သဘာဝနဲ့ပေါင်းတင်ပါ








ဆောင်းရာသီရဲ့လေက နွေရာသီထက်ပိုပြီးခြောက်သွေ့ပါတယ်။ မျက်နှာနဲ့ခန္ဓာကိုယ်အရေပြားက အစိုဓာတ်ကိုပိုပြီးစုပ်ယူပါတယ်။ တစ်ခါတရံရာသီဥတုက ပူလိုက်အေးလိုက်ဖြစ်တဲ့အခါ နေ့စဉ်အသုံးပြုနေတဲ့ အစိုဓာတ်ထိန်းခရင်မ်တွေက အသားအရေရဲ့ လိုအပ်ချက်နဲ့မကိုက်ညီတော့ပါဘူး။ အဲဒီတော့ ဘာလုပ်ကြမလဲ။ သဘာဝနည်းလမ်းလေးတွေရှိပါတယ်။

ငှက်ပျောသီးမျက်နှာပေါင်း တင်ခရင်မ်
ငှက်ပျောသီးမျက်နှာပေါင်းတင်ခရင်မ်က အဆီပြန်အသားအရေခြောက်သွေ့တဲ့ ပေါင်းစပ်အသားအရေ ပိုင်ရှင်တွေအတွက်အကောင်းဆုံးပါ။ အသားအရေက နှစ်မျိုးပေါင်းစပ်ထားတဲ့အခါ မိတ်ကပ်သုံးရတာခက်ခဲပါ တယ်။ အဲဒါကြောင့် ငှက်ပျောသီးအမှည့်တစ်လုံး၊ နွားနို့နဲ့ရောစပ်ပြီး မျက်နှာနဲ့လည်ပင်း အရေပြားမှာမိနစ် ၂၀ ခန့်လိမ်းပေးထားပါ။ ပြီးမှ ရေခပ်နွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

ပျားရည်မျက်နှာပေါင်းတင် ခရင်မ်
ပျားရည်က သဘာဝကပေးတဲ့ အကောင်းဆုံးအစိုဓာတ်ထိန်း ခရင်မ်ပါ။ ဘက်တီးရီးယားနဲ့မှိုတို့ကိုသေ စေနိုင်တဲ့အတွက် ၀က်ခြံထွက်ခြင်းကိုလည်း သက်သာစေပါတယ်။ အဲဒါကြောင့် အသားအရေညိုးနွမ်း ခြောက်သွေ့ပင်ပန်းနေသူများ ပျားရည်ကိုအနည်းငယ်နွေးအောင် အပူပေးပြီး မျက်နှာနဲ့လည်ပင်းအရေပြား ပေါ်မှာ မိနစ် ၂၀ ခန့်လိမ်းထားပေးပါ။ ပျားရည်ရဲ့နွေးထွေးမှုနဲ့ရနံ့က အရေပြားကိုပြန်လည်လန်းဆန်းလာ အောင် အားဖြည့်ပေးပါတယ်။

အဥအကာမျက်နှာပေါင်းတင် ခရင်မ်
ကြက်ဥအကာမျက်နှာပေါင်းတင်ခရင်မ်က အဆီပြန်တဲ့အရေပြားအတွက် အကောင်းဆုံးပါ။ အရေပြား ပေါ်ကချွေးပေါက်တွေကို နုကျဉ်းမြောင်းသွားစေပြီး ရာသီဥတုကြောင့် အရေပြားခြောက်သွေ့ခြင်း၊ အဆီပြန်ခြင်းတွေကို ကာကွယ်ပေးပါတယ်။ ကြက်ဥအကာသပ်သပ်ကို မျက်နှာပေါ်မှာ မိနစ် ၂၀ လောက်ကြာ အောင် လိမ်းထားပေးပါ။ အသားအရေကို အားဖြည့်ပေးပြီး နူးညံ့ပျော့ပြောင်းစေပါတယ်။

ထောပတ်သီးမျက်နှာပေါင်းတင်ခရင်မ်

ထောပတ်သီးက အသားအရေနီရဲပြီး ယားယံတတ်သူတွေအတွက် အဆင်ပြေပါတယ်။ ထောပတ် သီးမှာပါဝင်တဲ့ သတ္တုဓာတ်၊ ဗီတာမင်နဲ့ အင်တီအောက်ဆီဒင့်တွေက အသားအရေကိုရေဓာတ်ဖြည့်ပေးပြီး နူးညံ့ပျော့ပြောင်းစေပါတယ်။ ထောပတ်သီးနဲ့ သံလွင်ဆီ ရောစပ်ပြီးမျက်နှာပေါ်မှာလိမ်းပေးပါ။

အုန်းဆီ၊ ငှက်ပျောသီး မျက်နှာပေါင်းတင်ခရင်မ်
ငှက်ပျောသီးနဲ့အုန်းဆီက အသားအရေ ခြောက်သွေ့လွန်းသူတွေအတွက် အကောင်းဆုံးဆေးတစ် လက်ပါ။ ငှက်ပျောသီးတစ်လုံးနဲ့ အုန်းဆီအနည်းငယ်ရောစပ်ပြီး မျက်နှာပေါ်မှာလိမ်းနှိပ်ပေးမယ် ဆိုရင် သွေး လည်ပတ်မှုကောင်းစေပြီး မျက်နှာအသားအရေကို တင်းရင်းစေပါတယ်။ အရေးအကြောင်းတွေကို ပျောက်ကင်းစေပါတယ်။

ထောပတ်သီး၊ ပျားရည်မျက်နှာပေါင်းတင်ခရင်မ်
ဘက်တီးရီးယားတွေကိုသေစေပြီး အစိုဓာတ်ဖြည့်ပေးတဲ့ထောပတ်သီး၊ ပျားရည်မျက်နှာပေါင်းတင် ခရင်မ်က အသားအရေခြောက် သွေ့လွန်းသူတွေအတွက် အကောင်းဆုံးပါ။ ပျားရည်၊ အုန်းဆီ၊ ထောပတ်သီး တို့ကိုရောစပ်ပြီး မျက်နှာပေါ်မှာ မိနစ်(၂၀)ခန့်လိမ်းထားပေးပါ။

မုန်လာဥနီမျက်နှာပေါင်းတင်ခရင်မ်
မုန်လာဥနီက ဗီတာမင် အေ၊ စီ၊ ကေနဲ့ Carotene အကြွယ်ဝဆုံးပါ။ မုန်လာဥနီက အသား အရေအဆီပြန်လွန်းသူတွေအတွက် အကောင်းဆုံးပါ။ အရေပြားအတွင်း အဆီအိတ်လေးတွေရဲ့လုပ်ဆောင်မှု ကိုပိုကောင်းစေပြီး အရေပြားသွေးကြောလေးတွေကို ပုံမှန်လည်ပတ်စေပါတယ်။ အုတ်ဂျုံမျက်နှာပေါင်းတင် ခရင်မ်

အုတ်ဂျုံကအသားအရေ ခြောက်သွေ့ကွဲအက်နေသူတွေအတွက် အကောင်းဆုံးပါ။ အုတ်ဂျုံရဲ့ အမြင့် မားဆုံးစွမ်းရည်ကိုရရှိစေဖို့အတွက် အုတ်ဂျုံနဲ့ရေကိုစေးပျစ်နေအောင် ရောစပ်ပေးပါ။ ပြီးမှမိနစ် (၂၀)ခန့် မျက်နှာပေါ်မှာလိမ်းထားပေးပါ။

သင်္ဘောသီးမျက်နှာပေါင်းတင်ခရင်မ်
သင်္ဘောသီးကမျက်နှာပြင် အရေပြားကိုအားဖြည့်ပေးပါတယ်။ သင်္ဘောသီးအမှည့်တစ်လုံးနဲ့ သံလွင် ဆီကိုရောစပ်ပြီး မျက်နှာပေါ်မှာလိမ်းပေးပါ။ မိနစ် ၂၀ ကြာမှ ရေခပ်နွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

ဝဿန်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape




Share on Google Plus

0 comments:

Post a Comment