Victoria’s Secret Angel လေးတွေလိုလှချင်သလား…









ကမ္ဘာပေါ်မှာ အလှဆုံးမော်ဒယ်တွေကိုပြောပါဆိုရင် Victoria’s secret Model တွေလည်းအပါအ၀င်ပါ။ Victoria’s Secret ဆိုတာနဲ့ အဆီပိုမရှိကျစ်လျစ်တဲ့ခန္ဓာကိုယ်စိုပြေတဲ့အသားအရေ သွယ်လျတဲ့ခြေတံနဲ့ ဖက်ရှင်ကျကျလမ်းလျှောက်ပုံတွေကို ပြေးမြင်မိမှာပါ။ အဲဒီတော့ Victoria’s Secret Model တို့ရဲ့ခန္ဓာကိုယ်ပိုင်ဆိုင်ဖို့ သူတို့ကြိုးစားအားထုတ်ခဲ့ပုံလေးတွေလေ့လာကြည့်ရအောင်။

ဗနစ္စာပါကာ
ဗနစ္စာကတော့ အစာငတ်ခံပြီး ဟင်းသီးဟင်းရွက်ဖျော်ရည်ချည်းမသောက်သလို အစာလည်းငတ်မခံပါဘူး။ ဟင်းရွက်ဖျော်ရည်ကို လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ရေဓာတ်ပြန်ဖြည့်စေဖို့ သောက်ပါတယ်။
မနက်စာကတော့ဂျုံပါ။ တကယ်တော့ ဂျုံကအစာခံစေပြီး ခန္ဓာကိုယ်ကို စွမ်းအင်ပေးတဲ့အတွက် တစ်နေ့တာလုံး ကယ်လိုရီမများဘဲ အလုပ်တွေပြီးမြောက်စေပါတယ်။
ပြီးတော့ ပြင်ပကအသင့်စားအစာတွေကိုလည်း အလွယ်တကူဝယ်မစားဖို့ သူကတိုက်တွန်းအကြံပြုထားပါတယ်။

ဂျက်စ္စမင်တိုက်ခ်
ဂျက်စ္စမင်တိုက်ခ်ကတော show ပွဲမတိုင်ခင်ခန္ဓာကိုယ်အသားဓာတ်ဖြည့်ပြီးကြွက်သားတွေ သန်စွမ်းနေစေဖို့ပရိုတိန်းစားပါတယ်တဲ့။ ငါးကင်၊ ကြက်သား၊ အသီးအရွက်တွေကသူ့အတွက်မပါမဖြစ်အစားအစာတွေပါ။

အယ်ဘာဟော့
အယ်ဘာကတော့ ပီဇာဖြစ်ဖြစ် စားချင်စိတ်ပေါ်လာရင် စားပစ်လိုက်ပါတယ်တဲ့။ ဒီလိုစားသလို လေ့ကျင့်ခန်းကိုလည်း အပြင်းအထန်လုပ်ပါတယ်တဲ့။

မိရန်ဒါကား
မိရန်ဒါကလည်း အယ်ဘာနဲ့စားသောက်ပုံ ပုံစံတူပါတယ်။ နေ့စဉ်အစားအစာရဲ့ ၈၀ရာခိုင်နှုန်းကို သဘာဝအစာတွေစားပြီး ၂၀ ရာခိုင်နှုန်းကတော့ အပြင်စာစားပါတယ်။ ပြီးတော့ နံနက်ခင်းတိုင်း သံပုရာဦးနဲ့ရေစိမ်သောက်ပါတယ်။

ဒူဇင်ကိုးရ်
ကိုးရ်ကတော့ ချောကလက်၊ ကိတ်၊ သကြားလုံးတို့ကို အားလုံးဖြတ်တောက်ပြီး အချိုဓာတ်ကိုငြင်းပယ်သူတွေထဲ အပါအ၀င်ပါ။

ဘက်ဟက်တီပရင့်စ္စလို
ဘက်ဟက်တီကတော့ နံနက်စာကို ဥ၊ အမျှင်ဓာတ်တို့လိုမျိုးလုံလောက်ကြွယ်ဝအောင်စားပါတယ်။ ဒါမှတစ်နေကုန် အလုပ်ကောင်းကောင်းလုပ်နိုင်မှာပါတဲ့။ ပြီးတော့ Starbucks သွားတိုင်း သောက်လေ့ရှိတာက iced green tea ပါ။ Green tea က အင်တီအောက်ဆီဒင့်ကြွယ်ဝပြီး ခန္ဓာကိုယ်ရဲ့ဇီဝဖြစ်စဉ်တွေကို ကောင်းမွန်စေပါတယ်တဲ့။

Crystal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 



Share on Google Plus

0 comments:

Post a Comment