ဖက်ရှင်ကျဖို့ လူမှုဆက်ဆံရေးလည်းလိုတယ်











လူတစ်ယောက်က လူအများကြားမှာ အထင်းသားပေါ်လွင်နေတယ်။ ပြင်ဆင်ထားတဲ့မိတ်ကပ်ကြောင့် ဖက်ရှင်ကျကျဝတ်တတ်တာကြောင့်…နောက်ပြီးတော့ လူမှုဆက်ဆံရေးကောင်းတာကြောင့်ပါ။ အခုခေတ်မှာ ဖက်ရှင်ကျကျဝတ်စားတတ်ရုံနဲ့က အရေးမကြီးတော့ပါဘူး။ အဲဒီလူက လူမှုဆက်ဆံရေး လည်းကောင်းနေဖို့လိုတယ်။

လက်ခံပါ
သူငယ်ချင်းတွေက ဘယ်သွားမယ်ပြောပြော ငြင်းလွှတ်တာဘယ်နှစ်ခါလောက်လုပ်ပြီးသွားပါပြီလဲ။ လူမှုဆက်ဆံရေးမှာအရေးကြီးဆုံးက လက်ခံတတ်ဖို့ပါ။ အဲဒါကြောင့် နောက်တစ်ချိန်မငြင်းပါနဲ့။ အပြင်သွားဖို့လက်ခံလိုက်ပါ။

ပေါင်းသင်း
နောက်တစ်ခုက သူငယ်ချင်းရဲ့သူငယ်ချင်းတွေနဲ့လည်း ပေါင်းသင်းဖို့ပါ။ ဒါမှလည်း အပေါင်းအသင်း မိတ်ဆွေတွေ ဒီထက်ပိုများလာမှာမဟုတ်ပါလား။

အရေးကြီးတာက
လူတိုင်းနီးပါး အထူးသဖြင့် အရေးကြီးတဲ့လူတိုင်းအတွက် အချိန်ပေးနိုင်ဖို့ပါ။ သူတို့အတွက် အချိန်လေး နည်းနည်းဖြစ်စေ ဖယ်ထားပေးပါ။

အဆက်အသွယ်လုပ
ခင်မင်ခဲ့ဖူးတဲ့သူငယ်ချင်းအဟောင်းတွေကိုလည်းပစ်မထားပါနဲ့။ တတ်နိုင်သလောက် အဆက်အသွယ် လုပ်ပါ။ ပြန်လည်ရှာဖွေပါ။

အငြင်းခံရတာမကြောက်နဲ့
ကိုယ်ဖိတ်ခေါ်လိုက်လို့ သူငြင်းတာကို မကြောက်ရွံ့ပါနဲ့။ ကိုယ့်ဘက်ကသာ တာဝန်ဝတ္တရားရှိတဲ့အတိုင်း ရဲရဲဝံ့ဝံ့ဖိတ်ခေါ်ပါ။

အကောင်းမြင်
အဆိုးမြင်စိတ်တွေရှောင်ပြီး အကောင်းမြင်အတွေးတွေများများမွေးမြူပါ။
နားထောင်ကူညီ
ကိုယ်လည်းစကားပြောသလို သူတို့ကိုလည်းပြောဆိုခွင့်ပေးပါ။ နားထောင်တာကလည်း ကူညီတဲ့နည်းလမ်းတစ်ခုပါပဲ။


Crystal
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 


Share on Google Plus

0 comments:

Post a Comment