Apple ကတော့ 3D-Touch လို့နာမည်ပေးထားတယ်…








iPhone 6S နဲ့ 6S Plus တွေမှာအင်မတန်ထူးခြားတဲ့နည်းပညာသစ်တစ်ခုကိုထည့်သွင်းပေးခဲ့ပြီး…
Apple ကတော့ 3D-Touch လို့နာမည်ပေးထားတယ်…
 
Apple အနေနဲ့ iPhone 6S  နဲ့ 6S Plus တွေမှာ အင်မတန်ထူးခြားတဲ့ နည်းပညာသစ်တစ်ခုကို ထည့် သွင်းပေးခဲ့ပါတယ်။ Apple ကတော့ 3D-Touchလို့ နာမည်ပေးထားပါတယ်။ Touch Screen တွေပေါ် လာပြီးတဲ့နောက်ပိုင်းမှာ mobile device တွေကို အသုံးပြုသူတွေအနေနဲ့ ပထမဦးဆုံးအကြိမ်အဖြစ်နဲ့ အသုံးပြုသူနဲ့ user တွေအကြား user interaction ပြုလုပ်ပုံအသစ်တစ်ခုအနေနဲ့ အသုံးပြုနိုင်လာတာဖြစ်ပါတယ်။

Apple အနေနဲ့ iPhone 5S ကနေစလို့ ဖုန်း model အသစ်ထုတ်တိုင်း hardware အသစ်တစ်မျိုးမျိုးနဲ့ အဲဒီ hareware နဲ့တွဲဖက်အသုံးပြုနိုင်မယ့် software နည်းပညာတစ်မျိုးမျိုးကို တီထွင်ထည့်ပေးနေတာ အစဉ်အလာလိုဖြစ်နေပါပြီ။ iPhone 5S မှာဆိုရင် Touch-ID ပါလာပြီး လုံခြုံရေးနဲ့ ဆက်စပ်တဲ့ software feature တွေ သုံးလို့ရလာပါတယ်။ iPnone 6 မှာတော့ NFC ပါလာပြီး Apple Pay သုံးလို့ရလာပါတယ်။ အခု iPhone 6S မှာဆိုရင်တော့ 3D-Touch ပါလာပြီး Peek and Pop ဆိုတဲ့ feature ကိုသုံးလာနိုင်ပါလိမ့်မယ်။

Apple အနေနဲ့ သူတို့ရဲ့ Apple Watch နဲ့ ၁၂ လက်မ MacBook တို့မှာ Force touch ဆိုတဲ့နည်းပညာကို သုံးပေးထားပါတယ်။ မျက်နှာပြင်တစ်ခုကိုဖိလိုက်ရင် ဖိထားတဲ့ဖိအားကိုသိရှိပြီး အလိုက်သင့်တုံ့ပြန်နိုင်တဲ့ နည်းပညာပါ။ ဒါပေမဲ့ iPhone ပေါ်က 3D-Touch ကတော့ အဲဒီထက်ပိုအဆင့်မြင့်လာသလို ပိုလည်း အသုံးဝင်မှု Apple ရဲ့ Phil Schiller ကတော့ 3D-Touch ဟာ Apple ကဖန်တီးခဲ့ဖူးတဲ့ နည်းပညာတွေ ထဲမှာ အခက်အခဲဆုံးတစ်ခုဖြစ်လိမ့်မယ်လို့ပြောသွားပါတယ်။ 

ဘာကြောင့်များဒီနည်းပညာကိုဖန်တီးရတာ ဒီလောက်ခက်ခဲရတာပါလဲ။ တကယ်တော့ 3D-Touch ဆိုတာဟာ ကျွန်တော်တို့ click နှိပ်သလို input method တစ်ခုပါပဲ။ သာမန်ဖိတာနှိပ်တာမဟုတ်ဘဲ ခပ်ပြင်းပြင်းနဲ့ကြာကြာလေးဖိထားရင် သာမန်ဖိလိုက်တာ၊ နှိပ်လိုက်တာနဲ့ မတူတဲ့ရလဒ်တွေဖြစ်လာစေ ဖို့ဖြစ်ပါတယ်။ ဥပမာအားဖြင့် Camera icon လေးကို ခပ်ပြင်းပြင်းနဲ့ ကြာကြာလေးဖိထားရင် Selfie ရိုက်နိုင်မယ့် shortcut ပါတဲ့ menu တစ်ခုကိုပြပေးပါမယ်။ Contact icon ကိုဖိထားရင် ကိုယ်မကြာ ခဏခေါ်တတ်တဲ့သူတွေရဲ့ ဖုန်းနံပါတ်ကိုပြပေးပါလိမ့်မယ်။ တကယ်လို့ အဲဒါကိုမှခပ်ပြင်းပြင်း အားစိုက် ထပ်ဖိရင် နောက်ထပ် menu တစ်မျိုးကိုပြောင်းသွားစေပါလိမ့်မယ်။

3D Touch ကို အဲဒီ Peek and Pop feature နဲ့ပေါင်းစပ်ဖို့ဟာ အရမ်းကိုခက်တဲ့ကိစ္စပါ။ ဥပမာ facebook icon ကိုဖိထားရင် Status တန်းတင်လို့ရစေမယ့် shortcut မျိုးပေါ်လာဖို့ဆိုတာက တကယ်မလွယ်တာပါ။ Message တစ်ခုကိုခပ်သာသာလေးဖိလိုက်ရင် Pop ဆိုတဲ့အတိုင်း message ရဲ့ အစပိုင်းလေးကိုပြပေး မှာပါ။ အဲဒါကိုမှ အားခပ်ပြင်းပြင်းဖိလိုက်ရင် Pop ဆိုတဲ့အတိုင်း message ကို ပြပေးပါလိမ့်မယ်။ Link တွေကိုနှိပ်ရင် Web page တွေကို အဲဒီအတိုင်းပြပေးမှာပါ။

3D Touch ဟာဆိုရင် app တွေကိုအသုံးပြုတဲ့နေရာမှာ လုံးလုံးလျားလျားကို အပြောင်းအလဲဖြစ်သွားစေ ပါမယ်။ ဥပမာ Movie app ကိုဖွင့်ကြည့်ပြီး ဇာတ်လမ်းကိုကျော်ကြည့်မယ်ဆိုရင် screen ကို ဘယ်လောက် အားနဲ့ဖိထားလဲဆိုတာအပေါ်မူတည်ပြီး Forward လုပ်တဲ့ speed က ပြောင်းသွားမယ်ဆိုတာက တကယ့်ကိုစိတ်ဝင်စားစရာပါပဲ။

ဒီနည်းပညာဟာဆိုရင် ကျွန်တော်တို့နဲ့ ကျွန်တော်တို့ဖုန်းအကြား ထိတွေ့အသုံးပြုမှုကို သိသိသာသာပြောင်း လဲသွားမှာပါ။ screen ပေါ်မှာကျရောက်နေတဲ့ဖိအားကို ဖုန်းကသိနေမယ့်နည်းပညာပါပဲ။ Screen ကိုဖိထားလိုက်ရင် သိနိုင်စေတဲ့ sensor ကိုတော့ Strain gauges လို့ခေါ်ပါတယ်။

Apple အနေနဲ့ Capacitive Sensor တွေနဲ့ strain gauges တွေကို အတူတကွအလုပ်လုပ်နိုင်စေမယ့် touch screen နည်းပညာကို တီထွင်ဖန်တီးထားတာအတော်လေးကိုကြာနေပါပြီ။ Capacitive semsor ဟာ electrical signalတွေနဲ့ အလုပ်လုပ်တာပါ။ ဘယ်အချိန်ထိတယ်၊ ဘယ်နေရာကိုထိတယ်ဆိုတာကို သူကအကြောင်းကြားပေးပါတယ်။ လက်နဲ့ Screen ကိုဖိလိုက်ချိန်မှာ တခြား sensor တွေကပါ ဒီနေရာကို ဖိအားသက်ရောက်နေတယ်ဆိုတာကို သိနိုင်စေပါတယ်။

ဒါကြောင့် ဖိအားကိုအမျိုးမျိုးပြောင်းလဲခြင်းက အသုံးပြုတဲ့ sensor တွေကို သက်ရောက်မှုအမျိုးမျိုးရှိ လာစေပြီး ဒီကနေမှတစ်ဆင့် ဖုန်းပေါ်မှာ function တွေကို အဆင့်ဆင့်ပြောင်းလဲသွားစေတာပါ၊ အဲဒီအတွက် Apple ဟာ သီးသန့် hardware device တစ်ခုကိုလည်း ထည့်ပေးထားပါတယ်။ သာမန် sesnsor တွေနဲ့ ဖိအားကိုတိုင်းတာတယ်ဆိုတာထက် haptic technology ကို အသုံးပြုပြီးတော့ tuch ကြောင့်ဖြစ်လာတဲ့ တုန်ခါမှုတွေကို ပိုပြီးအားကောင်းသွားစေမယ့် “Taptic Engine” ကိုပါ ထည့်သွင်းပေး ထားပါတယ်။ ဒါကြောင့် 3D Touch ဟာ အသာလေးထိတာလား၊ နှိပ်လိုက်တာလား၊ ဖိထားတာလား ဆိုတာကို ခွဲပြောနိုင်ပါတယ်။ တစ်စက္ကန့်လောက်အတွင်းမှာတင် 3D Touchဟာ ဒီလိုကွဲပြားတဲ့ထိတွေ့ပုံတွေအားလုံးကို သိရှိနိုင်စွမ်းရှိပါတယ်။

3D-Touch နဲ့ Force Touch ဘာကွာလဲဆိုရင် Force Touch ဟာ display အောက်မှာ sensor တွေကို မြှုပ်ထားပြီး screen ပေါ်ကိုဖိအားသက်ရောက်လာရင် သိနိုင်အောင်လုပ်ထားပါတယ်။ အဲဒါကြောင့် screen ပေါ်မှာ ထိထားသမျှနေရာတွေ အားလုံးကိုသိသလို၊ ဘယ်နေရာကို ဘယ်လောက်အားနဲ့ ဖိထားသလဲဆိုတာတွေကိုလည်း သိနေနိုင်ပါတယ်။ အဓိကကွာသွားတာက ဒီ sensor တွေသိထားတဲ့ အချက်အလက်တွေကို ဘယ်လိုတုန့်ပြန်မှုပြုလုပ်သလဲဆိုတဲ့အပေါ်မှာမူတည်တာပါ။ Force Touch ဟာ 3D Touch လောက်လျှင်မြန်မှုမရှိတာပါပဲ။ 3D Touch ဟာ capacitive sensor တွေနဲ့ strain gauges တွေကို ပိုပြီး sensitive ဖြစ်အောင်လို့ Tapic Engine နဲ့ ပေါင်းစပ်ပေးထားတာလည်းဖြစ်ပါတယ်။ Force touch မှာလို screen က sensor တွေကပေးတဲ့ data တွေပေါ်မှာချည်းပဲ မှီခိုနေတာမဟုတ်ပါဘူး။
Touch နည်းပညာဟာ အနာဂတ်ဖြစ်လာပြီး 3D Touch ဟာ ဒီနည်းပညာရဲ့ ထိပ်ဆုံးနေရာမှာရှိနေတဲ့ နည်းပညာဖြစ်လာပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နည်းပညာအသစ်တစ်ရပ်တီထွင်မှုမှာ အကောင်းရော၊ အဆိုးရောရှိနေပြီး ပြီးပြည့်စုံဖို့အတွက် အချိန်တစ်ခုတော့စောင့်ရဦးမှာပါ။

မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment