မိုဘိုင်းဖုန်းတော်လှန်ရေးတစ်ခေတ်ဆန်းသစ်လာပြီ…









မိုဘိုင်းဖုန်းတွေပေါ်လာစဉ်က ဆက်သွယ်ရေးဆိုတာဟာ တစ်ယောက်နဲ့တစ်ယောက် စကားပြောကြရုံ သက်သက်ပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Message တွေပို့တာတွေပါလာတယ်။ နောက်ပိုင်း Message မှာမှ စာသားသပ်သပ်ဆိုတာထက် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေပါပေးပို့နိုင်တဲ့ MMS ဆိုတဲ့ Multimedia တွေကိုပါ ထည့်သွင်းလာနိုင်ပါတယ်။ နောက်ထပ်မှာတော့ အဆင့်ပိုမြင့်လာပြီး Internet တွေ၊ Email တွေနဲ့ Video Call တွေ ခေါ်ဆိုနိုင်လာသည်အထိ ပိုမိုကောင်းမွန်လာခဲ့ပါတယ်။ 

ဒါပေမဲ့ ဒီလိုအသုံးပြုနိုင်မှုတွေဖြစ်ထွန်းလာတာဟာ လွယ်လွယ်နဲ့ဖြစ်ခဲ့တာမဟုတ်ပါဘူး။ ၁၉၈၀ ခုနှစ်တွေ ကနေစတင်ပြီး ဒီနေ့ ၂၀၁၄ ရောက်သည်အထိ နှစ်ပေါင်း ၃၀ နီးပါး စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ် ခဲ့ကြခြင်းရဲ့အကျိုးရလဒ်ပဲဖြစ်ပါတယ်။ အဲဒီ နှစ်ပေါင်း ၃၀ အတွင်းမှာအောင်မြင်ခဲ့တဲ့ နည်းပညာတွေ လည်းရှိခဲ့သလို မအောင်မြင်ဘဲခပ်မြန်မြန်သက်တမ်းကုန်ဆုံးသွားခဲ့တဲ့ နည်းပညာတွေလည်းရှိပါတယ်။

ပထမမျိုးဆက်မိုဘိုင်းဆက်သွယ်ရေး(1G)
1G ဟာ ပထမဦးဆုံးသော ကြိုးမဲ့တယ်လီဖုန်းဆက်သွယ်ရေးနည်းပညာမျိုးဆက်ဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်တွေမှာ Analog telecommunication standards တွေကို စတင်မိတ်ဆက်ခဲ့ပြီး 2G မပေါ်ခင်အထိ အသုံးပြုခဲ့ကြပါတယ်။ 1G နဲ့ 2G အကြား အဓိကကွာခြားချက်က 1G Network တွေဟာ analog စနစ်ကိုသုံးထားပြီး၊ 2G network တွေက Digital စနစ်ကိုသုံးထားတာပါ။ 1G ဟာ Analog ကိုသုံးတယ်ဆိုပေမယ့် တကယ်တမ်းတာဝါတိုင်နဲ့ Handset အကြားဆက်သွယ်ရေးမှာ Digital ကိုပဲသုံးတာပါပဲ။ ဒါပေမဲ့ ဖုန်းပြောရာမှာ အသံကို Encode လုပ်ရာမှာတော့ 1G ဟာ 150MHz နဲ့ အထက်မြင့်မားတဲ့ Frequency တွေကိုသုံးပြီးတော့ 2G ကတော့ Digital Signal တွေနဲ့ Encode လုပ်ပါတယ်။

ဒုတိယမျိုးဆက်မိုဘိုင်းဆက်သွယ်ရေး (2G)
2G ကတော့ မိုဘိုင်းဆက်သွယ်ရေးနည်းပညာမှာ ဒုတိယမျိုးဆက်ဖြစ်ပါတယ်။ ပထမဦးဆုံး စီးပွားဖြစ် စတင်ခဲ့တဲ့ Netword ကတော့ ဖင်လန်နိုင်ငံရဲ့ Radiolinja က ၁၉၉၁ မှာ စတင်ခဲ့တာပါ။ 1G ထက် အားသာချက်ကတော့ ဖုန်းစကားပြောသံတွေကို Digital နည်းပညာသုံးပြီး encrypt လုပ်ပေးနိုင်တာ၊ တာဝါတစ်ခုတည်းကနေ ဖုန်းအလုံးရေပိုများများကိုချိတ်ဆက်နိုင်တာ၊ အသံတင်မကဘဲ SMS text message တွေလို data service တွေကို ထပ်ပေါင်းထည့်ပေးနိုင်တာတွေပါဝင်လာပါတယ်။ နောက်ပိုင်း ပိုမိုအဆင့်မြင့်လာချိန်မှာ ဓာတ်ပုံတွေ၊MMS တွေပါ ပို့ပေးနိုင်လာပါတယ်။ 2G ကနေ ပိုYလိုက်တဲ့ SMS တွေအားလုံးဟာ digital နည်းနဲ့ encrypt လုပ်ထားတာဖြစ်တဲ့အတွက် လက်ခံသူတစ်ယောက် ပဲဖတ်လို့ရအောင် စီစဉ်ထားတာဖြစ်ပါတယ်။ 2G ဟာ နောက်ပိုင်းမှာ 2.5Gနဲ့ 2.75Gဆိုပြီး အဆင့်မြှင့်တင်မှုတွေလုပ်ပေးခဲ့ပါသေးတယ်။

တတိယမျိုးဆက်မိုဘိုင်းဆက်သွယ်ရေး (3G)
3G နည်းပညာဟာ တကယ်တော့ 2Gကိုပဲ ဆက်ပြီးအဆင့်မြှင့်တင်ထားတဲ့နည်းပညာပါ။ အဓိကကတော့ International Mobile Telecommunictions-2000(IMT-2000) ဆိုတဲ့ စံညွှန်းကိုပြည့်မီသူတွေကိုပေးတဲ့ နာမည်ပဲဖြစ်ပါတယ်။ 3G မှာက စကားပြောရုံ၊ SMS နဲ့ MMS ပို့ရုံတွေတင်မကဘဲ၊ Mobile internet Access, Video Call နဲ့ Mobile TV တွေပါ ပါဝင်လာပါတယ်။

3G ရဲ့ အားသာချက်က 2G Netword တွေအတွက် Backward Compatible ပြန်မဖြစ်တော့တာပါ။ 2G ကို ပထမဦးဆုံးအနေနဲ့ UMTS System အဖြစ်နဲ့စတင်ပါတယ်။ နောက်ပိုင်းမှာ WCDMAတို့၊ TD-SCDMA တို့၊ UMTS ရဲ့ နောက်ဆုံးထုတ် Version ဖြစ်တဲ့ HSPS+ တို့ဆိုပြီး အဆင့်ဆင့်တိုးတက်လာတာတွေရှိလာပါတယ်။ CDMA 2000 စနစ်မှာတော့ EVDO ဆိုတာပါဝင်လာပြီး 14.7 Mibt/s အထိ အမြင့်ဆုံးလွှဲပြောင်းပေးနိုင်ပါတယ်။

နောက်ထပ်စံတစ်ခုကတော့ W-CDMA ပါ။ အများအားဖြင့် 2,000 MHz Brand ကို အသုံးပြုပေမယ့် 850,900 နဲ့ 1900 MHz Brandတွေကိုလည်း တချို့ကအသုံးပြုကြပါတယ်။ သူ့မှာလည်း HSPA နဲ့ HSPA + ဆိုပြီးရှိပါတယ်။ HSPA မှာဆိုရင် 14.4 Mbit/s download နဲ့ 5.76 Mbit/s Upload ဆိုပြီး အမြင့်ဆုံးရနိုင်တဲ့အပြင် အရင် WCDMA နဲ့လည်း Backward-Compatible ဖြစ်သလို၊ သုံးထားတဲ့ Frequencies လည်းတူညီပါတယ်။ HSPA+ မှာတော့ 168 Mbit/s download နဲ့ 22 Mbit/s Upload တွေရနိုင်ပါတယ်။ Mobile Data ဖွင့်လိုက်လို့ H တို့၊ H+တို့ ပေါ်လာတယ်ဆိုရင် အဲဒါက HSPA နဲ့ HSPA+ တွေကိုပြောတာပါပဲ။

3G ရဲ့ အားသာချက်တွေက Data Rate ပိုမြန်တာပါ။ ပုံမှန်အားဖြင့် အနိမ့်ဆုံး 2Mbit/sကနေ အမြင့်ဆုံး 28Mbit/sအထိ ရနိုင်တယ်လို့ Service Provider အများစုကသတ်မှတ်ထားပါတယ်။ လုံခြုံရေးအပိုင်းမှာလည်း အရင် 2G ထက် 3Gက ပိုကောင်းလာပါတယ်။ 3G ကိုသုံးမယ်ဆိုရင် Global Positioning Syatem (GPS)တို့၊ Location-Pased Services တို့၊ Mobile TV တို့၊ Video Conferencing တို့၊ Video on Demand တို့ကို အသုံးပြုနိုင်မှာပါ။

စတုတ္ထမျိုးဆက်မိုဘိုင်းဆက်သွယ်ရေး (4G)
4G ခေတ်ကိုရောက်လာချိန်မှာလည်း 3G မှာလုပ်နိုင်ခဲ့တာတွေကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင် လာစေတဲ့အပြင်၊ Mobile Web Access, IP Telephone, Gaming Services, High-Definition Mobile TV, Video Cinferencing, 3D Television နဲ့ Cloud Computingတွေကိုပါ လုပ်ဆောင်နိုင်လာစေ ပါတယ်။ 4G ပေါ်ထွန်းလာပြီးတဲ့နောက်မှာ အဓိကဖွံ့ဖြိုးလာတာကတော့ သီချင်း၊ ရုပ်ရှင်နဲ့ဂိမ်းတွေကို Streaming လုပ်ပြီး Local မှာသိမ်းထားစရာမလိုဘဲ တိုက်ရိုက် အသုံးပြုနိုင်လာစေခြင်းပါ။ 4G ဟာ 3G နဲ့ယှဉ်လိုက်ရင် အားသာချက်တွေအများကြီးပါပဲ။ ပါဝင်ဖွဲ့စည်းထားတဲ့နည်းပညာတွေကလည်း 3Gထက် အများကြီးပိုရှုပ်ထွေးပါတယ်။ ဒါပေမဲ့ အဓိကထင်သာမြင်သာအရှိဆုံးကတော့ မြန်နှုန်းပါ။ ပုံမှန်အားဖြင့် 3G ထက် ၁၀ ဆလောက်ပိုမြန်ပါတယ်။

4G LTE မှာမှပဲ၊ LTE Advanced ဆိုပြီး ဆက်လက်အဆင့်မြှင့်တင်လာခဲ့ပြန်ပါသေးတယ်။ သာမန် 4G LTE တွေထက် အဆများစွာပိုမိုမြန်ဆန်ပြီး 4K အဆင့်ရှိတဲ့ HD Video တွေကိုပါ တိုက်ရိုက် Streaming လုပ်ပြီး ကြည့်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားရပါတယ်။ US မိုဘိုင်းကွန်ယက်ဝန်ဆောင်မှုပေးသူ Sprint ရဲ့အဆိုအရဆိုရင် 4G LTE Advanced ဟာ အမြင့်ဆုံး Transfer Rate အနေနဲ့ 1.3 Gbit/s အထိရအောင်လုပ်ပေးနိုင်တယ်လို့သိရပါတယ်။

မင်းသုနောင်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape
Share on Google Plus

0 comments:

Post a Comment