ကိုယ့်အလှအပအတွက်သုံးတဲ့ပစ္စည်းတွေက
ဖက်ရှင်ကျဖို့အတွက် အသုံးပြုနိုင်တယ်ဆိုတာသိပါသလား။ အလှအပပစ္စည်းတွေထဲကမှ အထူးသဖြင့်
လက်သည်းဆိုးဆေးလေးတွေပေါ့။ လက်သည်းဆိုးဆေးလေးတွေက ဈေးကလည်းသက်သာပြီးအရောင်မျိုးစုံကို
အလွယ်တကူရနိုင်တဲ့အတွက် ပုလင်းထဲမှာနည်းနည်းလေးပဲကျန်တဲ့အခါ လွှင့်ပစ်တတ်ပါတယ်။ တကယ်တော့
သူတို့ကခန္ဓာကိုယ်ကို ဖက်ရှင်ကျစေမယ့် ပစ္စည်းလေးတွေအတွက် အသုံးဝင်ကြပါတယ်။ လက်သည်းဆိုးဆေးလေးတွေကို
ဘယ်လိုသုံးကြမလဲ။
ကြွက်နို့အသားမာများ ပျောက်ကင်းနိုင်
ကြွက်နို့၊
အသားမာလေးတွေက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းစေတဲ့အရာလေးတွေပါ။ အဲဒီအတွက်တော့ စိတ်မပူပါနဲ့။
လက်သည်းဆိုးဆေးကို အသုံးပြုနိုင်ပါတယ်။ ကြွက်နို့၊ အသားမာ ဖြစ်နေတဲ့နေရာမှာ လက်သည်းဆိုးဆေးလေးချယ်လိုက်ပါ။
တစ်ပတ်လောက်နေမှ ဖျက်လိုက်မယ်ဆိုရင် ကြွက်နို့၊ အသားမာတက်တာက သိသိသာသာပျောက်ကင်းသွားပါလိမ့်မယ်။
သတိထားရမှာကတော့ ကြွက်နို့ဗိုင်းရပ်စ်ကပျံ့တတ်တဲ့အတွက် တစ်ခါသုံးပြီးသား လက်သည်းဖျက်ဆေးကို
တခြားနေရာတွေမှာ နောက်တစ်ကြိမ်မသုံးမိဖို့ပါပဲ။
ဖွာဆန်ကျဲနေတဲ့ ဖိနပ်ကြိုးတွေ
လက်သည်းဆိုးဆေးအကြည်ရောင်က
ဖိနပ်ကြိုးလေးတွေဖွာဆန်ကြဲနေတာကို ပြန်လည်ပြင်ဆင်ဖို့အကောင်းဆုံးပါ။ တကယ်လို့ အပြင်သွားကာနီးဖိနပ်ကြိုးလေးတွေ
ဖွာဆန်ကြဲနေလို့ အသစ်ဝယ်ဖို့အချိန်မရှိရင်စိတ်မပူပါနဲ့။ ဖွာဆန်ကျဲနေတဲ့ ဖိနပ်ကြိုးပေါ်မှာ
အကြည်ရောင်လက်သည်းဆိုးဆေးလေး ပွတ်ပေးလိုက်ပါ။ ခြောက်သွားတဲ့အခါ ပုံမှန်အတိုင်းဖြစ်သွားပါလိမ့်မယ်။
ပွန်းပဲ့နေတဲ့ဖိနပ်တွေ
သားရေဖိနပ်တွေလိုမျိုးမှာ
လမ်းလျှောက်ပါများလို့ သားရေတွေပွန်းပဲ့သွားမှာ ခေါက်ချိုးရာတွေဖြစ်သွားမှာ စိုးရိမ်မနေပါနဲ့
လက်သည်းဆိုးဆေးကိုသုံးနိုင်ပါတယ်။ လက်သည်းဆိုးဆေးအကြည်ကို ဖိနပ်ပွန်းပဲ့နိုင်တဲ့နေရာမှာ
ခပ်ပါးပါးလေးပွတ်ထားပေးလိုက်ပါ။ ဖိနပ်ကိုအစင်းရာမထင်စေနိုင်တဲ့အပြင် ပိုပြီးတောက်ပပြောင်လက်သွားစေပါလိမ့်မယ်။
ကြယ်သီးလေးတွေ မပြုတ်စေဖို့
ကလေးအ၀တ်အစားတွေက
ကြယ်သီးတွေမျိုး၊ မကြာခဏပြုတ်ထွက်သွားမှာကို စိုးရိမ်နေပါသလား။ လက်သည်းဆိုးဆေးကိုသုံးနိုင်ပါတယ်။
ကြယ်သီးနဲ့အင်္ကျီပိတ်စကြား ချိတ်ဆက်ထားတဲ့အပ်ချည်ကြိုးကို လက်သည်းဆိုးဆေးလေးဆွတ်ထားပေးလိုက်ပါ။
အပ်ချည်တွေ ဖွာဆန်ကျဲနေတာကို စုစုစည်းစည်းဖြစ်သွားစေပြီး ကြယ်သီးပြုတ်ထွက်တာကင်းစေပါလိမ့်မယ်။
အရေးပေါ်ရှူဆေးအဖြစ်သုံးနိုင်
အပြင်သွားလို့
ခေါင်းမူးနောက်နောက်ဖြစ်တဲ့အခါ ရှူဆေးမပါလို့စိတ်မပူပါနဲ့။ လက်သည်းဆိုးဆေးကို အသုံးပြုနိုင်ပါတယ်။
ရှူဆေးမှာပါဝင်တဲ့ အမိုးနီးယားက ခေါင်းကိုအနည်းငယ်ကြည်လင်သွားစေပါတယ်။ ဒါကကျန်းမာရေးအတွက်သင့်လျော်တဲ့နည်းလမ်းတော့မဟုတ်ပါဘူး။
ဒါပေမဲ့ အရေးပေါ်အခြေအနေမျိုးမှာ အလွယ်တကူသုံးနိုင်တဲ့ဖြတ်လမ်းနည်းလေးတွေဖြစ်ပါတယ်။
မီးခြစ်ဆံရေစိုခံစေဖို့
ခရီးသွားတဲ့အခါ
ဥပမာတောထဲလိုမျိုး မီးအလွယ်တကူမရနိုင်တဲ့နေရာမျိုးသွားတဲ့အခါ မီးခြစ် ဒါမှမဟုတ် မီးခြစ်ဆံလေးတွေဆောင်သွားကြပါတယ်။
ဒါပေမဲ့ မိုးရေစိုတဲ့အခါ မီးခြစ်ဆံလေးတွေက မီးမတောက်နိုင်ပါဘူး။ အဲဒီလိုအခြေအနေမျိုးတွေမကြုံရစေဖို့
မီးခြစ်ဆံလေးတွေကို လက်သည်းဆိုးဆေးစွတ်ထားပြီး ရေစိုခံအောင်လုပ်ပေးထားနိုင်ပါတယ်။
သတ္ထုပစ္စည်းတွေကြောင့်ဖြစ်တဲ့အစွန်းကွက်တွေ
ဆံပင်ဖျန်းဆေး၊
ချိုင်းလိမ်းတောင့်လိုမျိုးပစ္စည်းတွေမှာ ကုန်ကာနီးမှန်တွေပေါ်မှာတင်ထားတဲ့အခါ မှန်မှာသံချေးရာအကွက်မျိုးတွေဖြစ်နေတတ်ပါတယ်။
အဲဒီလိုမျိုးမဖြစ်စေဖို့ လက်သည်းဆိုးဆေးကို သတ္ထုဗူးဖင်မှာ သုတ်ပေးထားနိုင်ပါတယ်။
ရန်နိုင်
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment