ခရီးသွားရင်းအသားအရေထိန်းမယ်









အသားအရေလှပမှုက ဘ၀ရဲ့အစိတ်အပိုင်းတစ်ခုအနေနဲ့ ခံယူလာတာနဲ့အမျှ လူတိုင်းက နေ့စဉ် အသား အရေထိန်းသိမ်းလာကြပါတယ်။ ဒါပေမဲ့ ပုံမှန်အသားအရေကို ဂရုမစိုက်နိုင်တဲ့နေ့လေးတွေလည်းရှိ ပါတယ်။ အဲဒါကတော့ ခရီးထွက်တဲ့နေ့လေးတွေပေါ့။ ခရီးထွက်တဲ့အခါ အ၀တ်အစား၊ အရေးကြီးတဲ့ ပစ္စည်းတွေစုံစုံ လင်လင်ယူသွားတဲ့အတွက် အသားအရေထိန်း Skin Care တွေ အလှကုန်တွေကို တစ်ခုချင်းယူသွား ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ Skin Cares တွေကို ခရီးသွားနေတုန်း စနစ်တကျမလုပ်ရလို့ ဘာမှ စိတ်မပူပါနဲ့။ အလွယ်တကူအသားအရေ ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းကောင်းလေးတွေရှိပါတယ်။

ထောပတ်
လေယာဉ်နဲ့ခရီးသွားတာဖြစ်စေ၊ ကားနဲ့ခရီးသွားတာဖြစ်စေ လေထုရေထုအပြောင်းအလဲကြောင့် ရေဓာတ်ကုန်ခမ်းမှုတွေကြောင့် အသားအရေ အထူးသဖြင့် နှုတ်ခမ်းကခြောက်သွေ့ပြီး အဖြူဖတ်တွေ ကွာလာ တတ်ပါတယ်။ အဲဒီအတွက်တော့ ဘာမှစိတ်မပူပါနဲ့။ ထောပတ်ရှိပါတယ်။ ထောပတ်အခဲ(သို့)နှုတ်ခမ်းသားမှာ ခပ်ပါးပါး လေးပွတ်ပေးထားလိုက်ပါ။ ထောပတ်မှာ ပါဝင်တဲ့အဆီက နှုတ်ခမ်းသားကို နူးညံ့စိုပြေသွားစေပါလိမ့် မယ်။

ချွေးထွက်လွန်းတဲ့မျက်နှာအတွက်
ပူပြင်းတဲ့နေရောင်ခြည်ကြောင့် ချွေးထွက်ပြီး မိတ်ကပ်ပျက်မှာ စိုးရိမ်မနေပါနဲ့။ ကိုယ့်ရဲ့ချွေးထွက် တတ်တဲ့ နှာဖူးစပ်၊ နားထင်၊ နှာခေါင်းနေရာတစ်ဝိုက်မှာ ချိုင်းလိမ်းတောင့်ကိုလိမ်းပေးပြီးမှ မိတ်ကပ်လိမ်းပါ။ ချိုင်းမှာလိုပဲမျက်နှာပြင် အရေပြားအတွက်လည်း ထိရောက်မှုရှိပါတယ်။ နေ့စဉ်အသုံးမပြုဖို့တော့ သတိပြုပါ။ ၀က်ခြံထွက်ပြီး အသားအရေပျက်စီးလာစေပါလိမ့်မယ်။

ခရီးမသွားခင်တစ်ညအလို ညအိပ်ရာမ၀င်ခင်မှာ ခန္ဓာကိုယ်အနှံ့ Body Butter လိုမျိုး လူးပြီးမှအိပ်ပါ။ နောက်တစ်နေ့ ရေချိုးပြီးသွားချိန်အထိ အရေပြားက အစိုဓာတ်ပြည်ဝနေပါလိမ့်မယ်။ Cream က Lotion ထက်ပိုပြီး ရေဓာတ်ပိုထိန်းပေးနိုင်တဲ့အတွက် ခရီးသွားနေစဉ်အတွင်း အသားအရေ ခြောက်သွေ့ခြင်းကင်း စေပါလိမ့်မယ်။

Facial Mist ဆောင်ထားဖို့လို
ခရီးသွားသူများအတွက် မရှိမဖြစ်ပစ္စည်းတစ်ခုကတော့ Facial Mist ပါ။ တခြား Skin Care တွေ ကိုအချိန်ပေးလိမ်းနေစရာမလိုဘဲ မျက်နှာမှာ ဖျန်းလိုက်ရုံနဲ့ရေဓာတ်ဖြည့်ပေးပြီး အသားအရေကိုစိုပြေ သွားစေပါလိမ့်မယ်။

Wet Tissue ဆောင်ထားပါ

အချိန်ခဏအတွင်း မရောက်တဲ့ခရီးမျိုး ရက်ပေါင်းများစွာကြာအောင်သွားရမယ့် ခရီးမျိုးအတွက်ျွှနအ Wet tissue က မပါမဖြစ်ပါ။ ရေ၊ ဆပ်ပြာသုံးပြီး သန့်ရှင်းနေစရာမလိုဘဲ တစ်ခဏအတွင်း မျက်နှာ၊ ခန္ဓာကိုယ်က ဖုန်နဲ့အညစ်အကြေးတွေကို အတွင်းဆုံးအထိဖယ်ရှား သန့်စင်ပေးပါလိမ့်မယ်။

သဘာဝကျပါစေ
ခရီးသွားတဲ့အခါ အညစ်ပတ်ဆုံးက ခြေချောင်းလက်ချောင်းလေးတွေပါပဲ။ ပတ်ဝန်းကျင်က ဖုံမှုန့်၊ အညစ်အကြေးတွေကြောင့် ခြေသည်း၊ လက်သည်းလေးတွေက သဘာဝအတိုင်းတောက်ပမှု မရှိတော့ဘဲ ညစ်ထေးလာပါတယ်။ အဲဒီအတွက် ခရီးမသွားခင်မှာ ခြေသည်း၊ လက်သည်းလေးတွေကို သဘာဝအရောင် လေးဆိုးထားပေးပါ။

လက်သန့်စင်ဆေးဆောင်ထား
လက်သန့်စင်ဆေးကလည်း ခရီးသွားသူတိုင်း မပါမဖြစ်ဆောင်ထားရမယ့် အရာတစ်ခုပါ။ လက် သန့်ရှင်းနေမှ စိတ်ထဲမှာကြည်လင်နေမှာဖြစ်ပြီး ကိုယ်နဲ့မရင်းနှီးတဲ့ သဘာဝပတ်ဝန်းကျင်မှာ ကျန်းမာရေးကို ဂရုစိုက်တဲ့အနေနဲ့ လက်သန့်စင်ဆေးဆောင်ထားဖို့လိုပါတယ်။

Dry Shampoo
Dry Shampoo ကတော့ မြန်မာလူမျိုးတွေနဲ့သိပ်ပြီး မရင်းနှီးသေးတဲ့အရာတစ်ခုပါ။ ခရီးသွားတဲ့အခါ ဖုန်နဲ့အညစ်အကြေးတွေကြောင့် ဆံကေသာက ညစ်နွမ်းပြီး အနံ့တွေထွက်လာပါတယ်။ အဲဒီလို အချိန်မျိုးမှာ လျှော်လိုက်ဖို့ကလည်း အဆင်မပြေတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ အဲဒီလိုအခြေအနေမျိုးမှာ Dry Shampoo လေးဖြန်းပြီး ခေါင်းဖြီးလိုက်မယ်ဆိုရင် ဆံကေသာကို သန့်ရှင်းသွားစေရုံသာမက စိတ်ကိုပါ လန်းဆန်းသွားစေပါလိမ့်မယ်။
ဝဿန်


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape


Share on Google Plus

0 comments:

Post a Comment