အသားအရေတွဲကျလာတဲ့အခါ ဒီလိုဖြေရှင်းပါ










အသက်အရွယ်ကြီးလာတာနဲ့အမျှ အရေပြားရဲ့ကျုံ့နိုင်ဆန့်နိုင်အားက လျော့လာပြီး အရေပြားတွဲ ကျလာပါတယ်။ ဒါကတော့ နေရောင်ထဲအချိန်ကြာလှုပ်ရှားခြင်း၊ ကိုယ်အလေး ချိန်အလျှင်အမြန်ကျခြင်း၊ ဆေးလိပ်သောက်ခြင်း စတာတွေကြောင့် ဖြစ်လာပါတယ်။ အသားအရေက တွဲကျလာတဲ့အခါ ပိုပြီးအိုမင်း ရင့်ရော်လာပြီး ကြည့်ရဆိုးလာပါတယ်။ အဲဒီတော့ ဘယ်လိုဖြေရှင်းမလဲ။

ရေဓာတ်ဖြည့်
အသားအရေနူးညံ့ဖို့၊ ကျစ်လျဖို့ ရေကအဓိကကျပါတယ်။ အဲဒါကြောင့် ရေအလုံအလောက်မသောက် သူတွေအနေနဲ့ ရေအလုံအလောက်သောက်သုံးဖို့ လိုလာပါပြီ။ အသားအရေအတွက်ရေဓာတ်က အကျိုးပြုဖို့ နေ့စဉ်ရေ(၂)လီတာ သောက်ပေးပါ။ အဲဒါမှအသားအရေစိုပြေပြီး ကျုံ့နိုင်ဆန့်နိုင်အားပို ကောင်းလာပါလိမ့် မယ်။ 

ဆီကျော်မုန့်အစားအစာတွေရှောင်
ကိုယ်စားသုံးတဲ့အစားအသောက်ကလည်း အသားအရေကို အကျိုးသက်ရောက်မှုရှိပါတယ်။ အသား အရေကို အဆီပြန်စေပြီး အိုမင်းရင့်ရော်စေတဲ့ အရေပြားကိုတွဲကျစေပြီး ကြည့်ရဆိုးစေတဲ့ အစားအစာတွေ၊ ဆီကြော်မုန့်တွေ၊ အဆီအစိမ့်များလွန်းတဲ့ အစားအစာတွေရှောင်ပါ။ ဒီလိုအစားအစာတွေထဲမှာ အသားအရေအတွက် အသက်အန္တရာယ်ရှိစေတဲ့ ဖြည့်စွက်ဓာတုပစ္စည်းတွေပါတဲ့အတွက် ရှောင်သင့်ပါ တယ်။ 

သစ်သီး၊ ဟင်းသီးဟင်းရွက်စား
နောက်ထပ်အသားအရေကို ကျစ်လျစ်စေဖို့ နည်းလမ်းကောင်း တစ်ခုကတော့နေ့စဉ်စားသုံးတဲ့ အစား အစာတွေထဲမှာ သစ်သီး၊ ဟင်းသီးဟင်းရွက်များများထည့်သွင်း စားပေးဖို့ပါပဲ။ အဲဒီအစား အစာတွေထဲမှာ အင်တီအောက်ဆီးဒင့်၊ ဗီတာမင်နဲ့တ္ထုထုဓာတ်တွေ များစွာပါဝင်ပြီး အဲဒီဓာတ်တွေက ရေပြားတွန့်ခြင်း၊ အရွယ်မ တိုင်မီ အိုမင်းရင့်ရော်ခြင်းတွေကိုကာကွယ်ပေးပါတယ်။

အစိုဓာတ်ဖြည့်
အသားအရေအတွက် အစိုဓာတ်ဖြည့်ပေးဖို့အရေးကြီးပါတယ်။ အစိုဓာတ်ကအသားအရေကို ကျစ်လျ စိုပြေစေပြီး အရေးအကြောင်းကင်းစင်စေပါတယ်။ အစိုဓာတ်ထိန်း ခရင်အတွက် Anti-aging ပစ္စည်းတွေ လိုမျိုး ရွေးချယ်သုံးစွဲနေစရာ မလိုပါဘူး။ အသားအရေရဲ့ကျုံ့နိုင် ဆန့်နိုင်အားကို ကောင်းကောင်း ထောက်ပံ့ပေးနိုင်တဲ့ အစိုဓာတ်ထိန်း ပစ္စည်မျိုးသာသုံးစွဲပေးပါ။

ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအစာများစား
နောက်ထပ်အသားအရေ ကျစ်လျစ်တင်းရင်းဖို့နည်းလမ်းကောင်းတစ်ခုကတော့ ပရိုတင်းဓာတ်ကြွယ် ၀တဲ့ အစားအစာတွေစားသုံးပေးဖို့ပါပဲ။ ပရိုတင်းကြွက်သားများသန်မာဖို့၊ အရေပြားကျုံ့နိုင်ဆန့်န့ိုင်အား  ကောင်းမွန်စေဖို့ ကိုလာဂျင်ထုတ် လုပ်မှုတို့ကိုထောက်ပံ့ပေးပါတယ်။  ပဲစေ့၊ ရွှေဖရုံစေ့၊ ပန်းဂေါ်ဖီစိမ်း၊ စိမ်းပြာရေညှိ၊ ဟင်းနုနွယ်တို့များများစားပါ။ ဒီဟင်းသီးဟင်းရွက်တွေက အသားအရေကိုကျစ်လျစ်လာ ရုံသာမက အဟာရဖြည့်ပေးပါလိမ့်မယ်။ 

မုန့်ဖုတ်ဆိုဒါနဲ့ ကြေးချွတ်
အသားအရေကို မုန့်ဖုတ်ဆိုဒါသုံးပြီး ကြေးချွတ်တာကလည်း အသားအရေကို တင်းရင်းကျစ်လျစ် စေပါတယ်။ မုန့်ဖုတ်ဆိုဒါက အရေပြားဆဲလေးတွေကိုဖယ်ရှားပေးပြီး ချွေးပေါက်လေးတွေထဲမှ အဆီနဲ့ အညစ် အကြေးတွေကို ဖယ်ရှားသန့်စင်ပေးပါတယ်။ မုန့်ဖုတ်ဆိုဒါကိုရေခပ်နွေးနွေးနဲ့ရောစပ်ပြီး ၄င်း အနှစ်ကို မျက်နှာ အရေပြားမှာ စက်ဝိုင်းသဏ္ဍန်ခပ်ဖွဖွလေးပွတ်ပေးပါ။ 

ကြက်ဥအကာနဲ့ အညစ် အကြေးတွေဖယ်ရှား
အသားအရေကိုကျစ်လျစ်သွားစေဖို့ နောက်ထပ်နည်းလမ်းကောင်း တစ်ခုကတော့ ကြက်ဥအကာ ပါပဲ။ ကြက်ဥအကာမှာ မျက်နှာပြင်ချွေးပေါက်ငယ်လေးတွေထဲမှ အဆီနဲ့ အညစ်အကြေးတွေကို ဖယ် ရှားပေးနိုင်တဲ့ အဟာရဓာတ်တွေများစွာ ပါဝင်ပါတယ်။ ကြက်ဥအကာကို မျက်နှာပြင်ပေါ်မှာ (၁၀)မိနစ်ခန့် လိမ်းထားပေးပြီး ရေခပ်နွေးနွေးလေးနဲ့ဆေးချလိုက်ပါ။

သံလွင်ဆီကိုသုံး
သံလွင်ဆီက အသားအရေကို တင်းရင်းကျစ်လစ်စေတဲ့ အကောင်းဆုံးသဘာဝအဆီဖြစ်ပါတယ်။ သံလွင်ဆီမှာအသားအရေကို အားဖြည့်ပေးမယ့် ဗီတာမင်တွေ၊ အင်တီအောက်ဆီးဒင့်တွေကြွယ်ဝစွာပါ ၀င်ပါတယ်။ သံလွင်ဆီကို မျက်နှာမှာလိမ်းပြီးနှိပ်ပေးပါ။ 

ငှက်ပျောသီး၊ ပျားရည်နဲ့ မျက်နှာပေါင်းတင်
ငှက်ပျောသီးနဲ့ ပျားရည်မှာ အရေပြားတွန့်ခြင်း၊ အိုမင်းခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ငှက်ပျော သီးကို ခြေပြီးအဲဒီအနှစ်ကိုပျားရည်နဲ့ ရောစပ်ပြီးမျက်နှာမှာ (၁၅)မိနစ် ခန့်လိမ်းထားပေးပါ။

ဝဿန်
 
---------------------------------------------
ကျန်းမာလန်းဖြာစေဖို့ ကျန်းသုခ Health Guide ကို ဖတ်ကြပါစို့။
 
Share on Google Plus

0 comments:

Post a Comment