အဲလစ်အုံး...............နဲ့ ခဏတာ








လတ်တလော အနုပညာလှုပ်ရှားမှုလေးတွေ ပြောပြပေးပါဦး။
လတ်တလောတော့ မဂ္ဂဇင်းတွေ၊ Comenricial ရှုတင်တွေ၊ ရိုက်ဖြစ်နေတယ်ရှင့်။ ပြီးတော့ MTV တွေ၊ Miss Asia 2015 ပွဲအတွက် ပြင်ဆင်တာလေးတွေလုပ်ဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲကို ညီမဘယ်တော့သွားပြိုင်မှာလဲ…
အဲဒီပြိုင်ပွဲက သူတို့ဘက်မှာပြိုင်ပွဲဝင်တွေ အရမ်းများတော့ ပရိုဂရမ်ပြောင်းသွားတာရှိလို့ Regional အလိုက် ပြိုင်ပွဲဝင်တွေကို ပြန်စစ်ဆေးပြီး ဆန်ကာတင်ပြန်ရွေးနေတာကြောင့် အဲလစ်တို့ကို သူတို့ရက်အတိ အကျတော့ ပြန်မပြောသေးဘူး။

ဘယ်နိုင်ငံမှာသွားပြိုင်ရမှာလဲမသိဘူး 

ဟောင်ကောင်မှာပါရှင့်။

အနုပညာလောကထဲကို ညီမဘယ်အချိန်လောက်က စ၀င်လာဖြစ်တာလဲ
အချိန်အတိအကျတော့ မမှတ်မိတော့ဘူးရှင့်။ ဒါပေမဲ့ အနုပညာလောကထဲရောက်လာတာ တစ်နှစ်ခွဲ နှစ်နှစ်လောက်ကြာပြီလို့ ထင်ပါတယ်။ ဘယ်လိုစပြီးဝင်လာဖြစ်သလဲဆိုတော့ အစပိုင်းတုန်းက အဲလစ်အခုလို မော်ဒယ်လုပ်မယ်လို့ ရည်ရွယ်ချက်မရှိဘူး။ ဒါပေမဲ့ Myanmar Model Managenment က ကိုအောင်ပိုင် ဆီမှာ Catwalk တွေ ဘာတွေသွားသင်ရင်းနဲ့ပဲ တီချယ်မြတ်ရွှေဝါတို့ ဆရာထင်လင်းထွန်းတို့က အဲလစ်တို့ကို သဘောကျပြီးတော့ ပွဲတွေဘာတွေခေါ်လျှောက်တယ်။ ပြီးတော့မဂ္ဂဇင်းတိုက်တွေကလည်း အဲလစ်တို့ကို ဘယ်လိုဘယ်လို တွေ့ပြီးတော့ဆက်သွယ်လာသလဲ မသိဘူး။ အဲဒီလိုမျိုးနဲ့ပဲ အနုပညာ လောကထဲတဖြည်း ဖြည်းရောက် လာတာပါ။ ပြောရမယ်ဆိုရင် မမျှော်လင့်ဘဲရောက်လာတာလို့ ဆိုနိုင်ပါတယ်။

Miss Asia Myanmar 2015 ပြိုင်ပွဲကို ဘယ်လိုဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့တာလဲ ပြောရမယ်ဆိုရင် နည်းနည်းထူးဆန်းတယ်။ သူငယ်ချင်းတစ်ယောက်က Miss Aisa Myanmar ပြိုင်ပွဲ ရှိတယ်။ ပြိုင်မလားဆိုပြီး ပြောလာတယ်။ ငွေဆောင်မှာပြိုင်ရမှာတဲ့။ ဒီပြိုင်ပွဲက နည်းနည်းလောသွားတယ်။ ဟို ဘက်က Announce လုပ်တာနဲ့ ထပ်သွားတယ်။ ပြီးတော့ ပြင်ဆင်တာလည်း လောသွားတော့တခြား ပွဲတွေလိုမျိုးအရမ်းမကြာဘူး။ တစ်ပတ်အတွင်းမှာပဲ အကုန်ပြီးသွားတယ်။ အဲဒီတော့အချိန်လည်း အရမ်းမကြာ ဘူးပေါ့။ ငွေဆောင်ကိုလည်း စိတ်ပြေလက်ပျောက်ဖြစ် အောင်သွားချင်တာနဲ့ ပြိုင်လိုက်မယ်ဆိုပြီး ဖြစ်သွားတာပါ။ International ပြိုင်ပွဲလည်းမပြိုင်ဘူးတော့ အတွေ့အကြုံလည်းရအောင်သွားပြိုင် ဖြစ်ခဲ့တာပါ။

အဲဒါဆိုရင် ဒါကညီမအတွက်ပထမဆုံး International ပြိုင်ပွဲပေါ့… ဟုတ်ကဲ့။ အဲဒီလို International Miss ပြိုင်ပွဲက အဲလစ်အတွက်ပထမဆုံးပါ။

ပြည်တွင်းမှာရောအဲဒီလို ပြိုင်ပွဲမျိုးတွေဝင်ပြိုင်ဖူးလား။ ဆုတွေရောရဖူးသလား။
ဟုတ်ကဲ့။ အဲလစ်မော်ဒယ်စလုပ်ခါစကဆို အခုလို International Miss ပြိုင်ပွဲတွေခေတ်မ စားသေးလို့ Product တွေအတွက် Brand Ambassador ရွေးတဲ့ အဲဒီလိုမျိုးပွဲတွေဝင်ပြိုင်ဖြစ်တယ်။ အဲဒီမှာ Suko ထီးပြိုင်ပွဲလည်းဝင်ပြိုင် ဖြစ်တယ်ရှင့်။ အဲဒီမှာ Miss Suko 2014 ဆုလည်းရခဲ့တယ်ရှင့်။ ပြီးတော့ Face of Myanmar မှာ လည်းဝင်ပြိုင်ဖြစ်တယ်။ အဲဒီပြိုင်ပွဲက Miss တော့မဟုတ်ဘူး။ မော်ဒယ်အနေနဲ့ ရွေးတာဖြစ်လို့ အတွေ့အကြုံတော့ တော်တော်လေးရခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ Catwalk လျှောက်ပုံနဲ့ Miss လျှောက်ပုံကမတူဘူးလေ။

Miss Asia ပြိုင်ပွဲအကြောင်းလေးပြောပြပေးပါဦး။
Miss Asia ပြိုင်ပွဲဖြစ်တဲ့အတိုင်း Asia သားတွေပဲပြိုင်ရတယ်။ အရင်နှစ်က ကိုခါရာပြိုင်ခဲ့ဖူးတယ်။ ကိုခါရကတော့ Mister Asia အခု ကတော့ Miss Asia ပေါ့။ တခြား International ပြိုင်ပွဲတွေက တစ်ကမ္ဘာလုံးချီပြီးပါတယ်။ အဲလစ် တို့ Miss Asia ကျတော့ သူ့ Title အရ အရှေ့တိုင်းနိုင်ငံတွေပဲပါတာရှင့်။ ပြီးတော့ National Costume လို ဟဲဗီးဖြစ်တဲ့ ပြင်ဆင်မှုတွေလည်း လုပ်သွားစရာမလိုဘူး။ ဟိုဘက်ကပဲ အကုန်တာဝန်ယူပေးတယ်ရှင့်။ အဲဒီပြိုင်ပွဲမှာ National Costume ပွဲစဉ်မပါဘူး။ ပွဲစဉ်တွေ အားလုံးကို ပြိုင်ပွဲကျင်းပသူတွေကပဲ တာဝန်ယူပြီးစီစဉ်ပေးမှာပါ။

တချို့တွေက မော်ဒယ်နဲ့ Miss တွေကိုရောနေကြလို့ မော်ဒယ်ပြိုင်ပွဲနဲ့ Miss ပြိုင်ပွဲ ဘယ်လိုကွာခြားသလဲဆိုတာ ညီမရဲ့အတွေ့အကြုံအရပြောပြပေးပါဦး။
အဲလစ်လည်း အရင်တုန်းက ဒီလို Miss ပြိုင်ပွဲမှာမပြိုင်ဖူးခင် အဲဒီနှစ်ခုကိုရောနေတယ်။ ဘာကွာ သလဲဆိုရင် Catwalk လျှောက်ပုံ လျှောက်နည်းကအစကွာတယ်။ ပြီးတော့ Modle ကို လိုချင်တဲ့ အတိုင်းအတာနဲ့ Miss ကိုလိုချင်တဲ့အတိုင်းအတာကလည်း မတူဘူး။ Model ကျတော့ လုံးဝပိန်နိုင်သလောက် ပိန်ပိန်ပါးပါးလေးဖြစ် အောင်လုပ်ရတယ်။ face of Myanmar ပြိုင်ပွဲဆိုရင် သူတို့က ကြွက်သားတွေ၊ အသားတွေလုံးဝ မလိုချင်ဘူး။ အဲဒီလိုတောင်းဆိုတယ်။ အရပ်ကလည်း မော်ဒယ်တွေဆို ပေါင်တံရှည်ရှည်၊ အရပ်ရှည်ရှည်လေး။ Catwalk လျှောက်ရင်လည်း သူဝတ်ဆင်ရတဲ့အင်္ကျီပုံစံအတိုင်း ဟိုယိမ်းဒီယိမ်းလျှောက် နိုင်တယ်။ ဒါပေမဲ့ ငျြ ကတော့ အဲဒီလိုမဟုတ်ဘူး။ ခန္ဓာကိုယ်ကအစ တောင်းဆိုထားတာရှိတယ်။ ပိန်တိုင်းလည်းအဆင်မပြေဘူး။ ရှိသင့်တာလေးတွေရှိရမယ်။ လမ်းလျှောက်ရင်လည်း အရမ်းခါနေလို့ အဆင် မပြေဘူး။ လှည့်တာကအစ ကိုယ့်ခန္ဓာကိုယ်နဲ့ခေါင်းနဲ့ တစ်တန်းတည်းဖြစ်နေဖို့လိုတယ်။ Miss ရဲ့ အတိုင်းအတာ၊ အပြုအမူနေထိုင်ပုံတွေကအစ Model တွေနဲ့မတူဘူး။

Miss Asia ပြိုင်ပွဲကိုသွား ပြိုင်ဖို့အတွက် ညီမအနေနဲ့ကရော ကိုယ့်ဘက်ကနေ ဘာတွေပြင်ဆင်သွားမလဲ
Catwalk လျှောက်ပုံလျှောက်နည်းတွေ သေချာပြင်ဆင်မယ်။ ပြည်တွင်းမှာ Catwalk လျှောက်ပုံ ကခေါက်ရိုးကျိုးနေလို့ အခု International စံညွှန်းအတိုင်းပြိုင်ရမှာဖြစ်တော့ အဲဒါကို ပြင်ဆင်နေပါတယ်။ အဲလစ်တို့ အေဂျင်စီကလည်း နိုင်ငံခြားပညာရှင်တွေခေါ်ပြီး အဲလစ်တို့ကိုပြန်ပြီးတော့လေ့ကျင့်ပေး တယ်။ နေတာထိုင်တာ ပြောတာဆိုတာ၊ အစားအသောက်စားသုံးပုံကအစပေါ့။ အဲလစ်လည်း ကိုယ့်ဘက်က လိုအပ်ချက် မရှိအောင်ကြိုးစားပြင်ဆင်နေပါတယ်ရှင့်။

ပြိုင်ပွဲမှာ Talent အပိုင်းရော ပါလားမသိဘူး။ အမေးအဖြေ ပုံစံမျိုးလေးတွေပေါ့။
အဲဒီလိုမျိုးတော့ ပါမယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ Miss Asia တို့ Ambassator တို့ ပြိုင်ပွဲရဲ့ပရိုဂရမ်ကို Announce လုပ်လေ့မရှိဘူး။ သူတို့က ဘာကိုလိုချင်သလဲဆိုတော့ အဲလစ်တို့က အခြေအနေတစ်ခုအပေါ် ရုတ်တရက်တုံ့ပြန်နုင်တဲ့ စွမ်းရည်ကိုသူတို့လိုချင်တာ။ ပြိုင်ပွဲနဲ့ပတ်သက်ပြီး ဘာမှကြို မပြောထားဘူး။ သူတို့က ပြင်ဆင်ပြီးမှရတာထက်စာရင် ရုတ်တရက်လာတဲ့အခါ ဘယ်လိုတုံ့ပြန်နိုင်လဲဆိုတာကို သူတို့ကပိုလိုလားတယ်။

မြန်မာနိုင်ငံကိုယ်စားပြု တစ်ယောက်အနေနဲ့ သွားပြိုင်ရမှာဖြစ်လို့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး မေးလာလို့ရှိရင် ကိုယ့် အနေနဲ့ သူများတွေနဲ့ မတူအောင် ဘာတွေတင်ပြသွားမလဲဆိုတာကို ပြောပြပေးပါဦး။
အကုန်လုံးကတော့ အဲလစ်တို့မြန်မာနိုင်ငံကို Election အရပဲဖြစ်ဖြစ်၊ အခု ဒီမိုကရေစီနိုင်ငံစတင် ပြောင်းလဲပုံအရပဲဖြစ်ဖြစ် အရမ်းစိတ်ဝင်စားနေကြတယ်။ မေးခွန်းဆိုရင်လည်း ဆိုင်တဲ့မေးခွန်းရော၊ မဆိုင်တဲ့ မေးခွန်းရောမေးလာနိုင်တယ်လို့ ထင်တယ်။ အဲလစ်တို့ဘက်က ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့အပြောအဆိုတစ်ခု ကြောင့် ကိုယ်က နိုင်ငံတော်ကိုယ်စားပြုလို့ကိုယ့် အမြင်တစ်ခုတည်းဖြေလို့မရဘူး။ သူတို့မေးခွန်းတွေက တစ်ခါတလေသွယ်ဝိုက်ပြီးမေးတတ်လို့ ကိုယ်က ပညာရှိရှိနဲ့ပြန်ဖြေရမယ်။ ဥပမာ သူတို့ကဘယ်ပါတီကိုမဲပေးခဲ့ သလဲလို့မေးလာရင် အဲလစ်တို့က ဘယ်ပါတီကိုမဲပေးခဲ့တယ်ဆိုပြီးဖြေလိုက်ရင် အဲဒီပါတီကို ကိုယ်က Promote လုပ်သလိုဖြစ်သွားမှာပေါ့။ အဲဒီလိုမျိုးဆိုရင် အဲလစ်တို့က ကိုယ်နိုင်မယ်လို့ထင်တဲ့ပါတီကိုမဲပေး ခဲ့တယ်ပေါ့။ ဘယ်ပါတီကိုပဲပေးပေး အဲလစ်က ကိုယ့်မြန်မာနိုင်ငံကို တိုးတက်စေချင်တဲ့စိတ်နဲ့ ပေးခဲ့တာလို့ အဲဒီလိုပညာသားပါပါနဲ့ ပြန်ဖြေရမှာပေါ့။ အဲဒါကြောင့်အဲလစ်တို့ဘက်က သူတို့မေးနိုင်လောက်မယ်ထင်တဲ့ မေးခွန်းတွေ၊ သူတို့စိတ်ဝင်စားနိုင်တဲ့ အကြောင်းအရာတွေကို Culture ပိုင်းအရ အားလုံးကို လေ့လာနေ တယ်ရှင့်။

အခု မြန်မာနိုင်ငံမှာ Miss ပွဲတွေကလည်း အရမ်းများနေပြီ။ အဲဒီလို Miss ပြိုင်ပွဲတွေများလာတဲ့အပေါ် ညီမရဲ့အမြင်လေးကိုလည်း သိပါရစေ။ အဲဒီလိုပြိုင်ပွဲတွေရမ်းများလာတော့ အများစုက ပြိုင်ပွဲတိုင်းကို သိပ်မသိကြတော့ဘူး။ အဲဒီအတွက် ညီမသွားပြိုင်မယ့်ပြိုင်ပွဲကို ပရိသတ်တွေမသိမှာစိုးရိမ်မိတာရော ရှိသလား။
ပြိုင်ပွဲတွေကတော့ တော်တော်လေးကိုများလာတယ်။ တချို့ဆို ပြိုင်ပွဲမလုပ်ဘဲနဲ့တန်းပြီး Miss ရွေးတာတွေလည်းရှိတယ်။ အဲဒီလို Miss ပြိုင်ပွဲတွေများတာ ကောင်းတော့ကောင်းပါတယ်။ ဘာဖြစ်လို့လဲဆို တော့ အဲလစ်တို့ Miss တွေက နိုင်ငံတကာသွားပြီး Miss ပွဲတွေပြိုင်ခွင့်ရှိတော့ မြန်မာနိုင်ငံကို လူပိုသိ လာတာပေါ့။ အရင်တုန်းကသွားမပြိုင်တော့ လူသိပ်မသိကြဘူး။ အခုလိုပြိုင်ခွင့်ရှိတော့ မြန်မာနိုင်ငံမှာလည်း တကယ်အရည် အချင်းရှိတဲ့ လူငယ်တွေရှိနေတာနိုင်ငံတကာက သိသွားအောင်လို့ Miss ပြိုင်ပွဲတွေကလိုအပ်ပါတယ်။ ကိုခါရာ ဆိုရင် မနှစ်က မြန်မာနိုင်ငံကိုယ်စားပြုပြီး ပထမဆုံးအကြိမ်ဝင်ရောက် ယှဉ်ပြိုင်တာဖြစ်ပေမယ့် Winner Up ဆုရော Title 5 ဆု တောင်ရလာတယ်။ ကိုယ့်နိုင်ငံကို ဂုဏ်ပြုပေးနိုင်တဲ့ ဂုဏ်တက်စေနိုင်တဲ့ Miss တွေပေါ် လာတာကောင်းပါတယ်။ ဒါပေမဲ့ ခုနကအစ်ကိုပြောသလို ပြိုင်ပွဲတွေ အရမ်းများလာတော့ လူတွေက သတိမထားမိတာကလည်းဖြစ်မှာပဲလေ။ ဘယ်ကိစ္စမှာမဆို အကောင်းရော၊ အဆိုးရောအမြဲဒွန်တွဲနေတာပါပဲ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီပြိုင်ပွဲကနေ အတွေ့အကြုံတွေရလာရင် ရှေ့ဆက်လျှောက်ရမယ့် အနုပညာခရီးအတွက် အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

အခုညီမက Victoria University မှာ ကျောင်းတက်နေတာနော်။ အဲဒီကျောင်းမှာဘာကို အထူး ပြုပြီးတက် နေတာပါလဲ။
Business Management ပါရှင့်။ အဲလစ်က Final Blecher တန်းတက်နေတာပါ။ ဒီပလိုမာကရပြီး သွားပါပြီရှင့်။

အဲဒီလိုညီမက ကျောင်းလည်းတက်နေတယ်။ Miss ပြိုင်ပွဲအတွက်ကလည်း Training တွေလုပ်နေရတယ်ဆို တော့ အိမ်ကနေခွင့်ပြုချက်ယူရတာမျိုး၊ ဒါမှမဟုတ်ကိုယ်ပြိုင်တဲ့အပေါ် သဘောမတူတာမျိုးတွေ ရှိသလား။
အဲဒီလိုမျိုးတော့မရှိဘူးရှင့်။ အဲလစ်တို့အိမ်က ငယ်ငယ်လေးကတည်းက အဲလစ်တို့ကိုကိုယ်ပိုင် ဆုံးဖြတ် ချက်ပေးထားတာ။ ဒါပေမဲ့ မှားတယ်ဆိုရင်တော့ အိမ်ကပြန်ပြင်ပေးတယ်။ အဲလစ်တက်ချင်တဲ့ ကျောင်းကအစ လုပ်ချင်တဲ့အလုပ်အဆုံး ကိုယ့်ဘာသာကိုယ်ဆုံးဖြတ်ခဲ့တာပါ။ အစကဆိုနိုင်ငံခြားမှာကျောင်းတက်ဖို့ စုံစမ်း သေးတယ်။ ဒီမော်ဒယ်အလုပ်လည်း အမေက ဘာပဲဖြစ်ဖြစ်အဲလစ်ကိုယုံကြည်တယ်။ စိတ်ချတယ်။ အဲဒါ ကြောင့် ဘာမှမပြောဘူး။ ဒီပြိုင်ပွဲဆိုလည်း ပြိုင်ချင်တယ်ပေါ့။ အမေ့ကိုပြောတယ်။ အမေဘယ်လို သဘောရသ လဲပေါ့။ အိမ်ကတော့ အရမ်းချုပ်ချယ်တဲ့ အမျိုးအစားထဲမှာမပါဘူး။ ကိုယ့်ဘာသာကိုယ်လွတ် လွတ်လပ်လပ်လုပ်ခွင့်ပေးထားတယ်။ အလယ်တန်း၊ အထက်တန်းကျောင်းတွေတုန်းကဆို ကိုယ့်ဘာသာ ကျောင်းသွားအပ်တာမျိုးရှိတယ်။

အခု Swin Suit အတွက် Two Pieces တွေဝတ်ပြီး ပထမဆုံးအကြိမ် ဓာတ်ပုံအရိုက်ခံရတဲ့အပေါ်မှာ ခံစားချက်လေးပြောပြပေးပါဦး။
Swin Suit ကို မရိုက်ခင်ကတည်းက အဲလစ်တို့ ဒီလိုမျိုးတစ်ခါမှမ၀တ်ဖူးဘူး။ ရေသွားကူးရင်တောင်မှ စကပ်လေးတွေဝတ်တယ်။ တစ်ခါတလေ သူငယ်ချင်းတွေနဲ့သွားလို့ ရေကူးကန်ရောက်ရင်တီရှပ်ဘောင်းဘီနဲ့ပဲ ရေကူးတာမျိုးလည်းရှိတယ်။ Swin Suit ၀တ်ရမယ်လို့ကြားတော့ ရှက်တာတော့ ရှက်တာပေါ့။ ဒါပေမဲ့ Swin Suit က ဟိုဘက်မှာ စံညွှန်းအနေနဲ့ တောင်းဆိုထားတယ်။ ပြီးတော့ Swin Suit အနေနဲ့ သူတို့လိုချင် တာက အဲလစ်တို့ရဲ့တကယ့် ခန္ဓာကိုယ်၊ ပင်ကိုယ်အလှပေါ့နော်။ ဘာမှဖုံးကွယ်ထားတာမျိုး မရှိတဲ့ပုံစံမျိုးပါ။ ကိုယ်လည်းဒီအပေါ်မှာ ဘယ်လောက်ဒီ Confidence ဘယ်လောက်ရှိသလဲဆိုတာ သိချင်တာနဲ့ ၀င်ပြိုင်ဖြစ်ခဲ့တာပါ။ ပထမဦးဆုံးအကြိမ် Swin Suit ပုံနဲ့ဓာတ်ပုံအရိုက်ခံရတာဖြစ်လို့ ရှက်တာတော့ ရှက်တာ ပေါ့နော်။ အဲလစ်တို့ဆို ဓာတ်ပုံရိုက်ခါနီးတောင်ဟိုဖုံးဒီဖိနဲ့ ရှက်နေသေးတာ။ အဲဒါနဲ့ တစ်ယောက်နဲ့တစ်ယောက် အားပေးပြီးတော့ ရိုက်ဖြစ်သွားတာပါ။ ဘာမှတော့ပြဿနာကြီးကြီး မားမားမျိုးမရှိခဲ့ပါဘူး။

ညီမ ဒီမော်ဒယ်အပြင် တခြားအနုပညာတွေရောဝါသနာပါလား။
သရုပ်ဆောင်တော့ ၀ါသနာပါတယ်ရှင့်။ ကာရိုက်တာမျိုးစုံကို သရုပ်ဆောင်ချင်တယ်။ ကားပေါ်မှာ လည်း ကားမောင်းနေရင်းနဲ့ ကိုယ့်ဘာသာကိုယ်တစ်ယောက်တည်း Mood တွေသွင်းပြီးစာသားတွေ ပြောတတ်တယ်။ သရုပ်ဆောင်တာဝါသနာပါတယ်ရှင့်။



--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape




Share on Google Plus

0 comments:

Post a Comment