လူတိုင်းအချစ်ခံချင်ကြပါတယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်လာချစ်တာ အချစ်စစ်လား၊ အယောင်ဆောင်လားဆိုတာ ဘယ်လိုသိနိုင်ပါ့မလဲ။
တကယ်လို့ ကိုယ်ကတစ်ယောက်ယောက်နဲ့ကြိုက်နေတယ်။ ခံစားချက်တွေကလည်းထူးခြားပြင်းထန်နေတယ်။
ဒါပေမဲ့ ချစ်တာလား စွဲလန်းတာလား၊ မချစ်ဘဲ တစ်ယောက်နဲ့တစ်ယောက် ဟန်ဆောင်ပြီး လိုအပ်ချက်အရတွဲနေသလားဆိုတာ
ဘယ်လိုသိနိုင်ပါ့မလဲ။
အချစ်စစ်မှာအာမခံချက်တွေမလို
သူနဲ့ကြိုက်နေပေမယ့်
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိသေးဘူး။ အဲဒီတော့ သူငယ်ချင်းတွေကိုမေးမယ်။ ကိုယ့်မိတ်ဆွေတွေကိုမေးမယ်။
အာမခံချက်တွေ၊ ထောက်ခံချက်တွေလိုက်တောင်းနေတဲ့သဘောပေါ့။ တကယ်တော့ အချစ်စစ်မှာအဲဒါတွေမလိုပါဘူး။
ကိုယ့်ကိုယ်ကိုယ်ယုံကြည်တဲ့သူတစ်ယောက်က တခြားလူတွေဆီကအာမခံချက်မတောင်းပါဘူး။
သူ့ကိုချစ်ရင် အားလုံးကိုချစ်တယ်
လူတစ်ယောက်ကိုချစ်မိတယ်
သူ့ပတ်ဝန်းကျင်၊ သူ့လှုပ်ရှားမှု၊ သူ့အမူအရာလေးတွေကအစ ချစ်မိတယ်။ သူနဲ့ပတ်သက်သမျှ အရာရာကိုချစ်မိတယ်။
ဒါမှ အချစ်စစ်ပါ။
အနာဂတ်ကိုအတူတူမြင်တယ်
ကိုယ်တကယ်ချစ်တဲ့လူနဲ့အတူ
အနာဂတ်အကြောင်းဖွင့်ဟကြတယ်။ ပုံဖော်ကြတယ်။ ပုံဖော်လေ အနာဂတ်ကပိုပြီးထင်ရှားပြတ်သားလာလေပါပဲ။
ဒါသူ့ကိုတကယ်ချစ်ပြီး သူနဲ့ကိုယ်စိတ်တူကိုယ်တူရှိလို့ပါ။
အတိုင်းအဆမရှိယုံကြည်တယ်
သူ့ကိုအတိုင်းအဆမရှိယုံကြည်တယ်။
ယုံကြည်လေပိုပြီးချစ်ခင်မြတ်နိုး၊ တန်ဖိုးထားလာလေပါပဲ။ နှလုံးသားထဲက နက်နက်ရှိုင်းရှိုင်းချစ်မိတဲ့အခါ
သဘာဝအတိုင်းအလိုလိုယုံကြည်တန်ဖိုးထားလာပါတယ်။
ပိုပြီးပျော်ရွှင်ရတယ်
ကိုယ်တကယ်မြတ်မြတ်နိုးနိုးချစ်တဲ့လူဘေးနေရတဲ့ခဏတာကာလလေးက
သူရောကိုယ်ပါ စိတ်ဖိစီးမှုတွေဖြေဖျောက်ပြီး ပျော်ရွှင်ရမယ့်အချိန်လေးပါ။ ဘာကြောင့်ပဲစိတ်ညစ်စရာတွေရှိနေပါစေ
သူ့ကြောင့်ပျော်ရွှင်လာမယ်။
Whitney
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment