မင်္ဂလာပွဲအတွက် ဈေးဝယ်ထွက်တော့မယ်ဆိုရင်…










တစ်သက်မှတစ်ခါသာကြုံရတဲ့မင်္ဂလာပွဲမှာ ဘယ်သူမဆိုအလှအပဆုံးဖြစ်ချင်နေကြမှာပါ။ မိန်းကလေးဖြစ်စေ။ ယောက်ျားလေးဖြစ်စေပေါ့။ အဲဒီလိုအလှပဆုံး၊ ကျက်သရေအရှိဆုံးဖြစ်နေဖို့ အတွက်လည်း ပွဲမတိုင်ခင်တည်းကကြိုပြီးပြင်ဆင်တတ်ကြပါတယ်။ ဒါပေမယ့် ပွဲမတိုင်ခင်ကတည်းက ကြိုပြီးပြင်ဆင်ကြတဲ့အခါ အမှားလေးတွေလည်းရှိကြပါတယ်။ အဲဒါကတော့ ပွဲမတိုင်ခင် Shopping ထွက်တဲ့ကိစ္စပါဘဲ။ Shoppingထွက်တဲ့အခါ ဘယ်လိုအမှားလေးတွေကြုံရတတ်သလဲ။ 

စောစီးစွာဈေးဝယ်ထွက်ခြင်း
မင်္ဂလာပွဲမတိုင်ခင်အစောကြီးဈေးဝယ်ထွက်တာက လွဲမှားနေတဲ့ကိစ္စတစ်ခုပါ။ အထူးသဖြင့်မင်္ဂလာဝတ်စုံကို စမ်းသပ်ဝတ်ဆင်တဲ့အခါ ၀ယ်ယူတဲ့အခါမျိုးတွေမှာပေါ့။  ပွဲမတိုင်ခင်တည်းကကြိုပြီးပြင်ဆင်တာကတော့ ကောင်းပါတယ်။ ဒါပေမဲ့ ၀ီရိယစောလွန်းတာကလည်း ပြသသနာကြုံရစေတတ်လွန်းပါတယ်။ အဲဒီကိစ္စတွေကိုစီစဉ်ရင်း Stress တွေများလာတဲ့အခါ ခန္ဓာကိုယ်ကပိန်းသွားပြီး ၀တ်စုံနဲ့အံဝင်ခွင်ကျမဖြစ်ပဲ ပွချောင်နေပါလိမ့်မယ်။ အားလုံးစီစဉ်ပြီးတဲ့အခါမှ ကိုယ့်အတွက် သတို့သားသတို့သမီးအတွက် ပွဲတက်ဝတ်စုံ၊ သတို့သားသတို့သမီး အရံတွေအတွက်ဝတ်စုံတွေကို လိုက်ဖက်စွာရွေးချယ်နိုင်ပါတယ်။ 

အမျိုးမျိုးစိမ်းသပ်ဝတ်ဆင်တာက …
ပွဲတက်ဝတ်စုံရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ ဆိုင်တစ်ဆိုင်သွားပြီးကိုယ်နှစ်သက်တဲ့ဝတ်စုံတွေ တစ်စုံပြီးတစ်စုံဝတ်ဆင်နေမှာလား။ စိတ်ကြိုက်မတွေ့မချင်း တစ်ဆိုင်ပြီးတစ်ဆိုင်ပြောင်းလဲ စမ်းသပ် ၀တ်ဆင်နေမှာလား။ ဒီလိုလုပ်တာက အစီအစဉ်မကျတဲ့အပြင် အချိန်ကုန်လူပင်ပန်းစေပြီး ကြာလာတာ နဲ့အမျှစိတ်အနှောင့်အယှက်ဖြစ်လာနိုင်ပါတယ်။ 
ကိုယ်က၀တ်စုံတစ်စုံကိုကြိုက်လို့ရွေးချယ်ဝတ်လိုက်ပေမယ့်လည်း နောက်တစ်စုံတွေ့တဲ့အခါ အဲဒီဝတ်စုံ ကိုကြိုက်ပြီး ကိုယ့်ရဲ့ရွေးချယ်မှုကိုနောင်တရစေတတ်ပါတယ်။ အဲဒါကြောင့် မင်္ဂလာဝတ်စုံဝယ်ဖို့စီစဉ်တဲ့အခါ ပထမဆုံးအနေနဲ့ ကိုယ်ဘယ်လိုအရောင်ကိုနှစ်သက်လဲ၊ ဘယ်လိုပုံစံမျိုးကိုကြိုက်တာလဲ၊ ကိုယ်ဝတ်မယ့် ပုံစံက အခမ်းအနားနဲ့လိုက်ဖက်မှုရှိရဲ့လားဆိုတာ စဉ်းစားပြီးမှရွေးချယ်ပါ။ ဒါမှမဟုတ် ကျွမ်းကျင်တဲ့ပွဲ စီစဉ်သူနဲ့တိုင်ပင်ပြီးမှ ၀ယ်တာအကောင်းဆုံးပါ။ 

Discount ပစ္စည်းတွေ…
မင်္ဂလာပွဲဆိုတာ သာမန်ပွဲနေပွဲထိုင်တွေနဲ့မတူပါဘူး။ မင်္ဂလာပွဲအတွက် Shopping ထွက်တဲ့အခါ မိန်းကလေးအများစုကျူးလွန်မိတဲ့အမှားတစ်ခုကတော့ Discount ဆိုတဲ့စာတမ်းလေးတွေ အပေါ် စွဲလမ်းမိနေခြင်းပါဘဲ။ Discount စာတန်းလေးတွေက သာမန်ဝတ်စုံလေးတွေအတွက်တော့ စွဲမက်စရာဖြစ်နိုင်ပေမယ့် မင်္ဂလာပွဲတက်ဝတ်စုံလေးတွေမှာတော့ ဒီစာတန်းလေးတွေ ကိုစွဲလမ်းနေလို့မဖြစ်ပါဘူး။ ကိုယ်နှစ်သက်တဲ့ပုံစံကိုပဲ တစိုက်မတ်မတ်ရှာဖွေပါ။ Discount စာတန်းလေးတွေက အာရုံပြောင်းသွားစေနိုင်တဲ့အတွက် အတတ်နိုင်ဆုံးရှောင်ပါ။ တကယ်ကယ်လို့ ကိုယ်နဲ့လိုက်ဖက်တဲ့ဝတ်စုံလေးတွေ Discount ပစ္စည်းလေးတွေထဲမှာရှိနေရင်တော့ ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။ 

စတိုင်လ်တစ်မျိုးတည်းကို အာရုံစိုက်နေခြင်း
သတို့သမီးတွေရဲ့၉၀% လောက်က မင်္ဂလာပွဲမတိုင်ခင်ဝတ်စုံစမ်းသပ်ဝတ်ဆင်စဉ်ကတစ်မျိုး၊ မင်္ဂလာပွဲခမ်းမလျှောက်လမ်းမှာ ပွဲထွက်လာတဲ့အခါပုံစံကတစ်မျိုး ပွဲထွက်လာတဲ့အခါ ပုံစံကတစ်မျိုး ဖြစ်နေတတ်ပါတယ်။ ပွဲတက်ဝတ်စုံစမ်းသပ်ရွေးချယ်တဲ့အခါ သရုပ်ဆောင်မော်ဒယ်တွေစမ်းသပ်ဝတ်ဆင်ပြထားတာတွေကို ဦးစွာကြည့်တတ်တာကသဘာဝပါ။ ဒါပေမဲ့ အဲဒီဝတ်စုံတွေကို ခန္ဓာကိုယ်မှာဝတ်ဆင်တဲ့အခါ မော်ဒယ်တွေလိုတကယ်ပဲလှပနေမှာသေချာပါရဲ့လား။ ဘယ်သူမှသေချာမပြောနိုင်ပါဘူး။ အဲဒါကြောင့် စတိုင်လ်တစ်မျိုးထဲကို အာရုံစိုက်နေတာထက်  ခန္ဓာကိုယ်မှာစမ်းသပ်ဝတ်ဆင်ကြည့်ပါ။ ကိုယ့်ရဲ့ခန္ဓာကိုယ်ပေါ်မှာလိုက်ဖက်မှုရှိရဲ့လား။ ကိုယ့်ခန္ဓာကိုယ်က အားနည်းချက်တွေကိုသေချာဖုံးကွယ်ပေးနိုင်ရဲ့လား သေချာအောင်စမ်းသပ်ဝတ်ဆင်ကြည့်ပါ။ 

မကြိုက်တဲ့ဝတ်စုံဝယ်ယူမိတဲ့အခါ
မင်္ဂလာသတို့သမီးတွေအများစု ကျူးလွန်မိလေ့ရှိတဲ့ နောက်ထပ်အမှားတစ်ခုကတော့ ကိုယ့်စိတ်ထဲနှစ်သက်တဲ့ဝတ်စုံထက် ဆိုင်ကလှပါတယ်ဆိုတဲ့ဝတ်စုံကို နားယောင်ဝယ်ယောင်ဝယ်ယူမိလာခြင်းပါဘဲ။ အဲဒါကြောင့် Shopping ထွက်တဲ့အခါ ကိုယ်နှစ်သက်တဲ့ဝတ်စုံကို ကိုယ်တိုင်ရွေးချယ်ဖို့ကအရေးကြီးပါတယ်။ တကယ်လို့ကိုယ်တိုင်ရွေးချယ်ဖို့ အခက်အခဲဖြစ်နေတဲ့အခါ၊ ရွေးချယ်ဖို့ တွေဝေနေတဲ့အခါ ကိုယ့်ကောင်းကျိုးကိုလိုလားတဲ့အခင်ဆုံးသူငယ်ချင်းကို တိုင်ပင်ဝယ်ယူတာအကောင်းဆုံးဖြစ်ပါတယ်။ 

ကိုယ်မတတ်နိုင်တဲ့ဝတ်စုံတွေ
ဘယ်သူမဆိုမင်္ဂလာပွဲအတွက် ဘယ်လောက်ငွေကြေးပမာဏသုံးမယ်ဆိုတာ ခန့်မှန်းထားပြီးသားပါ။ အဲဒီငွေကြေးပမာဏနဲ့ အံဝင်ခွင်ကျဖြစ်အောင်လည်း စီစဉ်ကြမှာပါ။ တစ်ခါတရံမှာ သတို့သမီးတွေနေ့ ကိုယ်မတတ်နိုင်တဲ့ဒီဇိုင်းလှလှဝတ်စုံလေးတွေကိုမြင်ရတဲ့အခါဝတ်လည်းဝတ်ချင်၊ ကိုယ်လည်းမတတ်နိုင်တဲ့ပမာဏကြောင့် မ၀ယ်နိုင်ဖြစ်ဖူးကြမှာပါ။ အဲဒီလိုအခြေအနေမျိုးမှာတော့ ဒီဝတ်စုံတွေအပေါ်စွဲလမ်းမနေပါနဲ့။ အစမ်းဝတ်ကြည့်ချင်ရင် ၀တ်ကြည့်လိုက်ပါ။ ပြီးရင်ခေါင်းထဲရှင်းသွားအောင်ထုတ်ပစ်လိုက်ပါ။ ကိုယ်မတတ်နိုင်တာကို တစ်ချိန်လုံးစွဲလမ်းနေတာက ကိုယ့်ကိုစိတ်အနှောင့်အယှက်ဖြစ်စေရုံသာမက မင်္ဂလာပွဲမှာတောင် ကိုယ့်ကိုယုံကြည်စိတ်နည်းပါးသွားစေပါလိမ့်မယ်။  

ငွေကြေးပမာဏကို ချိန်ဆမထားခြင်း…
ဥပမာ မင်္ဂလာဝတ်စုံအတွက် ဒီငွေလောက်သုံးမယ်ဆိုပါစို့။ ဒီပမာဏပေါ်မှာပဲ မလောက်လောက်အောင်ချိန်ဆ၀ယ်ပြီး စိတ်ဆင်းရဲခံနေမှာလား။ တစ်ခါတရံ ကိုယ်မျော်မှန်းထားတာထက်ပိုပြီး ကုန်ကျသွားနိုင်တာတွေလည်းရှိပါတယ်။ အခွန်အခတွေ၊ သွားလာစရိတ်တွေ သယ်ယူပို့ဆောင်ခတွေပေါင်းတဲ့အခါ ကိုယ်မှန်းထားတာထက်ပိုပြီး ကုန်ကျနေနိုင်ပါတယ်။ အဲဒီအတွက် ဒီလောက်ပမာဏမလောက်ရင် ဘယ်လောက်ထပ်သုံးမယ်ဆိုတာမျိုး ကြိုင်တင်ပြီးအစီစဉ်ဆွဲထားဖို့ကလည်း အရေးကြီးတဲ့အချက်တစ်ခုပါ။ 

တောင်းဆိုဖို့မမေ့ပါနဲ့
တကယ်လို့ကိုယ်ကသာမန်ထက်ဝတဲ့လူမျိုးဆိုရင်တော့ ကိုယ့်ခန္ဓာနဲ့တော်တဲ့ မင်္ဂလာဝတ်စုံမရှိမှာကို စိတ်ပူနေစရာမလိုပါဘူး။ ကိုယ်ဝယ်ယူမယ့်ဆိုင်မှာ ကိုယ့်ခန္ဓာကိုယ်အတွက် သင့်လျော်အောင်ပြန်ပြီးတိုင်းတာချုပ်ပေးတာမျိုး၊ အော်ဒါမှာယူတာမျိုးလုပ်ပေးနိုင်ပါတယ်။ ကိုယ့်Customer အတွက် မလုပ်ပေးနိုင်တဲ့ ဆိုင်ဆိုတာမျိုးမရှိပါဘူး။ ကိုယ့်ဘက်ကတောင်းဆိုတတ်ဖို့ပဲလိုပါတယ်။

Crystal
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
Share on Google Plus

0 comments:

Post a Comment