နွမ်းကျမျက်နှာကိုဖြေဖျောက်ပေးမယ့် မိတ်ကပ်ပညာ








ညဘက်အပြင်ထွက်ထွက် နေ့ဘက်ပဲထွက်ထွက် မိတ်ကပ်လှလှလေးလိမ်းထား၊ ဆံပင်သေသေ ချာချာပြင်ဆင်၊ အ၀တ်အစားဖက်ရှင်ကျကျ ၀တ်စားထားပေမယ့် 'ပင်ပန်းနေပုံပဲနော်' ဆိုတဲ့စကားက ကြားရသူကိုပိုပြီး မောပန်းစေပါတယ်။ တကယ်လည်း ပင်ပန်းတဲ့သွင်ပြင်က မျက်နှာပေါ်ကနေဖယ်ရှားပစ်လို့ မရပါဘူး။ စိတ်မပူပါနဲ့။ မိတ်ကပ်ပညာဆိုတာ အလကားမှမဟုတ်တာ။ ကိုယ့်ရဲ့ပင်ပန်းနေတဲ့သွင်ပြင်ကို ဘယ်လိုဖျောက်ဖျက်ပစ်ကြမလဲ။

ရေအေးအေးလေးဖြန်းပါ
မျက်နှာကို ရေအေးအေးလေးနဲ့ ဖြန်းလိုက်တာက မျက်နှာပြင်ပေါ်က သွေးကြောတွေကိုကျုံ့သွားစေပြီး အသားအရေကို တင်းရင်းလာစေပါတယ်။ မျက်နှာပြင်ကိုပိုပြီး ချောမွေ့သွားသယောင်ထင်ရစေပြီး စိတ်ပါလန်းဆန်းလာစေပါတယ်။

မျက်အိတ်လျှော့ချပါ
ပင်ပန်းမှုက မျက်နှာမှာပေါ်နေပါတယ်။ ပင်ပန်းတဲ့အခါ မျက်ခွံကဖောင်းအစ်ပြီး ညိုမည်းလာပါတယ်။ အဲဒါကြောင့် အပြင်မထွက်ခင်လိုမျိုးမှာဖြစ်စေ သခွားသီးခပ်ပါးပါးလေးလှီးကပ်တာမျိုး လုပ်ပေးပါ။ မျက်ဝန်း ကိုပါ ကြည်လင်တောက်ပစေပါလိမ့်မယ်။

အစိုဓာတ်ဖြည့်
အိပ်စက်ချိန်နည်းတဲ့အခါ အသားအရေကခြောက်သွေ့မွဲခြောက် လာပါတယ်။ အဲဒါကြောင့်အိပ်ရေး ပျက်တတ်သူများ အစိုဓာတ်ခရင် ကောင်းကောင်းသုံးပေးဖို့လိုပါတယ်။ ဒါမှ အသားအရေက စိုစိုတင်းတင်း လေးနဲ့ အရေးအကြောင်းတွေကိုပါ ပျောက်ကင်းစေမှာပါ။

နို့နဲ့ရေခဲ
နို့အေးအေးလေးတစ်ခွက်ထဲမှာ အ၀တ်စလေနှစ်ထားပြီး အဲဒီအ၀တ်ကို မျက်နှာပေါ်မှာအုပ်ထားပေးပါ။ ဒါက အသားအရေကို သန့်ရှင်းလာစေသလို ရေခဲကြောင့် မျက်နှာအသားအရေက ခပ်တင်းတင်းလေး ဖြစ်ပြီး ကြည့်ရကောင်းလာပါလိမ့်မယ်။

Eyeahadow အဖြူရောင်သုံး
ပင်ပန်းမှုကိုကွယ်ဖျောက်ဖို့ eyeshadow အဖြူရောင်ကိုသုံးနိုင်ပါတယ်။ အဖြူရောင် eyeshadow ကို မျက်ဝန်းအတွင်းထောင့်မှာသုံးပေးပါ။ မျက်နှာပြင်ကို ချက်ချင်းဆိုသလို ၀င်းပသွားစေပါလိမ့်မယ်။

မျက်ကွင်းညိုတာဖုံးကွယ်ပါ
ပင်ပန်းနေတဲ့အခါ မျက်ကွင်းတွေကညိုနေပါလိမ့်မယ်။ အဲဒီအတွက်တော့ ဘာမှစိတ်မပူပါနဲ့။ ကွန်ဆစ် လာ ကောင်းကောင်းသုံးပေးပါ။ ကွန်ဆစ်လာကမျက်နှာပြင်ပေါ်က အပြစ်အနာအဆာမှန်သမျှကို ဖုံးဖိပေး ပါလိမ့်မယ်။

မျက်တောင်ကော့ဆေးသုံးပါ
ဘယ်လောက်ပဲပင်ပန်းပါစေ။ မျက်တောင်ကော့ဆေးသုံးဖို့ ဘယ်တော့မှမမေ့လိုက်ပါနဲ့။ ကိုယ့်ရဲ့မျက် ၀န်းအလှကို ထင်ရှားပေါ်လွင်စေဖို့ မျက်တောင်လေးတွေကော့ပေးပါ။ မျက်တောင်ကော့ဆေးသုံးပေးပါ။ ဒါမှ မျက်ဝန်းလေးက ပိုလင်းလာပြီး တောက်ပသွားစေပါလိမ့်မယ်။

ပါးနီသုံးပေးဖို့မမေ့နဲ့
ပင်ပန်းနွမ်းနယ်တဲ့အခါ အသားအရေကဖျော့လာပါတယ်။ အဲဒါကြောင့် ပင်ပန်းတာကိုကွယ်ဖျောက်ဖို့ အတွက် ပါးနီသုံးပေးပါ။ မက်မွန်သီးရောင်၊ ပန်းရောင်တို့က ပါးအို့လေးကို ဆွဲဆောင်မှုရှိရှိလှပစေပြီး ပင်ပန်းမှုကို ဖုံးကွယ်ပေးပါလိမ့်မယ်။

နှုတ်ခမ်းဆိုးဆေးသုံး
ပင်ပန်းနွမ်းနယ်လာတဲ့အခါ နှုတ်ခမ်းက ညိုမည်းလာတတ်ပါတယ်။ အဲဒါကြောင့် ပထမဦးဆုံးနှုတ်ခမ်း ကို အစိုဓာတ်ဖြည့်ပေးပါ။ ပြီးမှ ကိုယ်နှစ်သက်ရာ နှုတ်ခမ်းဆိုးဆေးအရောင် သုံးပေးပါ။

Facial Mist သုံးပါ
ပင်ပန်းတဲ့အခါ အသားအရေက ခြောက်သွေ့လာပါတယ်။ အဲဒါောကာင့် င်ဿခေငေူ ငျြအ လေးတစ်ဘူးကိုသွားလေရာ အမြဲဆောင်သွားပါ။ အသားအရေ ခြောက်သွေ့တဲ့အခါတိုင်းသုံးပေးမယ်ဆိုရင် စိုပြေလန်းဆန်းလာစေပါလိမ့်မယ်။
ဝဿန်


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape


Share on Google Plus

0 comments:

Post a Comment