲ့ မှော်ဝင်ပစဿစည်းတစ်မျိုးပါ။ ဒီစ္စည်းကိုတော့ သေချာသုံးသပ်ဖို့လိုပါတယ်။ ဥပမာ- အနုပညာရှင်တွေကို လေ့လာကြည့်ပါ။ သူတို့မိတ်ကပ်လိမ်းထားတဲ့ပုံစံက ဘယ်လောက်တောင် ကွာခြားသလဲ။ အထူးသဖြင့် ကိုရီးယားမင်းသမီးလေးတွေ၊ ဂျပန်မင်းသမီးလေးတွေ လိမ်းထားကြတဲ့ မိတ်ကပ်ကပါးလျား ပြီးမျက်နှာကို နုပျိုသွားသယောင် ထင်ရပါတယ်။ အဲဒီတော့ ပါးပါးလေးနဲ့လှပဖို့ မိတ်ကပ်ဘယ်လိုလိမ်းခြယ်ကြမ လဲ။

ပုံသွင်းခြင်း
မျက်နှာအချိုးအစားစကို လိုအပ်သလို ပုံသွင်းလိမ်းခြယ်ဖို့က အချိန်ယူရတဲ့အတွက် ဘယ်သူမှပုံသွင်း ပြီး မလိမ်းချင်ကြပါဘူး။ တကယ်တော့ ပုံသွင်းလိမ်းခြယ်ခြင်းက မျက်နှာပြင်ကို ပါးပါးလျလျလေးနဲ့ လှပစေဖို့ နည်းလမ်းကောင်းတစ်ခုပါ။ မျက်နှာကိုပုံစံချလိုက်တဲ့အတွက် အလင်းအမှောင်ကို ချိန်ညှိပေးပြီးသား ဖြစ်စေ သလို ကိုယ်အသားပေးချင်တဲ့နေရာတွေကို ပိုပြီးလှပပေါ်လွင်အောင် ဖန်တီးပေးနိုင်ပါတယ်။

မျက်ခုံးခြယ်သရာဝယ်

မျက်ခုံးကလူတစ်ယောက်ရဲ့ မျက်နှာသွင်ပြင်ကိုထင်ရှားပေါ်လွင်စေဖို့ အကောင်းဆုံးအချက်အခြာပါ။ ရှည်လျားသေးသွယ်တဲ့ မျက်ခုံးတစ်စုံက မျက်နှာကိုဝိုင်းစက်သွားစေပါတယ်။ မျက်နှာကိုပါးပါးလျလျလေးနဲ့ နုပျိုသွားသယောင် ဖြစ်စေချင်ရင်တော့ မျက်ခုံးကိုခပ်ထူထူ ခပ်နက်နက်လေး ခြယ်သပေးဖို့လိုပါတယ်။

မျက်ဝန်းကိုအဓိကထားပါ
မျက်လုံးပြူးပြူးဝိုင်းဝိုင်းလေးနဲ့ လူသတိထားမိစရာ မျက်ဝန်းလေးကမျက်နှာကို ပါးလျသွားသယောင် ဖြစ်စေပါတယ်။ အဲဒါကြောင့်ဝိုင်းစက်လှပတဲ့ မျက်ဝန်းလေးတစ်စုံပိုင်ဆိုင်ဖို့ မျက်လုံးရဲ့အတွင်းထောင့်ကို အရောင်လေးတွေခြယ်သပါ။ မျက်ဝန်းလေးပိုကျယ်သွားစေဖို့ မျက်တောင်ကော့ဆေး၊ မျက် တောင်ကော့တံ ကိုအသုံးပြုပါ။ ကြောင်ပုံသဏ္ဍာန်မျက်ဝန်းလေးက မျက်နှာကိုပါးလျ သေးသွယ်သွားစေပါတယ်။

ပါးရိုးကိုခြယ်သ
မျက်နှာလေးပါးပါးလျလျဖြစ်နေစေဖို့ နောက်ထပ်နည်းလမ်းကောင်းတစ်ခုကတော့ မျက်နှာကိုပုံဖော်ဖို့ ပါဘဲ။ ကိုယ့်ရဲ့မျက်နှာအနေအထားကို ပိုပြီးတိကျပေါ်လွင်စေဖို့အတွက် ပါးရိုး၊ နှာတံရိုးတို့ကို ပုံဖော်ပေးပါ။ ပါးရိုး တစ်လျှောက် တောက်ပတဲ့ ပေါင်ဒါမှုန့်ခပ်ပါးပါးလေး ခြယ်သပေးခြင်းက မျက်နှာကိုထင်ရှားပေါ်လွင်စေပြီး ပါးလျသွားစေပါလိမ့်မယ်။

Highlighter သုံးပြီးပုံဖော်ပါ
မျက်နှာကိုပါးလျသွားသယောင်ဖြစ်စေဖို့ နောက်ထပ်နည်းလမ်းကောင်း တစ်ခုကတော့ နှာခေါင်းကို ဗဟိုပြုပြီး Highlighter သုံးဖို့ပါဘဲ။ မျက်ခုံးနှစ်ခုအကြားကနေ နှာခေါင်းကို ဗဟိုပြုပြီး Highlighter သုံးဖို့ပါဘဲ။ မျက်ခုံးနှစ်ခုအကြားကနေ နှာခေါင်းဘေးလိုင်းတစ်လျောက် နုတ်ခမ်းအပေါ်ဘက်၊ မေးစေ့အလယ်ဘက်ကို Highlighter သုံးပြီးခြယ်သပေးပါ။

Bronzer သုံးပါ
မေးစေ့ပါးရိုးအနည်းငယ် ပြည့်ကားနေသူတွေအနေနဲ့ကတော့ Bronzer သုံးဖို့လိုပါတယ်။ Bronzer ကမေးရိုး၊ ပါးရိုးတွေကို သေးသွယ်သွားစေပါလိမ့်မယ်။ Bronzer ကို ပါးရိုး၊ မေးစေ့တစ်လျောက်ခပ်ပါးပါးလေးခြယ်ပေးပါ။

နှာခေါင်းပုံဖော်ပါ

နောက်ထပ်မျက်နှာပါးလျသွားစေဖို့ မိတ်ကပ်ပြင်ဆင်နည်းကတော့ ပေါင်ဒါနဲ့ Highlighter ကို ကျွမ်းကျင်စွာ သုံးတတ်ဖို့ပါဘဲ။ ပြီးမှ နှာတံရိုးမှာ Highlighter လေးသုံးပေးလိုက်တာက နှာခေါင်းကိုခပ်ပါးပါးလေးနဲ့ လှပသွား စေပါလိမ့်မယ်။

နှုတ်ခမ်းကိုသဘာဝအတိုင်းထားပါ
မျက်နှာကိုပါးပါးလျလျလေး လှချင်နေရင်တော့ နှုတ်ခမ်းကို သဘာဝအရောင်လေးဘဲ ထားဖို့လိုပါ တယ်။ နှုတ်ခမ်းကိုအရောင်ဆိုးလိုက်တာက မျက်နှာကိုပိုပြီးကြီးသွားသယောင် မြင်ရစေပါတယ်။ အဲဒါကြောင့် မသုံးမဖြစ်သုံးမယ်ဆိုရင်လည်း သဘာဝကျကျနှုတ်ခမ်း အရောင်မျိုးသာရွေးပြီးသုံးပေးပါ။

Matte ပေါင်ဒါသုံးပါ
ပေါင်ဒါရွေးချယ်မှုကအရေးကြီးပါတယ်။ မျက်နှာလေးကို သေးသွယ်ပြီးပါးလျသွားစေဖို့ ကိုယ့်အသား အရေ ထက်အနည်းငယ်ညိုတဲ့ Matte ပေါင်ဒါသုံးပါ။ အသားရောင်နဲ့ဆင်တူ အသားအရောင်ထက်ပိုပြီး ဖြူတဲ့ ပေါင်ဒါတွေသုံးပေးခြင်းက နှာခေါင်း၊ မေးရိုး၊ ပါးရိုးတွေကိုပိုပြီး ကျယ်ပြန့်သွားစေတဲ့အတွက် မျက်နှာကို ထူအမ်းအမ်းကြီးဖြစ်သွားစေပါလိမ့်မယ်။

ဝဿန်

---------------------------------------------
ကျန်းမာလန်းဖြာစေဖို့ ကျန်းသုခ Health Guide ကို ဖတ်ကြပါစို့။
Share on Google Plus

0 comments:

Post a Comment