Tour တွေဘာတွေနဲ့သွားရတာကိုမကြိုက်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ သူ့ဟာကြီးက တာဝန်အရသွားနေရသလိုပဲ…
ခရီးသွားတဲ့အခါ
အေးအေးဆေးဆေးသူငယ်ချင်းတွေနဲ့သွားရတာကိုကြိုက်တယ်။ Tour တွေဘာတွေနဲ့
သွားရတာကိုမကြိုက်ဘူး။
ဘာဖြစ်လို့လဲဆိုတော့ သူ့ဟာကြီးက တာဝန်အရသွားနေရသလိုပဲ။ ကိုယ့်ဘာသာ ကိုယ်
လွတ်လွတ်လပ်လပ်ထသွားချင်တဲ့အချိန်သွားလို့ရတဲ့ဟာမျိုးမဟုတ်ဘူး။
Tour နဲ့သွားတဲ့အခါကျရင် အိပ်ရေးတွေဘာတွေမ၀ဘူး။ တခြားလူကိုအားနာပြီးတော့
ကိုယ်ပါထရတယ်ပေါ့နော်။
ခရီးသွားတဲ့အခါ ညီမက သူငယ်ချင်းတွေနဲ့လွတ်လွတ်လပ်လပ်အေးအေးချမ်းချမ်း Relax
လုပ်ဖို့သွားရတဲ့ခရီးမျိုး ကိုတော့ကြိုက်တယ်။
Tour နဲ့သွားတဲ့ခရီးက Europe ကိုသွားတယ်။ အဲဒီမှာက သူများကိုအားနာနေရတယ်ပေါ့နော်။
ကိုယ်အိပ်ရေးမ၀လည်းအတင်းအဓမ္မထ သူများတကာ ကိုယ့်ကြောင့် တခုခုဖြစ်သွားမှာ စိုးနေရ တဲ့အခါကျတော့
Relax မဖြစ်ဘဲနဲ့ Worried တွေဖြစ်နေတယ်ပေါနော့်…
Tour နဲ့သွားတဲ့အခါ
ကိုယ်နဲ့သိတဲ့လူတွေလည်းပါတယ်။ မသိတဲ့လူတွေလည်းပါတယ်။ Tour နဲ့သွားတဲ့ခရီး က Europe ကိုသွားတယ်။
အဲဒီမှာက သူများကိုအားနာနေရတယ်ပေါ့နော်။ ကိုယ်အိပ်ရေးမ၀လည်း အတင်းအဓမ္မထ သူများတကာကိုယ့်ကြောင့်တခုခုဖြစ်သွားမှာစိုးနေရတဲ့အခါကျတော့
Relax မဖြစ်ဘဲနဲ့ Worried တွေဖြစ်နေတယ်ပေါနော့်။ပြည်တွင်းမှာဆိုလို့ရှိရင်
မန္တလေး၊ ပြင်ဦးလွင်၊ မေမြို့၊ ပုဂံ တော်တော်များများတော့သွားဖူးပါတယ်။ မသွားဖူးတာကတော့
မြိတ်ကျွန်းစုတို့ဘာတို့တော့မသွားဖူးဘူး။ ကျန်တဲ့ ငပလီတို့ဘာတို့တော့သွားဖူးတယ်။
ခရီးသွားလိုက်တိုင်း ဓာတ်ပုံတွေရိုက်တယ်။
ကိုယ်မစား ဖူးတာလေးတွေစားတယ်။ သူတို့ရဲ့ဓလေ့လေးတွေကိုလေ့လာတယ်။ အကုန်လုံးကတော့အမှတ်ရတယ်…
ပြည်တွင်းမှာသွားခဲ့တဲ့ခရီးစဉ်ထဲက
မှတ်မှတ်ရရဆိုရင် အကုန်လုံးကတော့ အမှတ်ရစရာတွေချည်းပါပဲ။ ဘာဖြစ်လို့လဲဆိုလို့ရှိရင်
ခရီးသွားလိုက်တိုင်း ဓာတ်ပုံတွေရိုက်တယ်။ ကိုယ်မစားဖူးတာလေးတွေစားတယ်။ သူတို့ရဲ့ဓလေ့လေးတွေကိုလေ့လာတယ်။
အကုန်လုံးကတော့အမှတ်ရတယ်။
ညီမသွားချင်တဲ့ပြည်ပရီးစဉ်ဆိုရင်တော့
အီဂျစ်ကိုသွားချင်တယ်။ အဲဒီကိုမရောက်ဖူးသေးဘူးပေါ့နော်။ ကျန်တဲ့ဟာတွေကမရောက်ဖူးသေးဘူးဆိုတော့
အဲဒီနေရာကိုသွားချင်တယ်။ နောက်ပြီးတော့ အင်္ဂလန် သွားချင်တယ်။ ဟာဝိုင်အီသွားချင်တယ်။ ဟာဝိုင်အီကြီးကကျတော့
အဓိက Shopping ကြောင့်သွားချင်တာ။ သူများတွေကပြောတယ် ဟာဝိုင်အီမှာ ပစ္စည်းတွေအရမ်းတန်တယ်လို့ပြောကြတယ်။
အဲဒါကြောင့် ဟာဝိုင်အီကို Shopping သွားချင်တာ။
အီဂျစ်ကိုဘာဖြစ်လို့သွားချင်တာလဲဆိုတော့
သူတို့ရဲ့ရှေးဟောင်းယဉ်ကျေးမှုတွေ ပြီးတော့ အဲဒီလူမျိုးတွေရဲ့ ဟိုးအရင်တုန်းက ၀တ်စားတဲ့ပုံစံတွေ
အရမ်းသဘောကျတယ်…
အီဂျစ်ကိုဘာဖြစ်လို့သွားချင်တာလဲဆိုတော့
သူတို့ရဲ့ရှေးဟောင်းယဉ်ကျေးမှုတွေ ပြီးတော့အဲဒီလူမျိုးတွေရဲ့ ဟိုးအရင်တုန်းက၀တ်စားတဲ့ပုံစံတွေအရမ်းသဘောကျတယ်။
ရုပ်ရှင်ကားတွေဘာတွေကြည့်ရင်လည်း သူငယ်ချင်းတွေကပြောကြတယ်။ နင်ဘာဖြစ်လို့ အဲဒီအီဂျစ်ကားတွေ တစ်ချိန်လုံးကြိုက်ပြီးတော့ကြည့်ရ တာလဲ။
မသိဘူး။ ကိုယ်လည်းသူတို့ရဲ့နေထိုင်တဲ့ပုံစံတွေ၊ ဂန္တ၀င်ဆန်တဲ့ပုံစံတွေ၊ အဲဒါတွေကို အရမ်းစပ်လည်းစပ်စုချင်တယ်။
သိလည်းသိချင်တယ်။ သဘောလည်းကျတယ်။ အဲလိုမျိုး။
ခရီးသွားရင်မပါမဖြစ်ယူသွားဖြစ်တာကတော့
Phone၊ သံလိုက်အိမ်မြောင်၊ ပြီးတော့ နှုတ်ခမ်းနီ၊ ဘာမှလက်ထဲမှာမပါရင်တောင် နှုတ်ခမ်းနီရဲရဲတစ်တောင့်တော့ယူသွားဖြစ်တယ်…
ခရီးသွားရင်မပါမဖြစ်ယူသွားဖြစ်တာကတော့
Phone၊ သံလိုက်အိမ်မြောင်၊ ပြီးတော့ နှုတ်ခမ်းနီ၊ ဘာမှလက်ထဲမှာမပါရင်တောင် နှုတ်ခမ်းနီရဲရဲတစ်တောင့်တော့ယူသွားဖြစ်တယ်။
နှုတ်ခမ်းနီဆိုးရတာကို သဘောကျတာထက် အနားမှာဘာမှမရှိရင်ပြောင်ကြီးဖြစ်နေရင်တောင် နှုတ်ခမ်းနီရဲရဲလေးဆိုးလိုက်ရင်
perfect ဖြစ်သွားပြီ။ ပြည့်သွားပြီ။ ကျန်တာမလိုတော့ဘူးပေါ့နော်။ အဲလိုထင်တာပဲ။
မေနိုင်တွေ့မေးသည်
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment