မလိုလားအပ်တဲ့ဖုန်းခေါ်ဆိုမှုတွေကိုတားဆီးကာကွယ်နိုင်မယ့် Mr.Number










စမတ်ဖုန်းအများစုမှာ အသုံးများလေ့ရှိတဲ့ လုပ်ဆောင်ချက်တွေထဲက မလိုလားအပ်တဲ့အ၀င် Call တွေကို Block ပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက်ဟာ အင်မတန်အသုံးဝင်လှပါတယ်။ အထူးသဖြင့် ကိုယ်နဲ့မသိဘဲ ကိုယ့်ရဲ့ဖုန်းနံပါတ်ကို ခဏခဏမှားဆက်တာမျိုးနဲ့ ကိုယ်နဲ့သိသော်ငြား ဖုန်းခေါ်ဆိုမှုကို တစ်ဦး တစ်ယောက် ချင်းစီအတွက် သီးသန့်ရပ်နားထားချင်တဲ့အခါမျိုးတွေမှာBlock ပြုလုပ်ထားနိုင်ခြင်းဟာ လွယ်လွယ်ကူကူနဲ့ ဖြေရှင်းထားနိုင်တဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါဟာလည်း စမတ်ဖုန်းအသုံးပြုသူအတော်များများအတွက် ဟိုးယခင်ကတည်းက သိရှိအသုံးပြုနေခဲ့ကြတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ 

အခုနောက်ပိုင်းမှာBlock Finction ဟာ အမြင့်ပိုင်း Handset အတော်များများမှာ သီးသန့် Apps အသုံးပြု စရာမလိုဘဲ Built-in လုပ်ဆောင်ချက်တစ်ခုအဖြစ်ပါဝင်လာခဲ့ကြပြီဖြစ်ပါတယ်။ စမတ်ဖုန်းထုတ်လုပ် သူတွေဟာ ကိုယ်ပိုင်စမတ်ဖုန်းအမှတ်တံဆိပ်အလိုက် Block Function ကိုယ်ပိုင်ဟန်ပန်နဲ့ လိုက်လျော ညီထွေအောင်ထည့်ပေးတတ်ကြတဲ့အတွက် အသုံးပြုပုံဟာ အနည်းနဲ့အများကွာခြားသွားတတ်ကြပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ဖုန်းမှာ ဒီလုပ်ဆောင်ချက်မပါဝင်ဘူးဆိုရင်လည်း သီးသန့် Apps တစ် ခုဖြစ်တဲ့ Call Blocker တစ်မျိုးမျိုးကို ထည့်သွင်းအသုံးပြုကြပါတယ်။ 

များသောအားဖြင့် Call Blocker Apps တွေဟာ သီးသန့်လုပ်ဆောင်ချက်အများအပြားပါဝင်ပြီး ပြည့်ပြည့်၀၀ အသုံးချနိုင်ဖို့အတွက် ဖုန်းကို Root  ပြုလုပ်ထားဖို့တောင်းဆိုတတ်ကြပါတယ်။ ဒီအခါ ကိုယ့်ရဲ့ဖုန်းနဲ့ မကိုက်ညီခဲ့ရင် အသုံးပြုဖို့အတွက် Mr.Number ဆိုတဲ့ Call Blocker Apps လေးကိုဖော်ပြပေးချင်ပါတယ်။ Mr.Number ဟာ အ၀င် Call တွေကို Block ပြုလုပ်နိုင်တဲ့အပြင် Text-Message တွေကိုပါ တားဆီးနိုင် တာကြောင့် ကိုယ်နဲ့မသိတဲ့သူတွေရဲ့ ဖုန်းခေါ်ဆိုမှုတွေ၊ Message တွေဆက်တိုက်ပေးပို့ခံရမှုတွေကိုပါ ကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။

Mr.Number ကို အသုံးပြုဖို့အတွက်ဖွင့်လိုက်တဲ့အခါ Verify လုပ်ခိုင်းပေမယ့် Skip နှိပ်ပြီးကျော်လိုက်ပါ။ ပထမဆုံး Mr.Number ရဲ့ Home Screem မှာ Recent ရယ် Block History ဆိုပြီး Tab နှစ်ခုရှိပါတယ်။ Recent ကတော့ ကိုယ့်ဖုန်းရဲ့အ၀င်၊ အထွက်ခေါ်ဆိုမှုမှတ်တမ်း Call Log ပါပဲ။ ကိုယ် Block ပြုလုပ်ချင်တဲ့ Contact ဟာ Contact ရှိမှာ ရှိနေမှမဟုတ်ပါဘူး။ ဒီ Unknow Number တွေကိုလည်း Recent List ကနေပဲရွေးချယ်ပြီး Block ပြုလုပ်နိုင်ပါတယ်။

ပေါ်နေတဲ့နံပါတ်တစ်ခုချင်းစီရဲ့ ညာဘက်အစွန်နားမှာ အစက်ကလေးတွေနဲ့ဖော်ပြထားတဲ့ Button လေးတွေရှိပါတယ်။ Block လုပ်ချင်တဲ့နံပါတ်ဆိုရင် အဲဒီနံပါတ်တည့်တည့်က Button လေးကို နှိပ်လိုက်ပါ။ ပေါ်လာတဲ့ Pop-Up Box ကနေ Number ဆိုတာကိုရွေးပါ။ ပြီးရင် Done ကိုဆက်နှိပ်ပါ။ ဒါဆိုရင် ဒီနံပါတ်ဟာ Block List ထဲကနေမထုတ်မချင်း ကိုယ့်ဆီကိုဆက်လို့လုံးဝရတော့မှာမဟုတ်ပါဘူး။ Block ခံ ထားရတဲ့ နံပါတ်တွေဟာ Message လည်းပေးပို့နိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ခြွင်းချက်တစ်ခုရှိတာက အသုံးပြုတဲ့စမတ်ဖုန်းဟာ Android 4.4 နဲ့အထက်ရှိနေခဲ့မယ်ဆိုရင်တော့ Message Block ဟာ အလုပ်လုပ်မှာမဟုတ်တော့ပါဘူး။

တကယ်လို့ ကိုယ် Block ချင်တဲ့ဖုန်းနံပါတ်ဟာ Reacent List ထဲမှာ မရှိဘူးဆိုရင်လည်း ဖုန်းနံပါတ်အတိုင်းရိုက်ထည့်ပြီး Block ထားနိုင်ပါတယ်။ Block List ရဲ့အောက်ဘက်မှာရှိတဲ့ Add Button လေးကိုနှိပ်ပြီး ကိုယ်ထည့်ချင်တဲ့ ဖုန်းနံပါတ်ကိုရိုက်ထည့်နိုင်ပါတယ်။
Mr.Number ရဲ့ ညာဘက်ထောင့်အပေါ်ဆုံးနားမှာ Setting ဆိုတဲ့ Button လေးရှိပါတယ်။ အဲဒီနေရာကနေ Block လိုက်တဲ့အတွက် ဘယ်ဖုန်းတွေဆက်ထားတယ်ဆိုတဲ့ Notifaction ကို ဖော်ပြချင်လား၊ မပြချင်ဘူးလားဆိုတာ ပြင်ဆင်နိုင်သလို ဖုန်းဝင်လာလို့ Block လိုက်တိုင်းမှာဖော်ပြပေးတဲ့ Mr.Number ရဲ့ Pop-up ကိုလည်း ဖော်ထားနိုင်၊ဖျောက်ထားနိုင်ပါတယ်။
မင်းသုနောင်


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape
Share on Google Plus

0 comments:

Post a Comment