ရောင်စဉ်ဖြာတဲ့ အသားအရေလေးရအောင်









ဘယ်သူမဆိုတောက်ပပြီး ရောင်စဉ်ဖြာနေတဲ့အသားအရေကို ပိုင်ဆိုင်ကြမှာပါ။ တောက်ပတဲ့ အရေပြားက ငယ်ရွယ်ပြီးကျန်းမာလှပနေပါတယ်။ ဒါပေမယ့် တစ်ခါတစ်ရံဆန့်ကျင်နေတဲ့ သဘာဝတရား ကြီးကြောင့် အသားအရေကခြောက်သွေ့ပြီးညိုးနွမ်းလာပါတယ်။ ဒါကအိပ်စက်ချိန် မပြည့်ဝတာကြောင့် ရေနဲ့ အာဟာရမလုံလောက်မှုတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီအချက်တွေကြောင့်လည်း အရေပြားကပိုပြီးညိုး နွမ်းခြောက်သွေ့လာရပါတယ်။

ခရမ်းချဉ်သီးနဲ့ဒိန်ချဉ်
ခရမ်းချဉ်သီးနဲ့ ဒိန်ချဉ်ကတော့ အသားအရေအတွက် အရိုးရှင်းဆုံးပေါင်းတင်နည်းလမ်းပါ။ ကြေးချွတ် တာက အသားအရေထိန်းသိမ်းမှုရဲ့ အခြေခံစနစ်ဖြစ်ပြီး ကြေးချွတ်ပေးတဲ့အတွက် မျက်နှာအရေပြားကို မွဲခြောက်စေတဲ့ ဆဲလ်အသေလေးတွေကို ဖယ်ရှားသန့်စင်ပေးပါတယ်။ ခရမ်းချဉ်သီးအနှစ်တစ်ဇွန်း ဒိန်ချဉ်(၂) ဇွန်းခန့်ကိုရောစပ်ပြီး မျက်နှာပြင်အနှံ့လိမ်းပေးပါ။ (၁၀)မိနစ်ခန့်အကြာမှ ရေဖြင့်ဆေးချလိုက်ပါ။

ပျားရည်၊သံပုရာရည်
ပျားရည်နဲ့သံပုရာရည်က ၀က်ခြံသမားများအတွက် အသားရေကို ချောမွေ့စေပြီး သဘာဝအတိုင်း ကြည်လင်တောက်ပစေတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ သံပုရာရည်က အရေပြားကြေးချွတ်ပေးပြီး တောက်ပ စေပါတယ်။ ပျားရည်ကတော့ ၀က်ခြံဖြစ်စေတဲ့ ဘတ်တီးရီးယားတွေကို သေစေပြီးရောင်ရမ်း နာကျင်ခြင်းကို သက်သာစေပါတယ်။ ပျားရည်သံပုရာရည်ကိုရောစပ်ပြီး မျက်နှာပြင်အနှံ့လိမ်းထားပါ။ (၁၀) မိနစ်ခန့်အကြာမှ ရေဖြင့်ဆေးချလိုက်ပါ။ သတိပြုရမှာကတော့ ထိလွယ် ရှလွယ် အရေပြားပိုင်ရှင်တွေအနေနဲ့ ဒီကုသမှု ကိုရှောင်ရှားဖို့ပါဘဲ။

သင်္ဘောသီးနဲ့ဒိန်ချဉ်
သင်္ဘောသီးမှာအရေပြားကို ကြေးချွတ်ပေးပြီး အမည်းစက်တွေ ၀က်ခြံတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိတဲ့ Papin ဓာတ်ပါဝင်ပါတယ်။ သင်္ဘောသီးကိုခြေပြီး ၄င်းအနှစ်ကို ဒိန်ချဉ်နဲ့ရောစပ်ပြီး မျက်နှာပြင်မှာ လိမ်းထား ပေးပါ။ (၁၀) မိနစ်အကြာမှာ ရေခပ်နွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ သင်္ဘောသီးနဲ့ ဒိန်ချဉ်မျက်နှာ ပေါင်းတင် နည်း က အသားအရေကိုကြည်လင်လာစေရုံသာမက အသားအရေကို တင်းရင်းလှပစေပါလိမ့်မယ်။

ပဲမှုန့်
ပဲမှုန့်ကို ရာစုနှစ်ပေါင်းများစွာကတည်းက အသားအရေတောက်ပလာစေဖို့ အသုံးပြုကြပါတယ်။ ပဲမှုန့် မှာ အသားအရေကိုကျန်းမာ တောက်ပစေပြီးအာဟာရဖြည့်ပေးနိုင်တဲ့ ဓာတ်တွေပါဝင်ကြပါတယ်။ ပဲမှုန့်နဲ့ပျားရည်ကို ပျစ်စေးနေအောင် ရောစပ်ပြီး မျက်နှာပြင်အနှံ့လိမ်းထားပေးပါ။ ခြောက်သွေ့သွားမှရေခပ်နွေး နွေးလေးနဲ့ ဆေးချလိုက်ပါ။ ဒီပေါင်းတင်နည်းက မျက်နှာပြင်က အဆီတွေကို စုပ်ယူနိုင်စွမ်းရှိတဲ့အတွက် အဆီပြန်တဲ့အသားအရေပိုင်ရှင်များအတွက် အသင့်လျော်ဆုံးဖြစ်ပါတယ်။

ထောပတ်သီးနဲ့ပျားရည်
ထောပတ်သီးမှာမွဲခြောက်ကြမ်းတမ်းနေတဲ့ အရေပြားကိုတောက်ပပြောင်လတ်စေနိုင်တဲ့ အာနိသင် တွေပါဝင်ပါတယ်။ ထောပတ်သီးက အသားအရေကို အစိုဓာတ်ဖြည့်ပေးပြီး ရောင်ရမ်းခြင်းကိုသက်သာစေတဲ့ ဂုဏ်သတ္တိပါဝင်တဲ့ အတွက် အသားအရေနီရဲခြင်း၊ ယားယံခြင်းတို့ကို သက်သာစေပါတယ်။ ပျားရည်ကတော့ ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေကို သက်သာစေပြီး အသားအရေကို တောက်ပစေပါတယ်။

နနွင်း
အသားအရေတောက်ပဖို့ နနွင်းမှုန့်ကိုလည်းသုံးနိုင်ပါသေးတယ်။ နနွင်းရဲ့ကြေးချွတ်ပေးတဲ့ ဂုဏ်သတ္တိ က အသားအရေပေါ်က ဆဲလ်အသေတွေကိုဖယ်ရှားသန့်စင်ပေးပါတယ်။

အုန်းနို့နဲ့ပျားရည်
အုန်းနို့ကလည်းအသားအရေကို သဘာဝအတိုင်း တောက်ပစေနိုင်စွမ်းရှိပါတယ်။ အုန်းနို့(၂)စွန်း၊ ပျား ရည်(၁)ဇွန်း၊ သံပုရာရည်(၁)ဇွန်း ရောစပ်ပြီး ၄င်းအရည်နဲ့မျက်နှာပြင် ကို (၁၀) မိနစ်ခန့်နှိပ်နယ်ပေးပါ။ ပြီးမှ ရေခပ်နွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

လိမ္မော်သီး
လိမ္မော်သီးမှာပါဝင်တဲ့ ဗီတာမင်စီက အသားအရည်ကိုကြည်လင်စေပြီး အရေးအကြောင်းတွေကို ပျောက်ကင်းစေနိုင်စွမ်းရှိပါတယ်။ နနွင်းမုန့်နဲ့လိမ္မော်ရည်ကို မျက်နှာပြင်မှာလိမ်းပေးပြီး (၁၀) မိနစ်ခန့်နေမှ ဆေးချလိုက်ပါ။

ဝဿန်

---------------------------------------------
ကျန်းမာလန်းဖြာစေဖို့ ကျန်းသုခ Health Guide ကို ဖတ်ကြပါစို့။

Share on Google Plus

0 comments:

Post a Comment