အလှအပနဲ့ကျန်းမာရေးအတွက် သလဲသီး











တရုတ်အခေါ်အရ လာဘ်ခေါ်သီး၊ ရှေးအီဂျစ်အခေါ်အရ အတွေးအခေါ်သီး၊ လူအများအခေါ်အရ သလဲသီးက အီရန်နိုင်ငံမှာအစပြုခဲ့ပြီး အခုဆိုရင် တစ်ကမ္ဘာလုံးအနှံ့ စိုက်ပျိုးနေကြပါပြီ။ အသီးက ချက်ပြီးစားစား ဒီအတိုင်းစားစား အရသာရှိသလို ကျန်းမာရေး၊ အလှအပအတွက်လည်း အကျိုးရှိပါတယ်။

နေရောင်ဒဏ်ကာကွယ်တယ
သလဲစေ့အဆီမှာပါတဲ့ အင်တီအောက်ဆီဒင့်က Free radical တွေကို တိုက်ထုတ်ပေးပြီး နေရောင်ဒဏ်ကနေကာကွယ်ပေးပါတယ်။

ဗီတာမင်စီကြွယ်ဝတယ်
ဗီတာမင်စီကြွယ်ဝစွာပါဝင်တဲ့အတွက်လည်း ခုခံအားစနစ်ကောင်းမွန်စေပြီး ချောင်းဆိုး၊ အအေးပတ် ကာကွယ်ပေးပါတယ်။

ဇရာကိုကာကွယ်ပေးတယ်
သလဲသီးရဲ့ကောင်းကျိုးတစ်ခုက အရေပြားကိုသန်စွမ်းစေပြီး အရေးအကြောင်းတွေဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ အရေပြားရဲ့ ကိုလာဂျင်နဲ့ကျုံ့နိုင်ဆန့်နိုင်အားကို သက်တမ်းရှည်စေပြီး နုပျိုစေပါတယ်။

အသားအရေစိုပြေစေတယ်
သလဲစေ့ရဲ့အဆီက ခြောက်သွေ့တဲ့အရေပြားကို ရောင်ရမ်းနာကျင်မှုလျော့ကျစေပြီး နုပျိုစေကာ အစိုဓာတ်ဖြည့်ပေးနိုင်ပါတယ်။

ဆီးချိုထိန်းပေးတယ်
တလဲသီးက သဘာဝသကြားဓာတ်တွေပါဝင်နေပေမယ့် အမျှင်ဓာတ်ကြွယ်ဝပြီး ဆီးချိုဝေဒနာရှင်တွေအတွက် သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးပါတယ်။

ကောက်ကွေ့နေတဲ့ဆံကေသာများအတွက်
ခြောက်သွေ့ကွေးကောက်နေတဲ့ဆံသားကိုထိန်းညှိပေးဖို့အတွက် တလဲစေ့အဆီကိုလိမ်းပေးမယ်ဆိုရင် ဆံသားကအစိုဓာတ်ပြည့်ဝပြီး စိုပြေတောက်ပလာစေပါလိမ့်မယ်။

ဝက်ခြံ၊ အမဲစက်တွေအတွက်
ဝက်ခြံ၊ အမဲစက်တွေဆိုတာ အစာခြေစနစ်မကောင်းလို့ပါ။ တလဲစေ့ဖျော်ရည်ကိုပုံမှန်သောက်ပေးရင် အစာခြေစနစ်ကောင်းမွန်စေပြီး ၀က်ခြံထွက်ခြင်းမှသက်သာစေပါလိမ့်မယ်။

ခရီးတွေထွက်ပြီဆိုရင် အသားအရေပျက်စီးတဲ့အတွက် သေချာဂရုစိုက်ထိန်းသိမ်းရပါတယ်…
စုမြတ်နိုးဦး
မြတ်နိုးတို့က အစစအရာရာ အားလုံးထိန်းသိမ်းရပါတယ်။ အခုဆိုရင် အလှအပတရားတင်မကဘူး၊ အသိပညာတွေပါလိုအပ်လာပြီလေ။ ခရီးတွေထွက်ပြီဆိုရင်  ပူတဲ့နေရာမှာဆိုရင်လည်း ပူတဲ့အလျှောက်၊ အေးတဲ့နေရာမှာဆိုရင်လည်း အေးတဲ့အလျှောက် အသားအရေပျက်စီးတဲ့အတွက် သေချာဂရုစိုက်ထိန်းသိမ်းရပါတယ်။
ဝဿန်

ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment