အဆင့်သတ်မှတ်ချက်
၎/၅
သရုပ်ဆောင်များ
ခူရာနာ၊ ပီနက်ကာ၊
ဘရီဂျန်ဒရာကာလာ၊ ဆီမာပါဝါ
ဒါရိုက်တာ
ပရာဆန်နာ
ဘာကောင်းလဲ
ဇာတ်ကားထဲမှာပါဝင်တဲ့သရုပ်ဆောင်မှန်သမျှ
အကောင်းဆုံးသရုပ်ဆောင်ထားခြင်း
ဘာဆိုးလဲ
ဒုတိယပိုင်းမှာ
သဘာဝသိပ်မကျတာကလွဲလို့ ကျန်တာအပြစ်ပြောစရာသိပ်မရှိ
စောင့်ကြည့်သင့်သလား
သေချာပေါက်လက်လွှတ်မခံသင့်တဲ့ဇာတ်ကားလေးပါ။
ဒီကားကြည့်ရင်း ကိုယ်ကပါအပျော်တွေကူးစက်လာသလိုခံစားရပါတယ်။
ဇာတ်လမ်းအကျဉ်း
ကြီးကျယ်တဲ့အိန္ဒိယတာမာရှာအဖြစ်
ဆူဂန်ဒါဂျိုရှီ(ပီနက်ကာ)က မင်္ဂလာဆောင်အခမ်းအနားပုံနဲ့ ဒီဇာတ်ကားကိုစတင်ပုံဖော်ထားပါတယ်။
သူက မူဒစ်ရှာမာ(ခူရာနာ)နဲ့စေ့စပ်ရတော့မှာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် ရှေးဖြစ်နောက်ကြောင်းတွေကို
ပုံပြင်တွေသဖွယ် အပြန်အလှန်ပြောကြပါတယ်။ ဆူဂန်ဒါနဲ့ မူဒစ်တို့က အချစ်လည်း ဒါပဲ၊ လက်ထပ်ခြင်းကလည်းဒါပဲဆိုတာဖြစ်ဖို့
သေသေသပ်သပ်စီစဉ်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မူဒစ်က သူ့မိဘတွေဟာ ယောက်ျားကိစ္စနဲ့ပတ်သက်လို့
ပြဿနာတွေရှိတဲ့အကြောင်း ဆူဂန်ဒါကိုနားလည်အောင်ရှင်းပြဖို့ကြိုးစားရင်းနဲ့ ဒီဇာတ်ကားကို
အဓိကတည်ထားပါတယ်။
နောက်ပိုင်းမှာ
ရယ်စရာပြက်လုံးလေးတွေနဲ့အတူ အရွယ်ရောက်စလူငယ်တွေအတွက် ပညာပေးသဘောမျိုးရိုက်ကူးထားပါတယ်။
ဒီအကြောင်းကို ဆူဂန်ဒါသိသွားတဲ့အခါ သူဘယ်လိုတုံ့ပြန်မလဲ… သူတို့ရဲ့မိဘတွေကရော ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာတွေက
ဒီဇာတ်ကားကိုရှေ့ဆက်ကြည့်ဖို့ တိုက်တွန်းတဲ့အဓိကအချက်တွေဖြစ်ပါတယ်။ အူနှိပ်ရယ်ရမတတ်ဖြစ်စေနိုင်တဲ့
ရယ်စရာဇာတ်ကွက်တွေနဲ့အတူ အဆုံးသတ်ကလည်း တကယ့်လက်တွေ့ဘ၀နဲ့အတူတူပါပဲ။ မူဒစ်ရယ် ဆူဂန်ဒါတို့နဲ့အတူ
ခံစားမှုအထွတ်အထိပ်ကိုရောက်ရှိနိုင်ဖို့ ကိုယ်တိုင်ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။
ဇာတ်ညွှန်းကိုလေ့လာခြင်း
ဒါရိုက်တာ
ပရာဆန်နာဟာ သူအရင်ရိုက်ခဲ့တဲ့ဇာတ်ကားတွေကပုံစံလေးတွေအတိုင်း ဒီဇာတ်ကားကို အစပျိုးထားပြီး
အဲဒီအတွက်ကြောင့်ပဲ ဒီဇာတ်ကားကိုကြည့်တာနဲ့ အံ့အားသင့်စရာကောင်းတဲ့ဇာတ်ကွက်နဲ့ သရုပ်ဆောင်ချက်တွေကို
တွေ့မြင်နိုင်မယ်ဆိုတာ ကြိုတင်ခန့်မှန်းနိုင်ပါတယ်။ သူဟာ စကားလုံးနဲ့တောင်ရှင်းပြဖို့မလွယ်တဲ့ကိစ္စကို
ကွက်ကွက်ကွင်းကွင်းမြင်အောင် အသေအချာရိုက်ကူးပြနိုင်ခဲ့ပါတယ်။ ဆူဂန်ဒါရဲ့မိဘတွေက သူ့ကို
video call ကနေတစ်ဆင့် ဥပဒေအတိုင်းဆောင်ရွက်ဖို့ပြောတာတွေက ဒီဇာတ်ကားရဲ့အသက်ပါမှုကို
အလေးအနက်ပြသနိုင်ခဲ့ပါတယ်။ ဇာတ်ညွှန်းရေးဆရာ ကီဝယ်ညာကလည်း တကယ့်လက်တွေ့ဘ၀မှာ ပုံမှန်အသုံးပြုနေကျစကားလုံးတွေကို
အကောင်းဆုံးအသုံးချနိုင်ခဲ့ပြီး ဇာတ်ညွှန်း၊ အယူအဆ၊ ဇာတ်ကောင်တွေရဲ့အသက်ဝင်မှုနဲ့ ဒါရိုက်တာပရာဆန်နာတို့က
ဒီဇာတ်ကားရဲ့အသက်လို့တောင်ဆိုနိုင်ပါတယ်။ ပရာဆန်နာက အရင်ကတစ်ခါမှမရောက်ဖူးတဲ့နေရာကို
စူးစမ်းရှာဖွေဖို့မကြောက်တဲ့သူ့ရဲ့သတ္တိကို ဒီဇာတ်ကားမှာလည်း ပရိသတ်တွေကိုထပ်မံပြသနိုင်ခဲ့ပြီး
အဲဒီအချက်ကြောင့်လည်း ပရိသတ်တွေလက်သင့်ခံနေတာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ လိုအပ်ချက်လေးတွေရှိတာမှန်ပေမယ့်
ကိုယ်သဘောကျချစ်မြတ်နိုးသူတစ်ယောက်က အမှားနည်းနည်းလုပ်ခဲ့မိရင် ခွင့်လွှတ်တတ်သလိုမျိုး
ဒါကိုပရိသတ်တွေနားလည်ပေးနိုင်ပါတယ်။
ကြယ်ပွင့်တွေရဲ့စွမ်းဆောင်ရည်
ကြီးကျယ်တဲ့သရုပ်ဆောင်တွေဟာ
အမှတ်ရဖွယ်ကောင်းလောက်တဲ့သရုပ်ဆောင်မှုတွေလုပ်နိုင်ခဲ့တာတောင် တစ်ခါတလေအထင်သေးလျှော့တွက်တာခံရတတ်ပါတယ်။
ဒါကလည်း ပရိသတ်တွေက သူတို့ဆီကနေ အများကြီးမျှော်လင့်ထားတာကြောင့်ဖြစ်နိုင်ပါတယ်။ ဒါက
ပရိသတ်တွေက ကိုယ့်ကို ကြီးကျယ်တဲ့သရုပ်ဆောင်မှန်းမသိဘူးလို့ ဆိုလိုတာမဟုတ်ဘဲ ကိုယ်ကအကြီးကျယ်ဆုံးဖြစ်လာနိုင်တာကိုဆိုလိုတာပါ။
Vicky Donor (2012), Dum Laga Ke Haisha (2015) ဇာတ်ကားတွေလို အခုလည်း Shubh mangal Saavdhan ဇာတ်ကားက
ဂန္တ၀င်တွင်တဲ့ဇာတ်ကားတစ်ကားဖြစ်လာနိုင်ပါတယ်။ ဒီဇာတ်ကားမှာ ခူရာနာရဲ့သရုပ်ဆောင်ချက်တွေက
လက်ဖျားခါလောက်တယ်လို့ဆိုရင် ဒါကလျှော့ပြောတာဖြစ်နိုင်ပါလိမ့်မယ်။ ပီနက်ကာကလည်း သူ့ရဲ့လေယူလေသိမ်းဝဲတာကို
ချစ်စရာအသွင်အဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။
ဇွဲထူးမြတ်လွင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment