ဖုံးကွယ်မရတဲ့အလှအပပြဿနာ








တချို့သောအလှအပလေးတွေက ဖုံးဖိထားလို့မရပေမယ့် ပေါ်လာတဲ့အခါ အလွန်စိတ်အနှောက် အယှက်ဖြစ်စရာကောင်းလှပါတယ်။ ဒါကမိန်းကလေးတိုင်းနီးပါး လှချင်ပါလျက် နှုတ်ကနေဖွင့်ဟအကူအညီ တောင်းဖြေရှင်းဖို့ ခက်ခဲတဲ့ပြဿနာလေးတွေပါ။ ဘယ်လိုပြဿနာလေးတွေလဲ၊ ဘယ်လိုဖြေရှင်းကြ မလဲဆိုတာ လေ့လာကြည့်ရအောင်။

ကြွက်နို့

လူတစ်ယောက်စီကနေ တစ်ယောက်ကို ဗိုင်းရပ်စ်ကူးစက်တဲ့ ကြွက်နို့ကကြည့်ရတာရုပ်ဆိုးသလို ခန္ဓာကိုယ်နေရာအနှံ့ကိုလည်း ကူးစက်နိုင်ပါတယ်။ သူကိုယ်တိုင်လည်း ပျောက်ကင်းသွားနိုင်ပေမယ့် အခြားနေရာတွေကို မကူးစက်ခင်မှာ ဖယ်ရှားတာ အကောင်းဆုံးဖြစ်ပါတယ်။ ကြွက်နို့ကို ဖယ်ရှားဖို့ဆေးဝါးတွေ ဈေးကွက်ထဲမှာအများကြီးပါ။ အရေပြားကျွမ်းကျင်ပညာရှင်တွေနဲ့လည်း တိုင်ပင်ပြီးကုသနိုင်ပါတယ်။ ပန်းသီး အရက်ဗီနီဂါသုံးပြီးလည်း ကိုယ်တိုင်ကုသနိုင်ပါတယ်။

ဗောက်
ဗောက်ကတော့အနက်ရောင် ဆံကေသာမှာ အဖြူရောင်အဖတ်တွေနဲ့ အရေပြားဆဲလ်အသေတွေ ဖြစ်ပြီး မှိုကူးစက်ရောဂါပါ။ အစားအသောက်နဲ့အသုံးပြုနေတဲ့ ဆံကေသာထိန်းသိမ်းပစ္စည်းတွေ ဓာတ်မတည့်မှု ကြောင့်ဖြစ်ပေါ်လာရခြင်းပါ။ ဗောက်ထတာကိုဖြေရှင်းဖို့အလွယ်ကူဆုံးနည်းလမ်းကတော့ ဗောက်သေစေတဲ့ ခေါင်းလျော်ရည် ရွေးချယ်သုံးစွဲဖို့ပါဘဲ။ ဒါမှမဟုတ် သုံးနေကျခေါင်းလျော်ရည်ထဲမှာ aspirin ဆေးပြားထည့်ပြီးသုံးနိုင်ပါတယ်။ Aspirins မှာ ဗောက်များကိုသေစေတဲ့ Salicylic acid ပါဝင်နေပါတယ်။

ခြေထောက်အနံ့
ဆေးပညာအခေါ်အရ Bromodosis လို့ခေါ်တဲ့ ခြေထောက်အနံ့ထွက်တာက ခြေထောက်မှာထွက်တဲ့ ချွေးထဲက ဗတ်တီးရီးယားကြောင့်ဖြစ်ပါတယ်။ ဖိနပ်စီးတဲ့ အချိန်မှာပြဿနာရှိပေမယ့် ဖိနပ် ချွတ်လိုက်တဲ့အခါ ခြေထောက်အနံ့က ဆိုးဆိုးရွားရွားထွက်လာပါတယ်။ အဲဒါကြောင့် ဖိနပ်တစ်ရံတည်းကို ရက်အတော်ကြာ အောင် ၀တ်ခြင်းရှောင်ပါ။ တကယ်လို့ခြေထောက်အနံ့ထွက်လွန်းသူများအနေနဲ့ အနံ့ကိုဖယ်ရှားချင်တယ်ဆိုရင် ဖိနပ်ထဲကို မီးသွေးထည့်ထားပေးနိုင်ပါတယ်။

မှဲ့
မှဲ့လေးတွေက melanocytes လို့ခေါ်တဲ့ ဆဲလ်အစက်လေးတွေပါ။ အဲဒီဆဲလ်အစက်လေးတွေက မျက်နှာမှာ အရောင်စွန်းထင်းသွားစေပါတယ်။ မွေးကတည်းကပါလာတတ်သလို အသက် ၂၀-၃၀ ကျော်အရွယ်မှာလည်းပေါ်လာတတ်ပါတယ်။ ခွဲစိတ်ပြီးဖယ်ရှားတာထက် အခြားနည်းလမ်းမရှိပါဘူး။ မှဲ့အများ စုကအန္တရာယ်မပေးနိုင်ပေမယ့် အရောင်ပြောင်းလာတဲ့အခါ၊ အရွယ်အစားကြီးလာတဲ့အခါ သွေးယိုစီးလာတဲ့ အခါ ဆရာဝန်နဲ့ တိုင်ပင်ပြသတာအကောင်းဆုံးဖြစ်ပါတယ်။

ခံတွင်းရနံ့
ခံတွင်းအနံ့ဆိုးခြင်းက ဘတ်တီးရီးယား၊ ခံတွင်းသန့်ရှင်းမှုနည်းပါးခြင်း၊ အစားအသောက်စတာတွေ ကြောင့်ဖြစ်နိုင်ပါတယ်။ ခံတွင်းအနံ့ဆိုးခြင်းတွေကာကွယ်ဖို့ တစ်နေ့နှစ်ကြိမ်သွားတိုက်ပေးပါ။ ခံတွင်းကိုလည်း စိုပြေနေအောင် ဂရုစိုက်ဖို့လိုပါတယ်။ ခံတွင်းခြောက်သွေ့ခြင်းကလည်း ခံတွင်းအနံ့ဆိုးထွက်စေပါတယ်။

အမွေးအမျှင်များ
အမွေးအမျှင်တွေက ရိတ်လေပြန်ပြီးပေါက်လေပါပဲ။ ရိတ်ပြီးတဲ့အခါမှာလည်း အရေပြားမှာ အနီရောင် အဖုလေးတွေထနေတတ်ပါတယ်။ အဓိကအကြောင်းရင်းက ချွေးပေါက်လေးတွေပိတ်သွားပြီး ကူးစက်ခံရ တာကြောင့်ပါ။ အဲဒါကြောင့် အမွှေးအမျှင်တွေရိတ်ပြီးတဲ့အခါတိုင်း ချွေးပေါက်မပိတ်စေဖို့ Salcysic acid ပါဝင်တဲ့ဆပ်ပြာသုံးပြီး သန့်စင်ပေးပါ။ ရောဂါများ မကူးစက်စေဖို့ သန့်ရှင်းတဲ့တစ်ခါသုံး ဓားသာအသုံးပြုပါ။

အ၀ါရောင်လက်/ခြေသည်း
လက်/ခြေသည်းတွေဝါလာရတဲ့ အကြောင်းရင်းတစ်ခုကအရောင်ရင့် လက်သည်းဆိုးဆေးတွေသုံး လွန်းတဲ့အတွက်ကြောင့်ပါ။ သဘာဝအတိုင်းပန်းနုရောင် ခြေသည်းလေးတွေပြန်ရစေဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ သံလွင်ဆီ၊ သံပုရာရည်ကိုရောစပ်ပြီးလိမ်းပေးဖို့ပါဘဲ။

ချိုင်းမည်းခြင်း
ချိုင်းမည်းတာက ချွေးနဲ့ကြမ်းတမ်းတဲ့အ၀တ်အစားတို့ အသားမှာပွတ်တိုက်မိပြီး ဖြစ်လာရတာပါ။ ချိုင်းမည်း တာကိုကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းက ချိုင်းမွှေးရိတ်တဲ့အခါ Shavingle သုံးပေးဖို့ပါပဲ။ ချွေးထွက်တဲ့ အခါတိုင်းလည်း ချိုင်းကိုညင်သာစွာသုပ်ပေးဖို့လိုပါတယ်။

ဝဿန်

---------------------------------------------
ကျန်းမာလန်းဖြာစေဖို့ ကျန်းသုခ Health Guide ကို ဖတ်ကြပါစို့။



Share on Google Plus

0 comments:

Post a Comment