New Year နဲ့ ခရစ္စမတ်အတွက် ဘယ်လိုပြင်ဆင်မလဲ…









ဒီဇင်ဘာလဟာ မိန်းကလေးတွေအတွက် ဦးနှောက်အခြောက်ဆုံးရာသီဆိုရင်မမှားပါဘူး။ New Year အတွက်၊ Christmas အတွက် ဘယ်လိုပြင်ဆင်ရမယ်၊ ဘယ်လိုဝတ်မယ်ဆိုတာတွေပေါ့။ Promotion တွေ၊ Discount တွေကလည်းလာပြီ။ လည်ဖို့ပတ်ဖို့ကလည်း အစီအစဉ်တွေအပြည့်ဆိုတော့ ဖက်ရှင်ကျကျလည်းဝတ်ချင်၊ လည်ပတ်ဖို့လည်းပိုက်ဆံစုနဲ့ စဉ်းစားရကြပ်နေတာမျိုးပေါ့။ အဲဒါကြောင့် New Year, Christmas လိုညမျိုးဘာဝတ်ရင်ကောင်းမလဲစဉ်းစားရခက်သူတွေအနေနဲ့ နည်းလမ်းလေးတွေတင်ဆက်ပေးလိုက်ပါတယ်။

အနက်ရောင်ဝတ်စုံ

အနက်ရောင်ပွဲတက်ဝတ်စုံလေးတစ်စုံက မိန်းကလေးတိုင်းရဲ့ ဗီရိုထဲမှာမရှိမဖြစ်ပါ။ ညဘက်အပြင်ထွက်တဲ့အခါ အနက်ရောင်က ခဏခဏမြင်ရပါများတဲ့အတွက် ရိုးစင်းတယ်ထင်ရပေမယ့် ၀တ်ဆင်တဲ့အခါဘယ်လိုပဲဖြစ်စေ၊ ဖက်ရှင်ကျနေစေပါတယ်။ အဒါကြောင့် Christmas, New Year လိုမျိုးမှာ စားဖို့သောက်ဖို့ပူနေစရာမလိုတော့ဘူးပေါ့။ အနက်ရောင်ပွဲတက်ဝတ်စုံလေးတစ်စုံက အဆင်ပြေနေစေမှာပါ။ ဒီအနက်ရောင်တစ်စုံလေးကိုမှ ပိုပြီးဆန်းသစ်စေချင်တယ်ဆိုရင်တော့ နားဆွဲကြီးကြီးဒါမှမဟုတ်လည်ဆွဲကြီးကြီးနဲ့ ပေါင်းစပ်ဝတ်ဆင်နိုင်ပါတယ်။

တောက်ပတဲ့ဝတ်စုံ

ဆီးကွင့်ထိုးထားတဲ့ဝတ်စုံလေးတွေကလည်း Christmas, New Year ညတွေရဲ့ အမှတ်အသားလေးတစ်ခုပါ။ တောက်တောက်ပပ၀တ်ဆင်ဖို့ မ၀ံ့မရဲဖြစ်မနေပါနဲ့။ ဒီလိုနေ့မျိုးမှာမှမ၀တ်ရင် ဘယ်အချိန်သွားဝတ်မလဲ။ မဟုတ်ဘူးလား။ အပေါ်ကအရောင်တောက်တောက်ဝတ်ဆင်တဲ့အခါ အောက်ကအရောင်အမှိန်လိုမျိုးနဲ့ တွဲဖက်ဝတ်စားကြည့်ပါ။

စမတ်ကျတဲ့ဝတ်စုံ


စမတ်ကျတဲ့ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည်ကိုလည်းဝတ်ဆင်နိုင်ပါတယ်။ New Year လိုညမျိုး အပြင်ထွက်မလည်ဘဲ ချစ်သူရဲ့မိဘတွေနဲ့တွေ့တဲ့အခါမျိုးမှာ စမတ်ကျကျဝတ်စုံက အဆင်ပြေပြေနဲ့ ပေါ့ပါးနေစေမှာပါ။ စမတ်ကျကျဝတ်စုံတွေက နှစ်သစ်ကူးညအတွက်ကတော့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု၊ ကျော့ရှင်းမှုတွေကို ပေါင်းစပ်ထားတဲ့အတွက် သူများနဲ့မတူထူးခြားနေပါလိမ့်မယ်။

ယောက်ျားဆန်တဲ့ဝတ်စုံ

ဒီလိုညမျိုးမှာ မိန်းကလေးတိုင်းနီးပါးက စကပ်တို၊ ဘောင်းဘီတို၊ ဂါဝန်လေးတွေနဲ့ မိန်းကလေးဆန်ဆန်လှပနေပါလိမ့်မယ်။ အဲဒီလိုလူအုပ်စုကြားကနေခွဲထွက်ချင်ရင်တော့ ယောက်ျားလေးဆန်ဆန် Body Fit ဘောင်းဘီနဲ့ ဒေါက်ဖိနပ်အနက်ရောင်တွဲဖက်ဝတ်ဆင်တာက အသွင်ထူးခြားပြီးကွဲထွက်နေစေပါလိမ့်မယ်။

ဘောင်းဘီတို


ခြေထောက်လှလှပိုင်ရှင်မိန်းကလေးတွေအတွက်တော့ ဘောင်းဘီတိုလေးတွေက မှန်ကန်တဲ့ရွေးချယ်မှုပါ။ New Year ညမျိုးမှာ ဘောင်းဘီတိုဝတ်လို့ခြေထောက်တွေအေးနေမှာ စိတ်မပူပါနဲ့။ အသားကပ်ဘောင်းဘီလေးသာဝတ်ထား လိုက်ပါတယ်။

ကိုယ်ကျပ်ဝတ်စုံ မိသားစုနဲ့ဖြစ်စေ၊ သူငယ်ချင်းတွေနဲ့ဖြစ်စေ၊ အပြင်ထွက်လည်တာ၊ Bar သွားတာမျိုးအတွက်ကတော့ Body Fit ဖြစ်နေတဲ့ ဂျင်းဘောင်းဘီလေးတွေ၊ ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ ဂျင်းဘောင်းဘီ Body Fit နဲ့ ဘယ်ဖိနပ်တွဲဝတ်မယ်ဆိုတာ စိတ်ထဲသံသယဖြစ်မနေပါနဲ့။ ဒေါက်ဖိနပ်အနက်ရောင် မြင့်မြင့်လေးနဲ့သာတွဲဖက်လိုက်ပါ။ ဖက်ရှင်ကျသွားစေပါလိမ့်မယ်။ အဲဒီထက်ပိုပြီးစတိုင်ကျစေချင်တယ်ဆိုရင်တော့ သိုးမွေးအင်္ကျီအပွလေးတစ်ထည် အပေါ်ကတွဲဖက်ဝတ်လိုက်ပါ။ သာမန်နဲ့မတူကွဲထွက်သွားစေပါလိမ့်မယ်။

Crystal

ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်



Share on Google Plus

0 comments:

Post a Comment