နိုင်ငံနှစ်ခြမ်းကွဲခြင်း ၁၉၄၇










အဆင့်သတ်မှတ်ချက် - ၃/၅

သရုပ်ဆောင်များ - အွန်ပူရီ၊ ဘွန်နီဗီလီ၊ ဂီလီယန်အန်ဒါဆန်၊ လီလီထရာဗားစ်၊ ဒင်ဇီစမစ်၊ တန်ဗီးဂါနီ၊ ကဘီး၊ ဒါယယ်၊ ကျူရက်စ်ချီ၊ အရူနိုဒေးဆင်းဂ်ျ

ဒါရိုက်တာ - ဂူရင်ဒါချာဒါ

ဘာကောင်းလဲ - အိန္ဒိယနိုင်ငံရဲ့အစောပိုင်းနှစ်ကပုံရိပ်တွေကို ပြန်လည်မြင်ယောင်မိစေခြင်း၊ ဇာတ်ကားက အိုင်မနေခြင်း၊ ဆွဲဆောင်နိုင်တဲ့အချက်အလက်တွေနဲ့ သရုပ်ဆောင်ချက်များ
ဘာဆိုးလဲ - တစ်ခန်းနဲ့တစ်ခန်းချိတ်ဆက်မှုအားနည်းခြင်း၊ ဇာတ်လမ်းက တစ်ခုခုလိုနေသလိုခံစားရခြင်း
စောင့်ကြည့်သင့်သလား - အိန္ဒိယနိုင်ငံရဲ့အစောပိုင်းနှစ်က ပုံရိပ်တွေကိုပြန်ခံစားချင်ရင်တော့ စောင့်ကြည့်သင့်တဲ့ဇာတ်ကားလေးပါ။

ဇာတ်လမ်းအကျဉ်း
ဒီဇာတ်ကားက ၁၉၄၇ခုနစ်ကဖြစ်ရပ်တွေကိုအခြေခံထားပြီး အိန္ဒိယနိုင်ငံရဲ့နောက်ဆုံးဘုရင်ခံဖြစ်တဲ့ လူးဝစ္စမောင့်ဘက်တန်မင်းသားနဲ့ စတင်ထားပါတယ်။ သူဟာ အိန္ဒိယပြည်သူတွေကို ငြိမ်းချမ်းစွာနဲ့ လွတ်လပ်ရေးပေးဖို့ တာဝန်ပေးအပ်ခြင်းခံထားရပြီး သူ့ရဲ့အာဏာကို နွေးနွေးထွေးထွေးအပ်နှင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အိန္ဒိယနိုင်ငံဟာ အစောပိုင်းမှာကတည်းက နှစ်ပိုင်းကွဲနေခဲ့တာဖြစ်လို့ ဒါကသူ့အတွက် လွယ်ကူတဲ့ကိစ္စမဟုတ်တာကိုလည်း သိနားလည်ခဲ့ပါတယ်။ အဲဒီအတွက်ကြောင့် မောင့်တက်တန်ဟာ ဂန္ဒီ၊ ပန်ဒစ်ဂျဝါဟာရယ်နေရူး၊ မိုဟာမက်အလီဂျင်နက်တို့နဲ့တွေ့ဆုံဆွေးနွေးဖို့ ဆုံးဖြတ်လိုက်ပြီး သူတို့ဘာတွေးနေတာလဲ ဘာလိုချင်တာလဲဆိုတာသိရဖို့ စီစဉ်လိုက်တာပါ။ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာတော့ မောင့်ဘတ်တန်ဟာ သူမလုပ်ချင်တဲ့ဟာကိုလုပ်ရဖို့ ဖိအားပေးခံရပြီး နိုင်ငံကို နှစ်ပိုင်းခွဲလိုက်ရပါတယ်။ ဒီဇာတ်ကားတစ်ခုလုံးက နိုင်ငံနှစ်ပိုင်းကွဲသွားတဲ့အတွက် ပြန်လည်စည်းလုံးဖို့ကြိုးစားနေတဲ့နိုင်ငံတွေကို ဘယ်လောက်အထိရိုက်ခတ်သွားတယ်ဆိုတာ အဓိကထား ရိုက်ကူးထားပါတယ်။ မောင့်ဘက်တန်ရဲ့မိဖုရားဖြစ်သူ လေဒီအက်ဒ်ဝင်နာက မဖြစ်နိုင်တာကိုတားဆီးဖို့ ကြိုးစားခဲ့ပုံနဲ့ ဒီဖြစ်ရပ်ကြောင့် သူ့ခင်ပွန်းနဲ့ဆက်ဆံရေးဘယ်လိုဖြစ်သွားမလဲဆိုတာတော့ စောင့်ကြည့်လိုက်ပါ။

ဇာတ်ကားသုံးသပ်ချက် - ဇာတ်ညွှန်းကိုလေ့လာခြင်း
ဒီဇာတ်ကားက နောက်ဆုံးအချိန်ထိ ပရိသတ်ကိုစိတ်ဝင်စားစေနိုင်ပေမယ့် ဇာတ်အိမ်နဲ့ပတ်သက်လို့ကတော့ ထောက်ပြစရာလေးတွေရှိနေပေမယ့် ဇာတ်အိမ်နဲ့ပတ်သက်လို့ကတော့ ထောက်ပြစရာလေးတွေရှိနေပါတယ်။ တကယ်လို့ တာဝန်ရှိသူတွေကသာ ဇာတ်ကားမှာပါဝင်တဲ့အဆောက်အဦးတွေနဲ့ပတ်သက်လို့ အခုထက်ပိုပြီး ဂရုစိုက်ခဲ့ရင် ဒီဇာတ်ကားကသေချာပေါက်ပြောင်းလဲထူးခြားသွားမှာပါ။ ဘုရင်ခံရဲ့အိမ်တော်က ချီးကျူးထိုက်ပေမယ့် ၁၉၄၇ခုနစ်က ပုံစံမျိုးတော့မဟုတ်ပါဘူး။ ဇာတ်ကွက်ကတော့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ခဲ့ပြီး ဟူးမားကျူရက်စ်ချီနဲ့ မာနစ်ရှ်ဒါယက်တို့ရဲ့အချစ်ပုံပြင်ကို အခြေခံထားပါတယ်။ နောက်ထပ်ပြောစရာတစ်ခုက အခုလွတ်လပ်ရေးမရခင်အခြေအနေကို ရိုက်ကူးမယ်ဆိုရင် ပြည့်ပြည့်စုံစုံရိုက်ကူးနိုင်မှအဆင်ပြေနိုင်ပေမယ့် ဒီဇာတ်ကားကတော့ ဖြစ်သင့်တာထက် ဇာတ်လမ်းတိုလွန်းနေပါတယ်။ ပြီတော့ ရဲတိုက်တစ်ခုကိုအလှဆင်မယ်ဆိုရင် အဲဒီခေတ်ကအတိုင်း ကျေက်ပြားခင်းထားတဲ့အကွက်တွေနဲ့ တန်ဆာဆင်ရမှာဖြစ်ပေမယ့် ထင်သလိုဖြစ်မလာခဲ့ပါဘူး။

ဇာတ်ကားသုံးသပ်ချက် - ကြယ်ပွင့်တွေရဲ့စွမ်းဆောင်ရည်
ဇာတ်လမ်းအရ မောင့်ဘက်တန်အဖြစ်သရုပ်ဆောင်ခဲ့တဲ့ဗွန်နီဗီလီက အကောင်းဆုံးသရုပ်ဆောင်နိုင်သူဖြစ်လာနိုင်ပါပေမယ့် နည်းနည်းနဲ့ အထိရောက်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့အွန်ပူရီက အားလုံးကိုဖမ်းစားနိုင်ခဲ့ပါတယ်။ သူဟာ ဟူးမားကျူရက်ချီရဲ့အဖေအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး နိုင်ငံနှစ်ခြမ်းကွဲသွားမှာကိုမလိုလားတဲ့မူစလင်အဖြစ် ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ နောက်ပြီး လေဒီအက်ဒ်ဝင်နာအဖြစ်ဂီလီအန်ဒါဆန်ကိုရွေးချယ်ခဲ့တာကလည်း ပြီးပြည့်စုံတဲ့ရွေးချယ်မှုဖြစ်ခဲ့ပြီး ဇာတ်ကောင်တိုင်းက သူ့နေရာနဲ့သူ ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။

 ဇွဲထူးမြတ်လွင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment