ချစ်သူများနေ့မှာ ထူးထူးခြားခြားလှပနေချင်တယ်ပေါ့…







မကြာခင်မှချစ်သူများနေ့ ရောက်တော့မယ်။ ချစ်သူရည်းစားအတွဲတွေအားလုံး ရင်ခုန်စိတ်လှုပ် ရှားနေ ကြပါပြီ။ ဒီနှစ်ရဲ့ချစ်သူများနေ့ကတော့ တနင်္ဂနွေနေ့ကြီးလည်းဖြစ်တော့ အားလုံးကလည်းအခုကတည်းက ကြိုပြီးပြင်ဆင်နေကြမှာပါ။ ချစ်သူကိုဘာလက်ဆောင်ပေးမယ်။ အဲဒီနေ့ကျရင် ဘာလုပ်မယ်၊ ဘယ်လို ၀တ်စားမယ်၊ ဘယ်လိုပြင်ဆင်မယ်ဆိုပြီး အခုကတည်းက ခေါင်းစားနေကြမှာပါ။

တနင်္ဂနွေနေ့လည်းဖြစ်နေတော့ လမ်းမပေါ်မှာ မိန်းကလေး၊ ယောက်ျားလေးအတွဲတွေ အပြိုင်အဆိုင်လှနေကြမှာပါ။ ထားပါတော့။ Valentine’s Day နေ့မှာ တခြားသာမန်နေ့တွေနဲ့မတူ သူများတွေထက် ထူးထူးခြားခြားလှပနေအောင် မိတ်ကပ်ဘယ်လိုလိမ်းကြမလဲ။

ဘယ်လိုစတင်မလဲ
အလှအပနဲ့မိတ်ကပ်မှာအခြေခံက အသားအရေလှပဖို့လိုပါတယ်။ အဲဒီတော့ ပထမဦးဆုံးရေများများ သောက်ပါ။ အသားအရေကိုကြေးချွတ်ပေးပါ။ အစိုဓာတ်ထိန်းသိမ်းပေးပါ။ ဒီအခြေခံတွေကသာမိတ်ကပ်လိမ်း တဲ့အခါမှာ အသားအရေကိုသာမန်ထက်ပိုပြီး လှပနေစေပါလိမ့်မယ်။

မိတ်ကပ်လိမ်းခြယ်မယ်ဆိုရင်

ချောမွေ့ပြောင်လဲ့တဲ့အသားအရေ
ဒီလိုအသားအရေပိုင်ရှင်တွေကတော့ မိတ်ကပ်ဖောင်ဒေးရှင်းအပိုင်းကိုသိပ်ပြီး ဂရုစိုက်နေစရာမလိုပါ ဘူး။ ပန်းနုရောင်၊ မက်မွန်သီးရောင်နှုတ်ခမ်းဆိုးဆေး ခပ်ပါးပါးလေးရယ် သဘာဝကျကျပန်းနုရောင်ပါးပြင်လေး ရယ်ဆိုရင် ချစ်သူများနေ့အတွက်ပြီးပြည့်စုံနေပါပြီ။ ညနေခင်းအတွက်ကတော့ မီးခိုးရောင်မျက်ဝန်းလေးက အဆင်ပြေဆုံးပါ။

ချောမွေ့တဲ့အသားအရေ

ချောမွေ့တဲ့ အ၀ါရောင်အသားအရေပိုင်ရှင်တွေကတော့ အသားရောင်နှုတ်ခမ်းဆိုးဆေး၊ ပန်းနုရောင် ပါးပြင်လေးနဲ့ မျက်ဝန်းအတွက် တည်ငြိမ်တဲ့အရောင်လေးတွေနဲ့ဆို အဆင်ပြေပါပြီ။ အ၀ါရောင်၊ လိမ္မော်ရောင် တို့လိုတောက်ပတဲ့အရောင်တွေကိုတော့ ရှောင်ပါ။

အ၀ါရောင်အသားအရေ

အ၀ါရင့်ရောင် အသားအရေပိုင်ရှင်တွေအနေနဲ့ ခရမ်းရောင်၊ ဘယ်ရီသီးရောင်နှုတ်ခမ်းဆိုးဆေး၊ အ ရောင်ခပ်စိုစို ပါးနီလေးနဲ့အညိုရောင်မျက်ဝန်းလေးတွေက ပိုပြီးအဆင်ပြေစေပါလိမ့်မယ်။

အညိုရောင်အသားအရေ
အညိုရောင်အသားအရေအတွက်ကတော့ တည်တည်ငြိမ်ငြိမ် ပန်းရောင်နှုတ်ခမ်းဆိုးဆေး ကြေးနီ ရောင် ပါးနီရောင်ခပ်ပါးပါးနဲ့ လိမ္မော်ရောင်၊ အရောင်စိုစို နပနျ့ေိသတ တွေက အဆင်ပြေစေပါလိမ့်မယ်။ အမျိုးအစားဖောင်ဒေးရှင်းအစား ခရင်မ်အမျိုးအစားကိုရွေးချယ်ပါ။

ဘယ်လိုပြင်ဆင်မလဲ

အစိုဓာတ်ဖြည့်ပါ
မိတ်ကပ်တာရှည်ခံဖို့နဲ့ အသားအရေကို ညီညီညာညာလေးလှပနေစေဖို့ အစိုဓာတ်ဖြည့်ပေးဖို့လိုပါ တယ်။

ဖောင်ဒေးရှင်းသုံးပါ
ကိုယ့်မျက်နှာကဖုံးကွယ်ချင်တဲ့ အလှအပပြဿနာတွေကို ကွန်ဆယ်လာသုံးပြီးဖုံးဖိပါ။ ပြီးမှ ဖောင်ဒေး ရှင်းခပ်ပါးပါးလေးသုံးပါ။ နဖူးနဲ့နှာခေါင်း (T-Zone) အဆီပြန်တတ်သူတွေအနေနဲ့ Translucent Powder လိုမျိုးသုံးပေးပါ။

Blush(ပါးနီ)
ပါးရိုးတစ်လျှောက် ခပ်ပြေပြေလေးလှပနေစေဖို့ ပါးနီသုံးပေးပါ။ မျက်နှာလေးပိုပြီးဝင်းပသွားစေဖို့ အတွက်ကိုတော့ မေးရိုး၊ နှာဖူးရိုး တစ်လျှောက် Bronzer ခပ်ပါးပါးလေးဆွဲပါ။

မျက်ဝန်းမိတ်ကပ်
မျက်ဝန်းလေးတိကျစွာ ပေါ်လွင်နေဖို့အတွက်ကတော့ အနက်ရောင် eyeliner လေးကို ကြောင် မျက်လုံးပုံစံလေးခြယ်သပေးလိုက်ပါ။
ဝဿန်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment