နေရောင်ကာကွယ်သည်ဆိုသော်ငြားလည်း







နေရောင်ခြည်က အသားအရေကိုပျက်စီးစေပြီး အရွယ်မတိုင်မီအိုမင်းရင့်ရော်စေတယ်ဆိုတာ လူတိုင်း သိပြီးသားဖြစ်မှာပါ။ အဲဒါကြောင့်လည်း နွေ၊ မိုး၊ ဆောင်း (၃) ရာသီမရွေး နေရောင်ကာလိမ်းဆေးတွေရဲ့ ၀ယ်လိုအားက အလှကုန်ပစ္စည်းလောကမှာ ထိပ်ဆုံးက ရပ်တည်နေကပါတယ်။ နေရောင်ကာလိမ်းဆေး သုံးတာတော့ဟုတ်ပါပြီ။ ကိုယ်သုံးတဲ့ နေရောင်ကာလိမ်းဆေးက တကယ်ပဲစိတ်ချရပါရဲ့လား။ သူတို့အထဲက ပါဝင်ပစ္စည်းတွေက တကယ်ပဲစိတ်ချပါရဲ့လား။ အန္တရာယ်ကင်းပါရဲ့လား။

နေရောင်ကာလိမ်းဆေး ဘယ်နှစ်မျိုးရှိလဲ။

နေရောင်ကာလိမ်းဆေးက (၂) မျိုးရှိပါတယ်။ ဇင့် (zinc) နဲ့ တိုက်တေနီယမ်(Titanium)တို့ ပါဝင်ပေါင်းစပ်ပြီး အသားအရေအတွင်းကို စိမ့်ဝင်သွားခြင်းမရှိတဲ့နေရောင်ခြည်ကို အလင်းပြန်စေတဲ့ Physical Sunscreen နဲ့ ဓာတုပစ္စည်းတွေကို အရေပြားထဲစုပ်ယူသွားပြီး အရေပြားဆဲလ်လေးတွေနဲ့ ပေါင်းစပ်ဖွဲ့ စည်းထားတဲ့ Chemical Sunscreen ဆိုပြီး ခွဲခြားထားပါတယ်။

ဘယ်အရောင်ကစိတ်ချရသလဲ။

ဓာတုပစ္စည်းတွေနဲ့ထုတ်လုပ်ထားတဲ့ နေရောင်ကာလိမ်းဆေးကတော့ အသားအရေအပေါ်မှာတင် ကျန်ခြင်းမရှိဘဲ စုပ်ယူသွားနိုင်တဲ့အတွက် လူကြိုက်အများဆုံးပါ။ ဒါပေမဲ့ သူ့မှာပါဝင်ပစ္စည်းတွေရဲ့ ဓာတ်ပြုမှု ကိုတော့မသိနိုင်ပါဘူး။ Physical Suncream ကတော့ အသားအရေအတွင်းကို စိမ့်ဝင်သွားနိုင်ခြင်းမရှိတဲ့ အတွက် အန္တရာယ်အကင်းဆုံးလို့ပြောလို့ရပါတယ်။

နေရောင်ခြည်
နေရောင်ကာလိမ်းဆေးထဲက ပါဝင်ပစ္စည်းတွေအကြောင်းမပြောခင် နေရောင်ခြည်အကြောင်းကို အရင်ပြောပါမယ်။ နေရောင်ခြည်က ခန္ဓာကိုယ်တွင်းမှာ ဗီတာမင်ဒီ ထုတ်လုပ်ပေးပြီး ရာသီအလိုက်ကူးစက် ရောဂါတွေကို ကာကွယ်မှုပေးပါတယ်။ နေရောင်ခြည်က ကောင်းတယ်ဆိုပေမယ့် ခဏတာ ထိတွေ့တာကသာ ကောင်းပါတယ်။ အန္တရာယ်အကင်းဆုံး နေရောင်ကာလိမ်းဆေးကတော့ Broad spectrum လို့ရေးထားတဲ့ နေရောင်ကာလိမ်းဆေးတွေပါပဲ။

အောက်စီဘင်ဇုံး (Oxybenzone)
တစ်ချို့သော နေရောင်ကာ လိမ်းဆေးတွေမှာ အန္တရာယ်အရှိဆုံး ဓာတုပစ္စည်းအနေနဲ့ ထိပ်ဆုံးက သတ်မှတ်ထားတာကတော့ Oxybenzone ပါ။ Chemical Sunscreen တွေမှာအသုံးများပြီး အ သားထဲကို အလွယ်တကူစိမ့်ဝင် သွားနိုင်ပါတယ်။ Oxybenzone က အသားထဲကိုစိမ့်ဝင်သွားပြီး အရေပြားဓာတ်မတည့်မှုဖြစ်စေတဲ့အပြင် ဟော်မုန်းတွေရဲ့လုပ်ဆောင်မှုတွေကိုအနှောင့်အယှက်ဖြစ်စေပါတယ်။

ရတီနိုင်းလ်ပါမီတေ့(ထ်) (Retiny Palmitate)

Retinyl Palmitate က ဇရာရဲ့အရေးအကြောင်းတွေကို တိုက်ဖျက်ပေးနိုင်တဲ့ ဗီတာမင် A အမျိုးအစားတစ်ခုပါ။ ဒါပေမဲ့ နေရောင်ခြည်နဲ့ထိတွေ့မိတဲ့အခါမှာတော့ Retinyl Palmitate က ဓာတ်ပြိုကွဲသွားပြီး ကင်ဆာဖြစ်စေတဲ့ Free radical တွေဖြစ်လာပါတော့တယ်။ သုတေသနလုပ်ငန်း တွေကလည်း Retinyl Palmitate က အရေပြားကင်ဆာလျင်မြန်စွာဖြစ်နိုင်ကြောင်း ဖော်ပြထားပြီးပါပြီ။

နာနိုထိုက်တေနီယမ် ဓာတ်တ္တုထုများ (Nano Titanium Particles)

Physical Suncreen တွေရဲ့အားနည်းချက်က လိမ်းလိုက်တဲ့အခါ မျက်နှာမှာ အဖြူဖတ်တွေ ကျန်ခဲ့ခြင်းပါပဲ။ အဲဒါကြောင့် အလှကုန်ပစ္စည်းပညာရှင်တွေက အရေပြားပေါ်မှာ သဘာဝအတိုင်း ပါးလွှာစေတဲ့ Nano Titanium ဓာတ်သတ္တုမှုန်လေးတွေကို အသုံးပြုပါတော့တယ်။

ပါရာဘင်း (Parabens)

နေရောင်ကာလိမ်းဆေးတွေမှာ ကြာရှည်ခံဆေးအဖြစ်အသုံးပြုတဲ့ ပါရာဘင်းကနာတာရှည်ရောဂါ တွေဖြစ်စေပြီး တချို့လူတွေမှာ အရေပြားယားယံခြင်းကို ဖြစ်ပွားစေပါတယ်။ Parabens က တစ်ကမ္ဘာလုံး က အလှကုန်တွေမှာ အနည်းနဲ့အများသုံးကြပြီး စိတ်ချရတယ်လို့ယုံကြည်နေပေမယ့် သုတေသနပညာရှင် တွေက ရင်သား ကင်ဆာဖြစ်နိုင်တယ်လို့ဆိုထားပါတယ်။

ဟိုမိုဆာလေ့ (Homoslate)

Homoslate ကတော့ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူပေးနိုင်တဲ့ ပစ္စည်းတစ်ခုဖြစ်ပြီး အရေပြားကို ထိုးဖောက်နိုင်စွမ်းရှိပါတယ်။ ဒါကလည်း ခန္ဓာကိုယ်ကိုတဖြည်းဖြည်း အဆိပ်ဖြစ်လာစေတဲ့ ဓာတုပစ္စည်း တစ်မျိုးပါ။

အော့တိုခရိုင်လင်း(န်) (Octocrylene)
Octocrylene ကလည်း Free radical တွေကိုမွေးဖွားစေပြီး အရေပြားကို ပျက်စီးစေပါတယ်။

ဝဿန်


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape




Share on Google Plus

0 comments:

Post a Comment