ဒီတစ်ပတ်ရဲ့
Audience’s Choice ကဏ္ဍလေးအတွက်ကိုတော့ PKမင်းသားအမီရာခန်းအကြောင်းရွေး ထားပါတယ်။ နာမည်ရင်းကတော့
မိုဟာမက်အလီရာဟူစိတ်ခန်း ပါ။ သရုပ်ဆောင်တစ်ဦးဖြစ်သလို ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦးလည်းဖြစ်ပါတယ်။
ဟင်ဒီရုပ်ရှင်တွေမှာအောင်မြင်မှုနဲ့အတူ ခန်းက အိန္ဒိယရုပ်ရှင်လောကရဲ့လွှမ်းမိုးမှုအရှိဆုံး၊
အအောင်မြင်ဆုံးမင်းသားတွေထဲက တစ်ယောက်ဖြစ်ပါတယ်။ National Flim Award အမြောက်အမြားနဲ့
Flimfare award (၇)ကြိမ်တိုင်တိုင် ရရှိထားပါတယ်။ ၂၀၀၃ခုနှစ်၊ ၂၀၁၀ခုနှစ်မှာ အိန္ဒိယအစိုးရကတောင်
ဂုဏ်ပြုချီးကျူးထားပါသေးတယ်။
ခန်းက Yaadon
Ki Baarat ဇာတ်ကားမှာကလေးသရုပ်ဆောင်အနေနဲ့ပထမဆုံးပါဝင်ခဲ့ပါတယ်။ Haoi ဇာတ်ကားမှာပါဝင်လာပြီးနောက်ပိုင်းမှာ
Oayamat Se Oayamat Tak ဇာတ်ကားမှာ ခေါင်းဆောင် မင်းသားအနေနဲ့ပါဝင်ခဲ့ပါတယ်။ ၁၉၉၀ ၀န်းကျင်လောက်က
သူရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေဟာ ဆိုရင်အအောင်မြင်ဆုံးရုပ်ရှင်တွေဖြစ်ခဲ့သလို Sarfarosh
ဇာတ်ကားနဲ့ Flimfare Award for Best Actor ဆုကိုရရှိခဲ့ပါတယ်။
၂၀၀၁ခုနှစ်မှာ
ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုကိုစတင်တည်ထောင်ခဲ့ပြီး သူရိုက်ကူးတဲ့ Lagaan ဇာတ်ကားဟာဆိုရင်
Academy Asard For Best Foreign Language Flim နဲ့ ဆုလျားထားခြင်းခံရပြီး Flimfare
Award, National Flim Award For Best Popular Flim ဆုရရှိခဲ့ပါတယ်။ 3 Idiots, Dhoom
3, PK ဇာတ်ကားတွေဟာဆိုရင် ဘောလိဝုဒ်ရုပ်ရှင်တွေထဲမှာ စိတ်ဝင်စားမှုအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment