Apple Home Kit ဆိုတာ ဘာလဲ…







အိမ်တစ်အိမ်မှာ အသိဉာာဏ်ထည့်ပေးလိုက်မလားဆိုတဲ့အတွေးအခေါ်ဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ ဒီအိုင်ဒီယာဟာ ၁၉၅၀ ခုနှစ်တွေကတည်းက Disneyland မှာ “Home of the Feture” ဆိုပြီး ပြသထားတာမျိုးတွေရှိခဲ့ပါတယ်။ လက်ရှိအချိန်အထိကိုပဲ ကျွန်တော်တို့တတွေကြွယ်ဝ ချမ်းသာ လာမယ်ဆိုရင် ကျွန်တော်တို့အိမ်တွေကိုအသံနဲ့ခိုင်းစေနိုင်မယ့် ကွန်ပျူတာတွေ၊ အလိုလျောက် အလင်း အမှောင်ချိန်ညှိပေးနိုင်မယ့်မီးလုံးတွေ၊ အလိုအလျောက်အဖွင့်အပိတ်လုပ်နိုင်စေမယ့်လိုက်ကာတွေ တပ်ပေးနိုင်မယ့်အချိန်ကိုရောက်လာလိမ့်မယ်လို့ မျှော်လင့်နေကြတုန်းပါပဲ။ 

လက်ရှိမှာတော့ လူတွေဟာသူတို့အိမ်မှာအသုံးပြုမယ့်ပစ္စည်းတွေကို စမတ်ဖုန်းတွေကိုအသုံးပြုပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေကြတာပါ။ Thermostats တွေဟာ ကျွန်တော်တို့လိုအပ်နေတဲ့အပူချိန်ကို စိတ်တိုင်းကျချိန်ညှိပေးနိုင်သလို၊ လုံခြုံရေးပစ္စည်းတွေကလည်း အိမ်ကိုအချိန်ပြည့်စောင့်ကြည့်ပေးနေပြီး တစ်ခုခုမသင်္ကာစရာတွေ့တာနဲ့ ကိုယ့် iPhone ကို အချက်ပေးပါလိမ့်မယ်။

ဒီ device တွေနဲ့ App တွေက မကြာမီနှစ်တွေမှာတကယ့်ကိုအသုံးတွင်ကျယ်လာဖို့ရှိနေပါတယ်။ အဲဒီ အချိန်ကြရင် Apple ရဲ့ Home Kit ဟာ အရေးပါတဲ့နေရာကနေပါဝင်လာမှာပါ။ Home automation device တွေဟာ ပိုပြီးအသုံးတွင်ကျယ်လာဖို့နဲ့ နည်းပညာအတွက်အသုံးပြုရမယ့် ကုန်ကျစရိတ်တွေ အရှိန်အဟုန်နဲ့ကျဆင်းလာဖို့ အဓိကအကြောင်းအရင်းကတော့ Sensor တွေနဲ့ Microchip တွေကို အလွယ်တကူနဲ့ အသုံးပြုလာနိုင်တဲ့အပြင် ဈေးသက်သက်သာသာနဲ့အသုံးပြုလာနိုင်လို့ပါပဲ။ အခုအချိန်ကနေစရေရင် လာမယ့်နှစ်အနည်းငယ်အတွင်းမှာကိုပဲ ကိုယ့်ကားမှာရှိတဲ့ကားဘီးတွေက လေလျော့နေပြီပြန်ဖြည့်ပါလို့သတိပေးတာမျိုးကို အလိုလျောက်လုပ်ပေးတော့မှာပါ။

Apple အရင်ကလုပ်ပြဖူးတဲ့နည်းပညာကို user-friendly ဖြစ်အောင် ပြောင်းလဲရာမှာ အင်မတန်ကျွမ်း ကျင်တဲ့ အတွေ့အကြုံကနေ Home Automation အနေနဲ့ အကျိုးအမြတ်တွေရလာဖို့ရှိပါတယ်။ လက်ရှိအချိန်မှာဆိုရင် smart gadget တွေ အများစုဟာသီးခြားဖုန်းတွေ၊ ကွန်ပျူတာတွေ၊ app တွေနဲ့အလုပ်လုပ်နေပါတယ်။ Apple အနေနဲ့ ဒါတွေအားလုံးကိုတစ်စုတစ်စည်းတည်းလုပ်ပေးရမှာပါ။ iPhone၊ iPad ၊ Apple နဲ့ TV တွေပေါ်မှာ ဘယ် Mac ပေါ်ကနေမဆိုလုပ်နိုင်ဖို့လိုပါတယ်။

Privacy နဲ့လုံခြုံရေးတွေဟာလည်းအိမ်တွေနဲ့ ပတ်သက်လာရင် အရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေတာပါပဲ။ Apple အနေနဲ့သူတို့ရဲ့ HomeKit ပါတနာတွေကို စည်းမျဉ်းအသစ်တွေထုတ်ပြန်ထားပြီး အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို စုဆောင်းတာမျိုးတွေ၊ ကြော်ငြာတွေပို့တာမျိုးတွေမလုပ်ဖို့ တင်းတင်းကျပ်ကျပ်တားမြစ်ထားပါတယ်။ ဒီ deveice တွေမှာပါဝင်နေတဲ့ Wifi နဲ့ Bluetooth တွေဟာ သူတို့ကိုယ်ပိုင်သီးခြားထုတ်လုပ်သူတွေက ထုတ်လုပ်ပေးထားတာဆိုပေမယ့် Apple အနေနဲ့ ဒါတွေကိုဝင်ရောက်စုံစမ်းလေ့လာပြီး Home Kit အသုံးပြုသူတွေကို အကာအကွယ်တွေပေးနိုင်အောင် စီစဉ်ထားတာလည်းဖြစ်ပါတယ်။

Apple အနေနဲ့ ဒီနယ်ပယ်ကိုဝင်ရောက်သင့်တဲ့အကြောင်းပြချက်နောက်တစ်ခုကတော့ လက်ရှိအချိန်မှာ အစောပိုင်းစမ်းသပ်အသုံးပြုလိုသူတွေရဲ့ငွေတွေဟာ Third Party ထုတ်လုပ်သူတွေရဲ့ လက်ထဲကို အများကြီးစီးဝင်နေပါတယ်။ တကယ်တမ်း ဒီအိုင်ဒီယာကိုပထမဦးဆုံးစတင်ခဲ့တာက Apple CEO ကြီး Steve Jobs နေနဲ့ Mac တွေကိုအိမ်တွင်းဖျော်ဖြေမှုနဲ့ ptoductivity တွေမှာ ပင်မ hub အနေနဲ့ အသုံးပြုနိုင် ဖို့ စိတ်ကူးထားတဲ့အိုင်ဒီယာပါပဲ။ လက်ရှိ Hime Kit ဟာ ဒီအိုင်ဒီယာကိုမှ အခြေတည်ပေါ်ပေါက်လာတာပါ။ လက်ရှိအချိန်မှာဆိုရင် Apple ဟာ iOS ကိုကားတွေရဲ့ information system နဲ့ ဖျော်ဖြေရေးစနစ်တွေ အတွက် CarPlay ကို ဖန်တီးနေတာမို့၊ ကားတွေတင်မကအိမ်တွေမှာပါ ဒီအိုင်ဒီယာကိုပြန်လည် အသုံးချသွားဖို့ရှိပါတယ်။

လက်ရှိသိထားသလောက်ကတော့ Apple ဟာ သူ့ကိုယ်ပိုင်အဲကွန်း၊ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်တွေ ထုတ်လုပ်သွားမယ့်အစီအစဉ်တော့ရှိပုံမရပါဘူး။ Third party တွေကပဲ ထုတ်လုပ်သွားမှာပါ။ အဓိကကတော့အခုပြုလုပ်နေတဲ့ Made for iPhone/ iPad အစီအစဉ်ပုံစံအတိုင်းပဲသွားဖို့များပါတယ်။ Apple အနေနဲ့ သူ့စနစ်နဲ့ကိုက်ညီတဲ့ device တွေကို apprive လုပ်ပေးသွားမှာဖြစ်ပြီး HomeKitကနေတဆင့် ဒီ device တွေကို ထိန်းချုပ်သွားနိုင်ဖို့အဓိကရည်ရွယ်ထားတာဖြစ်ပါတယ်။ ပြီးတော့ ဒီ product တွေကိုလည်း Apple ကနေပဲသူ့ရဲ့ Apple Store အပါအ၀င် အခြားနာမည်ကြီး Store တွေမှာရောင်းချသွားမှာပါ။ လက်ရှိထုတ်ထားတဲ့ Devige တွေအတော်များများဟာ HomeKitအမှန်တကယ်ထွက်ရှိလာပြီဆိုတာနဲ့ အလိုအလျောက်Updateလုပ်နိုင်စွမ်းလည်း ရှိကြပါတယ်။

မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment