လူတိုင်းခန္ဓာကိုယ်အနှံ့ဝက်ခြံပေါက်ဖူးကြပါတယ်။
အဆိုးဆုံးက တင်ပါးပေါ်က၀က်ခြံတွေပါ။ နာကျင်ရပါ တယ်။ ထိုင်ရထရ မသက်မသာဖြစ်ရပါတယ်။ အဖြစ်များတာကတော့
မွေးညင်းပေါက်လေးတွေ ကူးစက်ရောဂါ ဒါမှမဟုတ် ရောင်ရမ်းလာတာကြောင့်ပါ။ အရေပြားဆဲလ်အသေတွေ၊
အဆီပို၊ အညစ် အကြေးနဲ့ အရေပြားပွတ်တိုက်ခံရတာများလာတဲ့အခါ မွေးညင်းပေါက်လေးတွေရောင်ရမ်းပြီး
ကူးစက်ရောဂါ ရလာပါတော့တယ်။ အာဟာရချို့တဲ့တာ၊ တစ်ကိုယ်ရည်သန့်ရှင်းရေး အားနည်းတာကြောင့် လည်းဖြစ်ပါ တယ်။
အဲဒီတော့ တင်ပါးပေါ်က၀က်ခြံပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။
ရေခဲအုံ
ရေခဲတုံးက
ဝက်ခြံကိုတိုက်ရိုက်ကြီးမပျောက်သွားပေမယ့် အရေပြားရောင်ရမ်းတာ လျော့ချပေးပါတယ်။ တင်ပါးပေါ်က၀က်ခြံပေါ်
၁၀-၁၅ မိနစ်ခန့်ကပ်ထားပေးပါ။
ပန်းသီးအရက်ဗီနီဂါ
ဘက်တီးရီးယားနဲ့မှိုတွေသေစေနိုင်ပါတယ်။
မွေးညင်းပေါက်လေးတွေပွင့်သွားပြီး အရေပြားဆဲလ်အသေတွေကို ပျော်ကျသွားစေပါတယ်။ အရေပြားစံကို
ထိန်းညှိပေးပြီးအမာရွတ်ဖြစ်တာသက်သာစေပါတယ်။ ပန်းသီးအရက်ဗီနီဂါနဲ့ ရေခပ်နွေးနွေးရောပြီး
ရေချိုးတိုင်းပွတ်ပေးပါ။ ရေစိမ်လည်းရပါတယ်။
လက်ဖက်ပင်အဆီ
ပိုမွှားတွေသေစေပြီး
မြန်မြန်ကုသမှုပေးနိုင်ပါတယ်။ လက်ဖက်ပင်အဆီကို ဂွမ်းစလေးမှာဆွတ်ပြီး တင်ပါးကိုပွတ်ပေးပါ။
ခြောက်သွေ့သွားမှ ရေခပ်နွေးနွေးနဲ့ဆေးချပါ။ ၂-၃ကြိမ်လုပ်ပေးနိုင်ပါတယ်။
ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်က
အရေပြားကိုသက်သာစေပြီး ၀က်ခြံဖြစ်စေတဲ့ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးပါတယ်။ ရှားစောင်းလက်ပတ်အတွင်းသားနဲ့
အရေပြားကိုပွတ်ပြီး ၁၅-၂၀မိနစ်အကြာမှ ရေဆေးချလိုက်ပါ။
အုန်းဆီ
ဘက်တီးရီးယားနဲ့မှိုကိုသေစေပါတယ်။
နီရဲရောင်ရမ်းတာလျော့ကျစေပါတယ်။ အစိုဓာတ်ဖြည့်ပေးပြီး နူးညံ့စေပါတယ်။ ၀က်ခြံထွက်တဲ့တင်ပါးကို
အုန်းဆီလေးပွတ်ပေးပြီး ၂၀-၃၀ မိနစ်အကြာမှာ ရေပြန်ဆေးပါ။
သွားတိုက်ဆေး
အဖြူရောင်သွားတိုက်ဆေးမှာပါတဲ့ဓာတ်တွေက
ကူးစက်ရောဂါဖြစ်စေတဲ့ဘတ်တီးရီးယားတွေကို သေစေပါတယ်။ ရောင်ရမ်းနေတဲ့ အရေပြားချွေးပေါက်လေးတွေကိုခြောက်သွေ့သွားစေပြီး
ကူးစက်ရောဂါသက်သာစေပါတယ်။
မုန့်ဖုတ်ဆိုဒါ
အရေပြားဆဲလ်အသေလေးတွေကိုဖယ်ရှားပေးပြီး
ချွေးပေါက်ပွင့်စေပါတယ်။ မုန့်ဖုတ်ဆိုတာတစ်ဇွန်းနဲ့ ရေရောထားတဲ့အနှစ်ကို ၀က်ခြံပေါ်လိမ်းပေးပြီး
၂ မိနစ်ခန့်အကြာမှ ရေအေးအေးလေးနဲ့ဆေးချလိုက်ပါ။
ရန်နိုင်
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment