တစ်မိနစ်အတွင်းအမြန်ဆုံး လှချင်တယ်ဆိုရင်…




နံနက်ခင်းမှာ အပြင်စထွက်ခြင်းတုန်းကတော့ လန်းလန်းဆန်းဆန်းပေါ့။ တက်ကြွပြီးတောက်ပနေ တယ်။ ဒါပေမဲ့ အဘက်ဘက်ကနေ အလုပ်တွေ စိတ်ဖိစီးမှုတွေ ပေါင်းစုံလာတဲ့အခါမှာတော့ နေ့လည်ခင်း လောက်မှာပင်ပန်းပြီး ညိုးနွမ်းလာပါတယ်။ ကိုယ်ကလည်းလုပ်ငန်းခွင်မှာဆိုတော့ ရေချိုးလို့လည်းမရ မျက်နှာ သစ်ပြီး လန်းဆန်းအောင်လုပ်လို့လည်းမရ။ ရွေးချယ်စရာမရှိဘူးပေါ့။ ဒါပေမဲ့ စိတ်မပူပါနဲ့။ တစ်မိနစ်အတွင်းမှာ နံနက်ခင်း အပြင်ထွက်လာကာစကလို တက်ကြွပြီးလန်းဆန်းနေစေဖို့ ဖြတ်လမ်းနည်းလမ်းလေးတွေရှိပါတယ်။

အရောင်တောက်တောက် နှုတ်ခမ်းဆိုးဆေးသုံး

နှုတ်ခမ်းဆိုးဆေးက ညိုးနွမ်းနေတဲ့မျက်နှာလေးကို လန်းဆန်းပြီးတောက်ပစေပါလိမ့်မယ်။ အနီရောင် တောက်တောက် ဒါမှမဟုတ် ပန်းသွေးရောင်နှုတ်ခမ်းဆိုးဆေးလေးက မျက်နှာပြင်နဲ့စိတ်ကိုတဖန်ပြန်ပြီး ကြည်လင်လန်းဆန်းလာစေပါတယ်။ အပြုံးတွေကိုပိုပြီးချစ်ဖွယ် ကောင်းလာစေပါတယ်။

ရေတစ်ခွက်သောက်
နေ့ခင်းနေ့လည်လောက်ရောက်တဲ့အချိန် အသားအရေက ညိုးနွမ်းပြီး ပင်ပန်းလာစေပုံပေါက်ရတဲ့ အ ကြောင်းပြချက် တစ်စိတ်တစ်ပိုင်းကတော့ ရေဓာတ်ကုန်ခမ်းလာလို့ပါဘဲ။ ရေဓာတ်ကုန်ခမ်းလာတာက ခန္ဓာကိုယ်ကို ပင်ပန်းလာစေရုံမက အသားအရေနဲ့မျက်လုံးတို့ကို ညိုးနွမ်းလာသယောင်ထင်ရစေပါတယ်။ အဲဒါကြောင့် အသားအရေနဲ့ စိတ်တဖန်ပြန်လည်လန်းဆန်းလာစေဖို့ ရေအေးအေးသောက်ပေးပါ။

ရေခဲတုံးသုံး
ရေခဲတုံးနဲ့ အသားအရေကိုပွတ်ပေးခြင်းက စိတ်ကိုလန်းဆန်းလာစေရုံသာမက အရေပြားကိုလည်း ကြည်လင်လာစေပါတယ်။ ရေခဲတုံးရဲ့အေးမြလန်းဆန်းတဲ့အထိအတွေ့က အရေပြားချွေးပေါက်လေးတွေကို ကျဉ်းမြောင်းသွားစေပြီး အရေပြားရောင်ရမ်းခြင်းကိုလည်း သက်သာစေပါတယ်။ အရမ်းပူပြင်းတဲ့နေ့တွေမှာ ဆိုရင် ရေခဲတုံးလေးတွေကို သေချာထုတ်ပြီး လက်မောင်အတွင်းချိုင်းထဲမှာညှပ် ထားပေးမယ်ဆိုရင် သွေးကြော လေးတွေထဲက သွေးလေးတွေအထိအေးမြသွားစေပြီး တက်ကြွလန်းဆန်းလာစေပါတယ်။ သတိထားရမှာ ကတော့ နေပူထဲကပြန်လာပြီးချင်းမလုပ်ဖို့ပါဘဲ။

လေ့ကျင့်ခန်းလုပ်

ရုံးခန်းအတွင်းအထိုင်များလာတဲ့အခါ သွေးလည်ပတ်မှုက အားနည်းပြီး စိတ်နဲ့ပင်ပန်းနွမ်းနယ်လာပါ တယ်။ အဲဒါကြောင့် စက္ကန့် (၃၀) တစ်မိနစ်ခန့်အကြောဆန့်တာမျိုးလုပ်ပေးပါ။ သွေးလည်ပတ်မှု ကောင်းလာပြီး အရေပြားကို အောက်ဆီဂျင်ပိုပြီးရောက်လာနိုင်ပြီး လန်းဆန်းလာစေပါလိမ့်မယ်။

မတ်မတ်ထိုင်
ပင်ပန်းလာတဲ့အခါဘယ်သူမဆို တက်ကြွပြီးမလှပနိုင်တော့ပါဘူး။ အဲဒီအတွက် ရုံးခန်းတွင်းမှာနေထိုင် ပုံတွေက ခွေခေါက်ပြီးပုံပျက်လာပါတယ်။ ဒီလိုနေ့တိုင်းပုံမမှန်တာကလည်း လူကိုပင်ပန်းပြီး နွမ်းနယ်စေပါတယ်။ အဲဒါကြောင့်ခါးကို မတ်မတ်ထား၊ ပခုံးကိုမတ်မတ်ထား၊ ခေါင်းကိုမတ်မတ်ထား၊ အသက်ကို၀၀ရှုပြီး တစ်မိနစ်ခန့်ထိုင်ကြည့်ပါ။ တစ်ဖန်ပြန်ပြီး လန်းဆန်းလာစေပါလိမ့်မယ်။

Facial Mist သုံး
စိတ်အသားအရေ ပင်ပန်းလာတဲ့အခါ အရေပြားကညိုးနွမ်းလာပြီး မည်းမှောင်လာပါတယ်။ အဲဒီလို အခြေ အနေမျိုးမှာ facial mist ဒါမှမဟုတ် Facial Spray သုံးပါ။ Spray မှာပါဝင်တဲ့ရေမုန့်လေးတွေက မျက်နှာပြင် ကိုလန်းဆန်းသွားစေပြီး ရေဓာတ်ပြန်ဖြည့်ပေးပါလိမ့်မယ်။ Facial Mist လိုမျိုး ဆေးဘူးလေးတွေကိုသွားလေ ရာမှာ ဆောင်သွားတာအကောင်းဆုံးဖြစ်ပါတယ်။

ငှက်ပျောသီးစား
ငှက်ပျောသီးက စွမ်းအင်အကြွယ်ဆုံးအသီးပါ။ ပင်ပန်းနေတဲ့အချိန်မှာ ငှက်ပျောသီးတစ်လုံး လောက်စားလိုက်တာက ပိုပြီးတတ်ကြွလန်းဆန်း အားပြည့်လာစေပါလိမ့်မယ်။ ငှက်ပျောသီးတင်မကပါဘူး။ ငှက်ပျောခွံကိုလည်း မျက်နှာပေါ်က ဆဲလ်အသေးလေးတွေဖယ်ရှားပြီး ကြေးချွတ်ဖို့သုံးပေးနိုင်ပါတယ်။ ငှက်ပျောခွံကို မျက်နှာမှာပွတ်ပေးပြီး တစ်မိနစ်ခန့်အကြာမှာ ရေအေးအေးနဲ့ဆေးချလိုက်ပါ။

လည်ပင်းကိုနှိပ်ပေး
လူတွေပင်ပန်းလာတဲ့အခါ လည်ပင်းကြွက်သားတွေက တင်းကြပ်လာပြီး သွေးပုံမှန်လည်ပတ်မှုကို အတားအစီးဖြစ်လာစေပါတယ်။ အဲဒါကြောင့်လည်ပင်းကို ခပ်ဖွဖွလေးနိပ်နယ်ပေးပါ။ လည်ပင်း ကြွက်သားတွေ ကို ပြေလျော့သွားစေပြီး သွေးလည်ပတ်မှုကောင်းသွားစေတဲ့အတွက် လန်းဆန်းလာပြီး အသားအရေကို တောက်ပလာစေပါလိမ့်မယ်။
ဝဿန်

---------------------------------------------
ကျန်းမာလန်းဖြာစေဖို့ ကျန်းသုခ Health Guide ကို ဖတ်ကြပါစို့။
Share on Google Plus

0 comments:

Post a Comment