မိန်းကလေးတစ်ယောက်အတွက်
ဖက်ရှင်အသုံးဆောင်တွေဝယ်တဲ့အခါ ခြောက်ခြားစရာ အကောင်းဆုံး အချိန်တစ်ခုရှိပါတယ်။ အဲဒါကတော့
ရေကူးဝတ်စုံဝယ်ရတဲ့အချိန်ပါပဲ။ ရေကူးဝတ်စုံက သာမန်ဝယ်နေကျ လည်းမဟုတ်တဲ့အပြင် အဓိကကတော့
ခန္ဓာကိုယ်အရွယ်အစားနဲ့ အပြစ်အနာအဆာတွေကို ရေကူး ၀တ်စုံဝယ်တော့မှ ကြောက်ခမန်းလိလိသတိပြုမိလာလို့ပါပဲ။
အဲဒါကြောင့်ရေကူးဝတ်စုံကို ၀ယ်ရမှာစိုးရွံ့ကြသလို ၀တ်ဖို့လည်းစိုးရွံ့ကြပါတယ်။ အဲဒီတော့
ခန္ဓာကိုယ်နဲ့လိုက်ဖက်မယ့် ခန္ဓာကိုယ်ပေါ်ကအပြစ်အနာအဆာတွေကို ဖုံးကွယ်ပေးနိုင်မယ့်ရေကူးဝတ်စုံမျိုး
ဘယ်လိုရွေးချယ်ကြမလဲ။
အရောင်များနဲ့ပုံသွင်းပါ
ခန္ဓာကိုယ်အပေါ်ပိုင်းကြီးသူဖြစ်စေ။
အောက်ပိုင်းကြီးသူဖြစ်စေ အဖြေကရိုးစင်းပါတယ်။ ခန္ဓာကိုယ်ရဲ့ကြီးမားနေတဲ့အစိတ်အပိုင်းကိုဖုံးကွယ်ဖို့အကောင်းဆုံးကတော့
အရောင်ပါဘဲ။ ရေကူးဝတ်စုံဝယ်တဲ့အခါ အရောင်ဆတူမှာကိုအသာလေးဖော်ပြချင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအတွက်
အရောင်နုကိုရွေးချယ်ပါ။ ကိုယ်ဖုံးကွယ်ချင်တဲ့ သေးငယ်ချင်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းအတွက်ကတော့
အရောင်ရင့်ကိုရွေးချယ်နိုင်ပါတယ်။
သေးငယ်တဲ့ရင်သားအတွက်
ရင်သားတွေသေးငယ်နေလို့
ဘာမှစိတ်မပူနဲ့။ ကိုယ့်ခန္ဓာကိုယ်အားနည်းချက်ကိုသိရင် ရေကူးဝတ်စုံဝတ်တဲ့ အခါအထောက်အကူဖြစ်စေပါတယ်။
ခန္ဓာကိုယ်အထက်ပိုင်းအနည်းငယ်ကြီးလာသယောင်ထင်ရစေဖို့ အနည်းငယ်ချောင်တဲ့ရေကူးဝတ်စုံမျိုးဝတ်ဆင်ပါ။
ရင်သားကြီးလွန်းသူတွေ
ရင်သားကြီးတဲ့အမျိုးသမီးတွေလည်း
ရေကူးဝတ်စုံက Size သေးနေလို့မတော်မှာကို စိုးရိမ်ပူပန်နေစရာ မလိုပါဘူး။ ရင်သားနဲ့သင့်လျော်မယ့်
ရေကူးဝတ်စုံသာရှာဖွေပါ။ သတိပြုရမှာက ရင်သားတွေ ကိုကောင်းကောင်းထောက်ပံ့နိုင်တဲ့ ရေကူးဝတ်စုံမျိုးဖြစ်ဖို့ကတော့လိုပါလိမ့်မယ်။
အောက်ပိုင်းကြီးသူများအတွက်
အောက်ပိုင်းကြီးသူအမျိုးသမီးတွေအနေနဲ့
ခန္ဓာကိုယ်နဲ့လိုက်ဖက်တဲ့ရေကူးဝတ်စုံရှာဖွေတဲ့အခါ သတိပြုရမှာကတော့ String Bikini ၊
High cut Bikini button လိုမျိုးတွေရှောင်ဖို့ပါဘဲ။ ဒီရေကူးဝတ်စုံ မျိုးတွေက ခန္ဓာကိုယ်အလှကိုဖော်ပြလွန်းတဲ့အတွက်
အောက်ပိုင်းကြီးသူတွေနေနဲ့ ကိုယ့်အားနည်းချက်ကို ဖုံးကွယ်ဖို့ကြိုးစားတဲ့အခါ စိတ်မသက်မသာဖြစ်ပြီးအောက်ကိုခဏခဏဆွဲချနေရပါလိမ့်မယ်။
အဲဒါကြောင့်ခန္ဓာကိုယ်အောက်ပိုင်းကို သေချာဖုံးကွယ်ထားနိုင်မယ့်ရေကူး ၀တ်စုံမျိုးရွေးချယ် ၀တ်ဆင်တာအကောင်းဆုံးပါ။
ဗိုက်ပူနေသူတွေအတွက်
ဗိုက်ရွဲနေလို့၊
ဗိုက်ပူနေလို့ ဘာမှသောကရောက်မနေပါနဲ့။ ဗိုက်သားကိုဖုံးကွယ်ပေးနိုင်တဲ့ရေကူးဝတ်စုံတွေရှိပါတယ်။
ကိုယ့်နဲ့လိုက်ဖက်မယ့်အရောင်ရင့်ကိုသေချာရွေးဝယ်တတ်ဖို့ပဲလိုပါတယ်။
ပေါင်တုတ်သူတွေအတွက်
ပေါင်တုတ်ပြီးတင်ပါးကြီးသူတွေ
သစ်တော်သီးပုံသဏ္ဍာန်ခန္ဓာကိုယ်ပိုင်ရှင်တွေအနေနဲ့ ရေကူးဝတ်စုံရွေးချယ်တဲ့အခါ ဘောင်းဘီတိုလိုပုံစံမျိုး
ရှောင်ဖို့လိုပါတယ်။ ဒီလိုပုံစံကကိုယ့်ရဲ့ကြီးမားတုတ်ခိုင်တဲ့တင်ပါးနဲ့ပေါင်ကိုအသားပေးလိုက်သလိုဖြစ်သွားစေပါလိမ့်မယ်။
ပေါင်တံလေးတွေသွယ်လျသွားသယောင်ဖြစ်စေဖို့ ဂါဝန်ပုံသဏ္ဍာန်ရေကူးဝတ်စုံမျိုးရွေးချယ်ဝတ်ဆင်ပါ။
ခန္ဓာကိုယ်ကောက်ကြောင်းမရှိသူတွေ
ဒီလိုပြားချပ်ချပ်ခန္ဓာကိုယ်မှာလည်း
ရေကူးဝတ်စုံရွေးချယ်ရတဲ့ ဒုက္ခရှိပါတယ်။ ခန္ဓာကိုယ်ကကောက်ကြောင်းမရှိပြားချပ်နေတဲ့အတွက်
ရေကူးဝတ်စုံဝတ်ဆင်ဖို့ ကိုယ့်ကိုယ်ကိုအားနည်းစေပါတယ်။ အဲဒီအတွက် One-Piece လိုမျိုး
monobikini လိုမျိုးရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။
ရေကူးဝတ်စုံဝယ်တဲ့အခါ
ရေကူးဝတ်စုံဝယ်တဲ့အခါ
သာမန်ဆိုင်တွေကနေ၀ယ်တာထက် ရေကူးဝတ်စုံ၊ အတွင်းခံသီးသန့်ရောင်းတဲ့ဆိုင်မျိုးကနေ၀ယ်တာအကောင်းဆုံးဖြစ်ပါတယ်။
ခန္ဓာကိုယ်နဲ့လိုက်ဖက်မယ့်ဝတ်စုံကိုအချိန်ပေးပြီးရွေးချယ်ပါ။ စမ်းသပ်ဝတ်ဆင်ကြည့်ပါ။
အကြံဉာဏ်တောင်းပါ။
Crystal
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment